ကင်းမျှော်စင်မှာပါတဲ့ ဆောင်းပါးအသစ်
လတစ်လရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကင်းမျှော်စင် မှာပါတဲ့ “ဘုရားသခင့်စကားတော်မှ သင်ယူပါ” ဆောင်းပါးတွေကိုသုံးပြီး ကျမ်းစာသင်အံမှုတွေ စတင်ခဲ့ကြပါတယ်။ ဇန်နဝါရီလကစပြီး ဒီဆောင်းပါးတွေကို “ကျမ်းစာမေးခွန်းတွေရဲ့အဖြေ” ဆိုတဲ့ခေါင်းစဉ်နဲ့ လူထုအတွက်စာစောင်ရဲ့ နောက်ဆုံးစာမျက်နှာမှာ ဖော်ပြပါမယ်။ “ကျမ်းစာမေးခွန်းတွေရဲ့အဖြေ” ကို “ဘုရားသခင့်စကားတော်မှ သင်ယူပါ” ကိုသုံးခဲ့တဲ့နည်းအတိုင်း အမှုဆောင်လုပ်ငန်းမှာ အသုံးပြုနိုင်ပါတယ်။ (km ၁၂/၁၀ စ. ၂) အရင်ကလိုပဲ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှာ နမူနာတင်ဆက်နည်းတွေ ပါရှိမှာဖြစ်ပြီး လတစ်လရဲ့ပထမဆုံးစနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ အသုံးပြုနိုင်ပါတယ်။