မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် နို. ၁
“ကျမ်းစာရဲ့ ဒီအကြံပေးချက်ကို လင်ယောက်ျားနဲ့ဇနီးသည် လက်တွေ့ကျင့်သုံးမယ်ဆိုရင် အိမ်ထောင်ရေးနှောင်ကြိုးကို ခိုင်မြဲစေမယ်လို့ မိတ်ဆွေထင်သလား။ (ဧဖက် ၅:၂၈ ကိုဖတ်ပါ) ရာသက်ပန်မိတ်ဆွေတွေအနေနဲ့ သူတို့ရဲ့ဆက်ဆံရေးကို ဘယ်လိုတိုးတက်ကောင်းမွန်စေနိုင်သလဲ၊ အိမ်ထောင်ကတိကဝတ်တွေကို ဘယ်လိုတည်စေနိုင်မလဲ။ ဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ ရှင်းရှင်းလင်းလင်းဖြေထားပါတယ်။ ကျွန်တော် ထားခဲ့ပေးလို့ရမလား။”
နိုးလော့! နို.
“သမုဒ္ဒရာထဲမှာရှိတဲ့ သယံဇာတတွေဟာ ထိတ်လန့်ဖွယ်နှုန်းနဲ့ ကုန်ခန်းနေပြီဆိုတာ လူအများစုသဘောတူကြတယ်။ ဖြေရှင်းနည်းတစ်ခုခုများ ရှိမလားဆိုပြီး မိတ်ဆွေသိချင်မှာပဲ။ သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ဒီဖော်ပြချက်ကို ကျေးဇူးပြုပြီး သတိပြုကြည့်ပါ။ (မဿဲ ၆:၁၀ ကိုဖတ်ပါ) ဒီဆောင်းပါးက စိုးရိမ်ပူပန်ရတဲ့ အကြောင်းရင်းတချို့ကို သုံးသပ်ထားပြီး ဘုရားသခင်ရဲ့ဖြေရှင်းနည်းကို ပေါ်လွင်စေပါတယ်။” စာမျက်နှာ ၁၈ မှဆောင်းပါးကိုပြပါ။
ကင်းမျှော်စင် ဒီ. ၁
“လူတွေဟာ ပိုမိုကောင်းမွန်တဲ့ဘဝအသက်တာတစ်ခု ပိုင်ဆိုင်ထားပုံရတဲ့သူတွေကို တုပနေကြတယ်။ မိတ်ဆွေလည်း ပိုမိုကောင်းမွန်တဲ့ဘဝအသက်တာတစ်ခု လိုချင်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။ ပိုမိုကောင်းမွန်တဲ့ဘဝအသက်တာအတွက် တုပဖို့အကောင်းဆုံးပုဂ္ဂိုလ်က ယေရှုဖြစ်တယ်ဆိုတာ သမိုင်းဝင်ပုဂ္ဂိုလ်တော်တော်များများက သဘောတူကြတယ်။ မိတ်ဆွေကို ယေရှုနဲ့ပတ်သက်ပြီး သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးပြောခဲ့တဲ့စကားကို ကျွန်တော်ဖတ်ပြချင်တယ်။ (၁ ပေတရု ၂:၂၁ကိုဖတ်ပါ) ဒီမဂ္ဂဇင်းက ယေရှုရဲ့ထူးခြားထင်ရှားတဲ့ အရည်အသွေးတချို့ကို ဆွေးနွေးထားတယ်။ မိတ်ဆွေရဲ့ကိုယ်ပိုင်အနေနဲ့ ဒီမဂ္ဂဇင်းကို ကျေးဇူးပြု၍ယူထားပါ။”
နိုးလော့! ဒီ.
“လူတွေဟာ ဒီမေးခွန်းကို ရာစုနှစ်နဲ့ချီပြီး အလေးအနက်ထား တွေးတောလာခဲ့ကြတယ်။ (မျက်နှာဖုံးမှမေးခွန်းကို ထောက်ပြပါ။) အဓိပ္ပာယ်ပြည့်ဝတဲ့အဖြေတစ်ခုကို ဘယ်နေရာမှာ ရှာတွေ့နိုင်မယ်လို့ မိတ်ဆွေထင်သလဲ။ မိတ်ဆွေအနေနဲ့ သဘာဝလောကကို ဂရုတစိုက်လေ့လာအကဲခတ်ဖို့ အချိန်ယူမယ်ဆိုရင် အဲဒီမေးခွန်းရဲ့အဖြေတချို့ကို တွေ့ရပါလိမ့်မယ်။ ဒီဖော်ပြချက်ကို ကျေးဇူးပြု၍ သတိပြုကြည့်ပါ။ (ရောမ ၁:၂၀ ကိုဖတ်ပါ) အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကျမ်းစာကဘာပြောလဲဆိုတာ ဒီမဂ္ဂဇင်းက ဖော်ပြတယ်။”