နမူနာတင်ဆက်နည်းများ
ဖေဖော်ဝါရီလရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစတင်ဖို့ ခုလိုပြောနိုင်တယ်
“ကမ္ဘာပေါ်မှာတွေ့နေရတဲ့ မကောင်းမှုတွေရဲ့နောက်ကွယ်မှာ မာရ်နတ်ရှိတယ်လို့ လူအများယုံကြည်ကြတယ်။ ဒါပေမဲ့ ‘မာရ်နတ် ဘယ်လိုဖြစ်ပေါ်လာသလဲ။ ဘုရားသခင်ကပဲ သူ့ကို ဖန်ဆင်းခဲ့တာလား’ ဆိုတာတွေကိုတော့ သူတို့ ဇဝေဇဝါဖြစ်နေကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်ပါသလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမှာရေးထားတာတွေကို သတိပြုကြည့်ပါ။” ဖေဖော်ဝါရီ ၁ ကင်းမျှော်စင် ရဲ့ နောက်ကျောဖုံးကိုပြပြီး ပထမအပိုဒ်နဲ့ ညွှန်းထားတဲ့ကျမ်းချက်ကို သုံးသပ်ပါ။ မဂ္ဂဇင်းဝေငှပါ၊ ပြန်လည်ပတ်ပြီး နောက်မေးခွန်းတစ်ခုကိုဆွေးနွေးဖို့ စီစဉ်ပါ။
ကင်းမျှော်စင် ဖေဖော်ဝါရီ ၁
“ကမ္ဘာပေါ်က လူအတော်များများ အတော့်ကိုလေးစားသူတစ်ယောက်ရှိတယ်။ သူ့နာမည်က မောရှေလို့ခေါ်တယ်။ သူ့အကြောင်း ကြားဖူးပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] မောရှေက အံ့ဖွယ်တန်ခိုးတွေအများကြီး ပြနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူလည်း အမှားနဲ့မကင်းခဲ့ဘူး။ အမှားလုပ်ခဲ့တယ်ဆိုပေမဲ့ သမ္မာကျမ်းစာက မောရှေအကြောင်း ခုလိုဖော်ပြထားတယ်။ [တရားဟောရာ ၃၄:၁၀-၁၂ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက မောရှေရဲ့ အရည်အသွေးကောင်းသုံးခုနဲ့ အဲဒီအရည်အသွေးတွေကို ဘယ်လိုတုပနိုင်မလဲဆိုတာ သုံးသပ်ပြထားတယ်။”
နိုးလော့! ဖေဖော်ဝါရီ
“ဒီနေ့ခေတ်မှာ လူတွေက ပိုကောင်းတဲ့ဘဝအသက်တာရဖို့ နိုင်ငံခြားကို ပြောင်းရွှေ့လေ့ရှိတယ်။ သူတို့မျှော်လင့်ထားတာတွေကို အမြဲရရှိမယ်လို့ ထင်ပါသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] ပြောင်းရွှေ့နေထိုင်ခြင်းဆိုတာ ရှေးအချိန်ကတည်းက ရှိခဲ့ပါတယ်။ သမ္မာကျမ်းစာရဲ့ ဦးဆုံးကျမ်းမှာ ဖော်ပြထားတဲ့ ဒီဥပမာကို သတိပြုကြည့်ပါ။ [ကမ္ဘာဦး ၄၆:၅၊ ၆ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းမှာ ဒီမေးခွန်းတွေကို ဆန်းစစ်ထားတယ်။” အိမ်ရှင်ကို စာမျက်နှာ ၆ အဆုံးမှာပါတဲ့ မေးခွန်းတွေကို ပြပါ။
အောက်မေ့ရာပွဲဖိတ်ခေါ်ခြင်းကင်ပိန်းအတွက် ခုလိုပြောနိုင်တယ်
“မင်္ဂလာပါ၊ မတ် ၂၆ ရက်နေ့မှာကျင်းပမယ့် အရေးကြီးတဲ့အောက်မေ့ရာပွဲကို တက်ရောက်ဖို့ မိတ်ဆွေတို့မိသားစုကို လာဖိတ်တာပါ။ ဒါဟာ ယေရှုသေခြင်းရဲ့ နှစ်ပတ်လည်နေ့ဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးမှာ နှစ်စဉ်ကျင်းပပါတယ်။ ယေရှုရဲ့သေခြင်းက ကျွန်တော်တို့ကို ဘယ်လိုအကျိုးပြုတယ်ဆိုတာကို ရှင်းပြမယ့် ကျမ်းစာဟောပြောချက်ကို ကြားရမှာဖြစ်တယ်။ အခမဲ့ဖြစ်ပါတယ်။ ဒီဖိတ်စာမှာ စည်းဝေးပွဲကျင်းပမယ့် အချိန်နဲ့နေရာကို ဖော်ပြထားပါတယ်။”
ကင်းမျှော်စင် မတ် ၁
“ယေရှု သေဆုံးပြီး နောက်ပိုင်း ကောင်းကင်ကို ရှင်ပြန်ထမြောက်သွားတယ်ဆိုတာ လူတော်တော်များများကြားဖူးကြတယ်။ ယေရှု တကယ်ပဲထမြောက်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ ဘယ်လိုသေချာသိနိုင်မလဲ။ [တုံ့ပြန်မှုကို စောင့်ပါ။] ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းက လူသားအားလုံးအတွက် အကျိုးရှိတယ်။ [၁ ကောရိန္သု ၁၅:၂၀-၂၂ ကိုဖတ်ပါ။] ရှင်ပြန်ထမြောက်ခြင်းက ဒဏ္ဍာရီမဟုတ်ဘူးဆိုတာ ဘယ်လိုသိနိုင်တယ်ဆိုတဲ့အကြောင်း ဒီမဂ္ဂဇင်းမှာဖော်ပြထားတယ်။”
နိုးလော့! မတ်
“အခုခေတ်မှာ သားသမီးတွေကို ပြုစုပျိုးထောင်ရတာ မလွယ်ဘူးဆိုတာ မိတ်ဆွေသဘောတူပါသလား။ [တုံ့ပြန်မှုကို စောင့်ပါ။] မိဘများစွာက သမ္မာကျမ်းစာကနေ အကြံဉာဏ်ကောင်းတွေ ရရှိခဲ့ကြတယ်။ ဥပမာ၊ ဖခင်တွေအနေနဲ့ သားသမီးတွေကို ချီးမွမ်းနိုင်မယ့်အခွင့်အရေးတွေကို ရှာယူဖို့၊ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှုကို ပျိုးထောင်ပေးဖို့ ဒီကျမ်းချက်က အားပေးထားတယ်။ [ကောလောသဲ ၃:၂၁ ကိုဖတ်ပါ။] ဒီဆောင်းပါးက ဖခင်တွေကို အထောက်အကူဖြစ်စေတဲ့ အခြေခံအချက်ငါးချက်ကို ဖော်ပြထားတယ်။”