ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb05 စာ. ၃-၅
  • အုပ်ချုပ်ရေးအဖွဲ့ထံမှစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အုပ်ချုပ်ရေးအဖွဲ့ထံမှစာ
  • ၂၀၀၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • လွန်ခဲ့သောနှစ်မှပေါ်လွင်ချက်များ
    ၂၀၀၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • လွန်ခဲ့သောနှစ်မှ ပေါ်လွင်ချက်များ
    ၂၀၀၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • အုပ်ချုပ်ရေးအဖွဲ့ထံမှစာ
    ၂၀၀၄ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • အုပ်ချုပ်ရေးအဖွဲ့ ထံမှစာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နောက်ထပ် ကြည့်ပါ
၂၀၀၅ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb05 စာ. ၃-၅

အုပ်ချုပ်ရေးအဖွဲ့ထံမှစာ

ကျွန်ုပ်တို့သည် လာလတ္တံ့သောအစီအစဉ်စနစ်သစ်၏ အဝင်ဝတွင်ရောက်ရှိနေစဉ် ယေဟောဝါအား ဆက်လက်မျှော်လင့်နေရန် အရေးကြီးပါသည်။ (ဇေ. ၃:၈) ပရောဖက်ဒံယေလက ဘုရားသခင်သည် “နက်နဲသောအရာတို့ကိုဖွင့်ပြ၍ နောင်ကာလ၌ ဖြစ်လတ္တံ့သောအရာတို့ကို . . . ကြားပြောတော်မူ” သည်ဟု ဖော်ပြခဲ့၏။ (ဒံ. ၂:၂၈) ကြိုဟောထားသောကာလ၏အဆုံးပိုင်းတွင် အသက်ရှင်နေရကာ ယေဟောဝါ ယခုဖွင့်ပြနေတော်မူသည့် မြင့်မြတ်သောလျှို့ဝှက်ချက်များကို နားလည်ရခြင်းသည် တကယ့်အခွင့်ထူးပါတကား!

ယေဟောဝါသည် ဆင်းရဲဒုက္ခမြားမြောင်သော “နောက်ဆုံးကာလ” အတွင်း ဝတ်ပြုသူများဖြစ်ကြသည့် အပြည်ပြည်ဆိုင်ရာ “လူအုပ်ကြီး” ကို စုသိမ်းရန်ဟူသော မိမိ၏ရည်ရွယ်ချက်ကို ‘သစ္စာနှင့်သတိပညာရှိကျွန်’ မှတစ်ဆင့် အဆင့်ဆင့်ဖွင့်ပြတော်မူခဲ့ပြီ။ (မ. ၂၄:၄၅; ဗျာ. ၇:၉၊ ကဘ; ၂ တိ. ၃:၁၊ ကဘ) ဟေရှာယ ၂:၂၊ ၃ က ဤကမ္ဘာချီလှုပ်ရှားမှုကို “နောက်ဆုံးသောကာလ၌” တွေ့ ရှိရမည်ဟု ဖော်ပြသည်။ နှစ်စဉ် ကသောင်းကနင်းနိုင်ပြီး အကြမ်းဖက်မှုများပျံ့နှံ့နေသော ဤလောကအလယ်၌ ဤစုသိမ်းခြင်းကို ဆက်လက်တွေ့ ရှိနေရသည်။

၂၀၀၄ ပြက္ခဒိန်နှစ်အတွင်း ကျွန်ုပ်တို့သည် “စောင့်နေကြလော့၊ . . . ကိုယ်တိုင် အသင့်ရှိနေကြလော့” ဟူသော ယေရှု၏စကားကို နားထောင်ဖို့လိုကြောင်း ပို၍သိရှိခဲ့ကြသည်။ (မ. ၂၄:၄၂၊ ၄၄၊ သမ) အမှန်မှာ ကမ္ဘာပေါ်တွင်ဖြစ်ပျက်နေသောအရာများသည် “ကပ်ကာလ၏နိမိတ်လက္ခဏာတို့” ကိုပိုင်းခြားသိမြင်ကာ ယင်းနှင့်အညီတုံ့ပြန်ကြသော ခရစ်ယာန်များအတွက် အလွန်အဓိပ္ပာယ်ရှိ၏။ (မ. ၁၆:၁-၃) သီအိုကရက်တစ်နည်းလမ်းအရ ဖွဲ့စည်းထားသောမိမိ၏လူမျိုးသည် မည်သည့်ဆန့်ကျင်မှုကိုမဆို ရင်ဆိုင်ရစေကာမူ မိမိ၏စကားတော်ကို ပြည့်စုံစေသည့်အနေနှင့် သူတို့နှင့်အတူ ယေဟောဝါ ဆက်လက်ရှိတော်မူမည်ဖြစ်သည်။

