မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် စက်တင်ဘာ ၁
“ဝတ်ပြုရေးနဲ့ပတ်သက်တဲ့ တလွဲစိတ်အားထက်သန်မှုကြောင့် တစ်ခါတစ်ရံမှာ လူတွေက မကောင်းမှုတွေလုပ်ကြတယ်။ သူတို့ဘာကြောင့် ဒီလိုလှည့်ဖြားခံနေရသလဲဆိုတာ သင် စဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့အချက်ကို သတိပြုပါ။ [၁ ယောဟန် ၄:၁ ကိုဖတ်ပါ။] ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်တွေကို သမ္မာကျမ်းစာနဲ့ နှိုင်းယှဉ်ကြည့်ဖို့ ဘာကြောင့်အရေးကြီးတယ်ဆိုတာ ဒီဆောင်းပါးမှာ ရှင်းပြထားတယ်။” စာမျက်နှာ ၁၀ မှ ဆောင်းပါးကိုပြပါ။
နိုးလော့! စက်တင်ဘာ
[စာမျက်နှာ ၁၀ မှရုပ်ပုံကိုပြပြီး] “ယေရှုလို့ခေါ်တဲ့ပုဂ္ဂိုလ်က ဒီပုံမှာမြင်ရတဲ့အတိုင်း ရက်ရက်စက်စက်ရိုက်နှက်ခံရ၊ သရော်လှောင်ပြောင်ခံရပြီး နောက်ဆုံးအသတ်ခံခဲ့ရတယ်။ ယေရှု ဘာဖြစ်လို့ အဲဒီအရာတွေကို ခံခဲ့ရတာလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ၊ ၂ ကောရိန္သု ၅:၁၄ ကိုဖတ်ပါ။] လူတွေကိုချစ်လို့ပဲ။ လူတွေအတွက် အသက်စွန့်သွားတဲ့ယေရှုကို ကျေးဇူးတင်ကြောင်း ဖော်ပြနိုင်တဲ့နည်းတွေကို ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။”
ကင်းမျှော်စင် အောက်တိုဘာ ၁
“ကိုးကွယ်တဲ့ဘာသာမတူကြပေမဲ့ ကမ္ဘာပေါ်မှာရှိတဲ့လူတွေအားလုံးက ဆုတောင်းကြတယ်။ ဘုရားသခင်က ဆုတောင်းချက်တွေကို နားထောင်ပြီး ဖြေကြားပေးတယ်လို့ထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဆုတောင်းဖို့အားပေးထားတယ်။ [ဖိလိပ္ပိ ၄:၆၊ ၇ ကိုဖတ်ပါ။] ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး လူတွေမေးလေ့ရှိတဲ့ မေးခွန်းခုနစ်ခုနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာရဲ့အဖြေကို ဒီမဂ္ဂဇင်းမှာ ဖော်ပြထားတယ်။”
နိုးလော့! အောက်တိုဘာ
“လူတွေဟာ အိမ်ထောင်ဖက်၊ နိုင်ငံရေးသမားတွေနဲ့ တခြားသူတွေရဲ့ သစ္စာဖောက်ခံရတယ်ဆိုတဲ့သတင်းကို မကြာခဏကြားနေရတယ်။ ဒါကြောင့် ယုံကြည်စိတ်ချနိုင်တဲ့လူတွေကိုတွေ့ဖို့ မလွယ်ဘူးလို့ သင်ထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီကျမ်းချက်ပြည့်စုံနေပြီဆိုတာ လူတော်တော်များများ သိထားကြတယ်။ [၂ တိမောသေ ၃:၁-၅ ကိုဖတ်ပါ။] ယုံကြည်စိတ်ချနိုင်တဲ့သူတွေကို ဘယ်မှာရှာတွေ့နိုင်တယ်ဆိုတဲ့အကြောင်း ဒီမဂ္ဂဇင်းမှာရှင်းပြထားတယ်။”