မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဧပြီ ၁
“ကမ္ဘာ့သယံဇာတတွေကို အလွဲသုံးစားပြုပြီးဖြုန်းတီးနေတော့ ကမ္ဘာကြီးဆက်တည်ရှိပါ့မလားလို့ လူအတော်များများ တွေးပူနေကြတယ်။ ဒီကျမ်းချက်မှာ အားရှိစရာကောင်းတဲ့ကတိတစ်ခု ဖော်ပြထားတယ်။ [ဆာလံ ၁၀၄:၅ ကိုဖတ်ပါ။] ကမ္ဘာကြီးရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာဖော်ပြထားတယ်ဆိုတာကို ဒီဆောင်းပါးက ရှင်းပြပေးတယ်။” စာမျက်နှာ ၁၀ မှဆောင်းပါးကို ဖော်ပြပါ။
နိုးလော့! ဧပြီ
“လူအတော်များများက ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ဖို့ အချိန်မရှိသလောက်ဖြစ်နေကြတယ်။ မိတ်ဆွေကော အဲဒီလိုပဲဖြစ်နေသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဧဖက် ၅:၁၅-၁၇ ကိုဖတ်ပါ။] ဘုရားသခင်က သူ့အတွက် အချိန်နဲ့ခွန်အား ဘယ်လောက်ပေးဆက်ဖို့ မျှော်လင့်သလဲဆိုတာနဲ့ပတ်သက်ပြီး ကျိုးကြောင်းဆီလျော်တဲ့ ကျမ်းစာရှင်းပြချက်ကို ဒီဆောင်းပါးမှာ ဖော်ပြထားတယ်။” စာမျက်နှာ ၁၀ မှဆောင်းပါးကို ဖော်ပြပါ။
ကင်းမျှော်စင် မေ ၁
“လူအတော်များများက သူတို့မြင်နိုင်မှယုံကြည်မယ်ဆိုပြီး ယူဆကြတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုပြောထားတယ်။ [ရောမ ၁:၂၀ ကိုဖတ်ပါ။] ဖန်ဆင်းရာတွေမှာတွေ့ မြင်နိုင်တဲ့ ဘုရားသခင်ရဲ့အရည်အသွေးသုံးခုအကြောင်း ဒီဆောင်းပါးမှာ ဖော်ပြထားပြီး အဲဒီအရည်အသွေးတွေကို သိရှိလာတာက ကျွန်တော်တို့အပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်တယ်ဆိုတာကို ဆွေးနွေးထားတယ်။”
နိုးလော့! မေ
“လူအတော်များများက အနာဂတ်ကို စိုးရိမ်ကြောက်ရွံ့နေကြတယ်။ ဒါပေမဲ့ အနာဂတ်မှာဘာဖြစ်မယ်ဆိုတာ သိနိုင်အောင် ကျမ်းစာကကူညီပေးတယ်။ [ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်ပါ။] လူတွေ မဖြေရှင်းနိုင်ခဲ့တဲ့ ကြီးလေးတဲ့ပြဿနာတွေကို မကြာခင်မှာ ဘုရားသခင်ဖြေရှင်းပေးတော့မယ်ဆိုတာကို ဘာကြောင့်ယုံကြည်စိတ်ချနိုင်တယ်ဆိုတဲ့အကြောင်း ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားတယ်။”