အမှုဆောင်လုပ်ငန်းမှာ အသုံးတည့်တဲ့ ဆောင်းပါးတွဲ
၁။ “အိမ်ရှင်နဲ့ စကားစမြည်ပြောခြင်း” ဆောင်းပါးတွဲကို ဖော်ပြရတဲ့ ရည်ရွယ်ချက်နှစ်ခုက ဘာလဲ။
၁ လူထုအတွက် ကင်းမျှော်စင်မှာ “အိမ်ရှင်နဲ့ စကားစမြည်ပြောခြင်း” ဆောင်းပါးတွဲကို မကြာခဏ ဖော်ပြတတ်တယ်။ ဒီဆောင်းပါးတွဲကိုဖော်ပြရတဲ့ ရည်ရွယ်ချက်နှစ်ခုရှိပါတယ်။ ကျမ်းစာသွန်သင်ချက်တွေကို စိတ်ဝင်စားဖွယ်ကောင်းအောင် တင်ဆက်တတ်ဖို့နဲ့ အကြောင်းအရာတွေကို လိမ္မာပါးနပ်မှုရှိရှိ ကျိုးကြောင်းဆင်ခြင်တတ်ဖို့ဖြစ်တယ်။ (၁ ပေ. ၃:၁၅) ဒီဆောင်းပါးတွဲကို ဘယ်လိုအကျိုးရှိရှိ အသုံးပြုနိုင်မလဲ။
၂။ အမှုဆောင်မှာ အဲဒီဆောင်းပါးတွဲကို ဘယ်လိုအသုံးပြုနိုင်သလဲ။
၂ အမှုဆောင်မှာ အသုံးပြုပါ– အဲဒီဆောင်းပါးတွဲပါတဲ့ ကင်းမျှော်စင်တွေကို အပို သိမ်းထားနိုင်ပါတယ်။ အိမ်ရှင်၊ စိတ်ဝင်စားသူ၊ ကျမ်းစာသင်သားက အဲဒီဆောင်းပါးတွဲနဲ့ ဆက်နွှယ်နေတဲ့ မေးခွန်းမေးလာရင် ဒါမှမဟုတ် အကြောင်းအရာကို ပြောလာရင် အဲဒီဆောင်းပါးတွဲပါတဲ့ ကင်းမျှော်စင်ကို ပေးပြီး ဆွေးနွေးဖို့ စကားစနိုင်တယ်။ တကယ်လို့ အဲဒီဆောင်းပါးတွဲပါတဲ့ ကင်းမျှော်စင် မရှိဘူးဆိုရင် jw.org ဝက်ဘ်ဆိုက်ကနေ ကူးယူနိုင်ပါတယ်။
၃။ အဲဒီဆောင်းပါးတွဲကို အိမ်ရှင်နဲ့ ဘယ်လိုဆွေးနွေးနိုင်မလဲ။
၃ အဲဒီဆောင်းပါးတွဲကို တစ်ယောက်ယောက်နဲ့ ဘယ်လိုဆွေးနွေးနိုင်မလဲ။ တချို့က တစ်ဖက်လူကို ဆောင်းပါးပါ အိမ်ရှင်ပြောတဲ့စကားကို အသံကျယ်ကျယ်နဲ့ ဖတ်ခိုင်းပြီး သက်သေခံပြောတဲ့စကားကိုတော့ သူတို့ ဖတ်ကြတယ်။ ဆောင်းပါးကို အခုလိုဖတ်ပြီးဆွေးနွေးတာက ထိရောက်မှုရှိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ပုဂ္ဂိုလ်ရေးအရ အားနာစရာမလိုဘဲ ကိုယ့်ရဲ့ ယုံကြည်ချက်တွေကို ကိုယ်ပိုင်ဆန်းစစ်နိုင်ကြလို့ဖြစ်တယ်။—တရား. ၃၂:၂။
၄။ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ဖို့ ဒီဆောင်းပါးတွဲကို ဘယ်လိုအသုံးပြုနိုင်သလဲ။
၄ ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားသူတွေကို လေ့ကျင့်ပေးပါ– ဒီဆောင်းပါးတွေကို ဖတ်တဲ့အခါ ကျမ်းချက်တွေ၊ ဥပမာတွေနဲ့ ကျိုးကြောင်းဆင်ခြင်နိုင်တဲ့ စာကြောင်းတွေကို မှတ်ထားပါ။ အကြောင်းအရာ တင်ဆက်သွားပုံကို မှတ်သားပါ။ ပြီးတဲ့နောက် အမှုဆောင်လုပ်ငန်းမှာ အဲဒီအတိုင်း ကြိုးစားကြည့်ပါ။ (သု. ၁:၅; ၉:၉) ညီအစ်မတစ်ယောက်က ဒီလိုပြောတယ်– “အဲဒီဆောင်းပါးကို ဖတ်တဲ့အခါ ဘယ်လိုပြန်ပြောရမလဲဆိုတာ အမြဲသိတဲ့၊ အရမ်းတော်တဲ့ ရှေ့ဆောင်တစ်ယောက်ဆီကနေ သင်ယူနေရတာနဲ့ တူတယ်။”
၅။ ကျမ်းစာသင်သားတွေကို အမှုဆောင်လုပ်ငန်းအတွက် ဘယ်လို လေ့ကျင့်ပေးနိုင်မလဲ။
၅ ဆောင်းပါးတွဲမှာပါတဲ့ ဇာတ်အိမ်နမူနာကို အသုံးပြုပြီး သင့်ရဲ့ ကျမ်းစာသင်သားတွေ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ လေ့ကျင့်ပေးနိုင်ပါတယ်။ အကြောင်းအရာကို အတူတူဖတ်ပါ။ သင်သားကို သက်သေခံပြောတဲ့စကားကို ဖတ်ခိုင်းပါ။ အဲဒီနည်းနဲ့ ကျမ်းစာသင်သားတွေဟာ ကိုယ့်ရဲ့ယုံကြည်ချက်တွေကို လိမ္မာပါးနပ်စွာ ပြောပြတတ်လာပါလိမ့်မယ်။ (ကော. ၄:၆) ဒီဆောင်းပါးတွဲဟာ “အမှုတော်ကို အကုန်အစင် ပြီးမြောက်စေ” ဖို့ ယေဟောဝါဘုရား ကူညီပေးတဲ့ နည်းတွေထဲက တစ်နည်းဖြစ်ပါတယ်။—၂ တိ. ၄:၅။