မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဩ. ၁၅
“အခုခေတ် လူတွေဟာ အိမ်ထောင်ရေး၊ သားသမီးမွေးမြူရေးနဲ့ပတ်သက်ပြီး အရင်းအမြစ်များစွာကနေ အကြံဉာဏ်ရရှိဖို့ကြိုးစားကြတယ်။ အကောင်းဆုံးအကြံဉာဏ်ကို ဘယ်နေရာက ရရှိနိုင်မယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီလထုတ် ကင်းမျှော်စင် က လူ့ဖန်ဆင်းရှင်ပေးထားတဲ့ မိသားစုဘဝနဲ့ပတ်သက်တဲ့ ပညာရှိအကြံဉာဏ်တချို့ကို ဆွေးနွေးထားတယ်။” ဆာလံ ၃၂:၈ ကိုဖတ်ပါ။
စက်. ၈
“ဒါဟာ ဟေဗြဲလို ဘုရားသခင်ရဲ့ ကိုယ်ပိုင်နာမတော်ဖြစ်တယ်။ [မျက်နှာဖုံးကိုပြပါ။] လူတချို့က ဒီနာမတော်ကို အသံထွက်ပြီး ဘယ်တော့မှ မပြောသင့်ဘူးလို့ လက်ခံထားကြတယ်။ တချို့ကတော့ ဒီနာမတော်ကို အသုံးပြုဖို့ ဝန်မလေးကြဘူး။ ဒီလထုတ်နိုးလော့! က ဒီအငြင်းပွားမှုကို ဆန်းစစ်ပေးတယ်။ ဘုရားသခင်ကို အမည်နာမနဲ့တကွ ကျွန်တော်တို့ သိရှိလာနိုင်ပုံကိုလည်း ဆွေးနွေးထားတယ်။” ဆာလံ ၈၃:၁၈၊ ကဘ (ယေရမိ ၃၃:၂) ကိုဖတ်ပါ။
ကင်းမျှော်စင် စက်. ၁
“ကျွန်တော်တို့အားလုံး ပျော်ရွှင်ချင်ကြတယ်။ ဒီမှာဖော်ပြထားတဲ့အရာတွေက တကယ်ပဲ ပျော်ရွှင်မှုရရှိစေနိုင်တယ်လို့ မိတ်ဆွေထင်သလား။ [မဿဲ ၅:၄က၊ ၆က၊ ၁၀က ကိုဖတ်ပါ။ ထို့နောက် တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမဂ္ဂဇင်းက ကျော်ကြားတဲ့ တောင်ပေါ်ဒေသနာမှာပါတဲ့ ဒီစကားလုံးတွေရဲ့အဓိပ္ပာယ်ကို ရှင်းပြတဲ့အပြင် ပျော်ရွှင်စေတဲ့ တခြားအရာတွေကိုလည်း ဆွေးနွေးထားတယ်။”