နိုင်ငံတော်ကြွေးကြော်ခြင်းကို ဟန့်တားရန် သို့မဟုတ် ရပ်တန့်ရန် အချို့သူတို့ကြိုးစားသည့်ကြားမှ ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ဆက်လက်၍ သမ္မာတရားကိုဟောပြောကာ အတူတကွစုဝေးကြသည်။ (တ. ၅:၁၉၊ ၂၀; ဟေဗြဲ ၁၀:၂၄၊ ၂၅) ၂၀၀၄ ခုနှစ် ဇွန်လအတွင်း ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ အယူခံတရားရုံးတစ်ခုသည် ထိုမြို့ရှိ ယေဟောဝါသက်သေများ၏လုပ်ငန်းများကို ပိတ်ပင်ရန်နှင့် သူတို့၏တရားဝင်အသင်းအဖွဲ့ကို ဖျက်သိမ်းပစ်ရန် အောက်တရားရုံး၏ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။ သို့သော် ညီအစ်ကိုများအား အဟန့်အတားမဖြစ်စေခဲ့ချေ; သူတို့သည် မိမိတို့ထံမှ ဘုရားသခင်တောင်းဆိုထားသည့်အရာကို သိထားကာ လူထက် ကိုယ်တော်အား အုပ်စိုးရှင်အဖြစ် သာ၍နာခံကြသည်။ (တ. ၅:၂၉) ရန်လိုသောတရားစွဲဆိုမှုကို ရင်ဆိုင်ရစေကာမူ ယေဟောဝါသည် မိမိ၏ကျေးကျွန်များအား လမ်းညွှန်တော်မူမည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချကြသည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ဂျော်ဂျီယာသမ္မတနိုင်ငံ၌ ညီအစ်ကိုများသည် ပစ္စည်းဥစ္စာများဆုံးရှုံးမှုနှင့် လူအုပ်၏အကြမ်းဖက်မှုတို့ကို ခံခဲ့ရကာ မိမိတို့၏စာပေများအား မီးရှို့သည်ကို ကိုယ်တွေ့ မြင်ခဲ့ကြရသည်။ သို့သော် သူတို့တစ်ဖက်၌လုပ်သော မည်သည့်လက်နက်မျှ အထမမြောက်ခဲ့ပါ။ (ဟေရှာ. ၅၄:၁၇) ၂၀၀၄ လုပ်ငန်းတော်နှစ်အတွင်း ယေဟောဝါသက်သေများသည် ဂျော်ဂျီယာ၌ ပြန်လည်၍ တရားဝင်အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ စည်းဝေးကြီးများကို အနှောင့်အယှက်မရှိ ကျင်းပကာ နိုင်ငံအတွင်းသို့ စာပေများ လွတ်လပ်စွာဝင်ရောက်လာသည်။ ကြေညာသူနှင့် သတိရအောက်မေ့ပွဲတက်ရောက်သူ အမြင့်ဆုံးနှုန်းသစ်များကို ရရှိခဲ့ကြသည်။

ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံ၊ တာ့ခ်မင်းနစ္စတန်နိုင်ငံ၊ ရဝမ်ဒါ၊ အာမီးနီးယားနှင့် အဲရိထရိအာနိုင်ငံတို့တွင် ညီအစ်ကိုများသည် မိမိတို့၏ယုံကြည်ခြင်းအတွက် ထောင်ချခံခဲ့ကြရသည်။ နှိပ်စက်ညှဉ်းပန်းခံရသော်လည်း စုံစမ်းမှုများခံရသည့် ကျမ်းစာဆိုင်ရာ အကြောင်းရင်းကို သူတို့သိထားကြကာ ယင်းက လွတ်မြောက်မှုအတွက် ယေဟောဝါအား မျှော်ကိုးနေစဉ် သမာဓိစောင့်သိရန် သူတို့ကိုကူညီပေးသည်။—၁ ပေ. ၁:၆; ၂ ပေ. ၂:၉။

ယခင်နှစ်၏ပေါ်လွင်ချက်များကို ဖတ်ရှုကာ ၂၀၀၄ ကမ္ဘာ့မှတ်တမ်းကို ဆန်းစစ်ကြည့်သည့်အခါ သင်တို့သည် ယေဟောဝါ၏ကောင်းမြတ်မှုအတွက် ဝမ်းမြောက်ကြမည်ဖြစ်သည်။ (ဆာ. ၃၁:၁၉; ၆၅:၁၁) ဤနှစ်ချုပ်စာအုပ်က ဘုရားသခင်နှစ်သက်သည့်နည်းဖြင့် ဆက်၍လျှောက်လှမ်းနေရန် သင်တို့ကို အားရှိစေလိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။—၁ သက်. ၄:၁။

လူမျိုးအပေါင်းထံ သမ္မာတရားရောက်ရှိရန် ဆက်လက်၍ အကြီးအကျယ်ကြိုးစားနေပါသည်။ ဥပမာ၊ နားမကြားသူများနှင့် မျက်စိမမြင်သူများအား ဝိညာဉ်ရေးအရကူညီပေးရန် ဗီဒီယို၊ ဒီဗီဒီ၊ လက်ဟန်ပြစကားဖြင့် အခြားအရာများနှင့် မျက်မမြင်စာပေများကို ပြင်ဆင်ထားပြီဖြစ်သည်။ နိုင်ငံတော်ကြေညာသူများစွာသည် မိမိတို့၏အသင်းတော်ရပ်ကွက်တွင်နေထိုင်ကြသော တိုင်းတစ်ပါးသားများပြောဆိုသည့် ဘာသာစကားများကို သင်ယူခဲ့ကြသည်။

ထို့ပြင် ရောက်ရှိရန်ခက်ခဲသောရပ်ကွက်များတွင် ရာနှင့်ချီသောသီးခြားအုပ်စုများကို ဖွဲ့စည်းခဲ့ကြသည်။ ဌာနခွဲတစ်ခုတွင် ကြေညာသူ ၇,၀၀၀ ကျော်ဖြင့်ဖွဲ့စည်းထားသည့် သီးခြားအုပ်စု ၃၀၀ ကျော်ရှိသည်။ ယင်းက အသင်းတော်သစ်များအတွက် အလားအလာများစွာရှိကြောင်း ဖော်ပြနေသည်တကား! ထို့ပြင် ဤလုပ်ငန်းတော်နှစ် သတိရအောက်မေ့ပွဲတွင် တက်ရောက်သူ ၁၆,၇၆၀,၆၀၇ ထဲမှ ၁၀ သန်းကျော်သည် သက်သေခံမဟုတ်သူများဖြစ်ကြသည်။ ယင်းက ရိတ်သိမ်းရဦးမည့် ဝင်းမှည့်နေသောသီးနှံများရှိကြောင်း အခိုင်အမာညွှန်ပြချက်တစ်ခုဖြစ်၏။

ကိုယ်တော်၏ကြွယ်ဝသောကောင်းချီးနှင့် နေ့စဉ်နှင့်အမျှ ကျွန်ုပ်တို့ကို မေတ္တာပါပါဂရုစိုက်မှုတို့အတွက် ယေဟောဝါအား ကျွန်ုပ်တို့ကျေးဇူးတင်ကြပါသည်။ (သု. ၁၀:၂၂; မာလ. ၃:၁၀; ၁ ပေ. ၅:၇) ကျွန်ုပ်တို့သည် ဤ “နောက်ဆုံးသောကာလ” တွင် စည်းလုံးစွာ ရှေ့သို့ချီတက်စဉ် ယေဟောဝါကို ယုံကြည်အားကိုးကြသည်။ မည်သည့်ပြဿနာများနှင့်ပင် ရင်ဆိုင်ရစေကာမူ ကျွန်ုပ်တို့၏ ၂၀၀၅ ခုနှစ်အတွက် ဤနှစ်ချုပ်ကျမ်းချက်ကို နှလုံးသွင်းကြစို့– ‘ကူညီမစမှုကို ယေဟောဝါထံတော်မှ ငါရ၏။’ (ဆာ. ၁၂၁:၂၊ ကဘ) သင်တို့၏အကျိုးအတွက် ကျွန်ုပ်တို့၏မေတ္တာနှင့် ဆုတောင်းချက်များကို ကျေးဇူးပြု၍ စိတ်ချပါလေ။

သင်တို့၏ညီအစ်ကိုများ၊

ယေဟောဝါသက်သေတို့၏ အုပ်ချုပ်ရေးအဖွဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