မိမိအရပ်ဒေသတွင် အလင်းဆောင်သူများ
၁ ဤနှစ်ခရိုင်စည်းဝေးပွဲကြီးကို တက်ရောက်ပြီးနောက် ကိုယ်နှင့်စပ်ဆိုင်သူတို့ရှေ့ အလင်းဆောင်သူများဖြစ်ရန် လိုအပ်နေကြောင်း ပိုမိုသဘောပေါက်နားလည်လာခဲ့ပြီ။ (မ၊ ၅:၁၄) စည်းဝေးအစီအစဉ်တွင် ကြားနာခဲ့သမျှကို ပြန်သုံးသပ်ကြည့်၍ နေ့စဉ်ဘဝအသက်တာတွင် ကြိုးစားကျင့်သုံးကြရာ စစ်မှန်သောဝတ်ပြုမှုအားဖြင့် ယေဟောဝါထံချဉ်းကပ်နီးစပ်လာရန်၊ ယေဟောဝါ၏ကတိတော်များအကြောင်းကို သူတစ်ပါးအားသိလာစေရန် များစွာအကူအညီရရှိပါသည်။
၂ သောကြာနေ့နံနက်အစီအစဉ် နိဂုံးပိုင်းတွင် ဤလောက ဆက်လက်တည်ရှိမည်လော ဟူသည့်ဝေစာအသစ်ကို ထုတ်လိုက်သည့်အခါ ကျွန်ုပ်တို့အလင်းဆောင်ရန်အခွင့်အရေး တိုးများလာပါသည်။ စနေနေ့နံနက်သရုပ်ပြခန်းများကလည်း ဤဝေစာကို မည်သို့အသုံးပြုနိုင်ကြောင်း များစွာအကူအညီပေးသည်။ ယင်းနှင့်အတူ အခြားဝေစာသုံးခုထွက်လာမည့်အကြောင်း ကြေညာချက်ကို ကြားခဲ့ရသည်။ ယင်းတို့မှာ စိတ်ဓာတ်ကျဆင်းသူများအတွက် နှစ်သိမ့်မှု၊ မိသားစုဘဝကို မွေ့လျော်ခြင်း နှင့် လောကကို အမှန်တကယ် မည်သူအုပ်ချုပ်နေသနည်းတို့ဖြစ်သည်။ အခွင့်အရေးများပေါ်လာတိုင်း ဤဝေစာများကိုအသုံးပြုနိုင်ရန် ဆောင်ယူထားဖို့ အားပေးတိုက်တွန်းခံခဲ့ရသည်။
၃ စနေနေ့မွန်းလွဲပိုင်း “ယေရှုခရစ်ပေါ်ထွန်းချိန်၌ ကယ်တင်ခြင်း” ဟောပြောချက်၏နိဂုံးတွင် ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော ဟူသည့်ကောင်းမွန်သောဘရိုရှာအသစ်ကို ထုတ်ဝေခဲ့ပါသည်။ ဒုက္ခဆင်းရဲကို ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုရသနည်း၊ ဒုက္ခဆင်းရဲ အတောသတ်မည့်အချိန် ရှိပါမည်လော၊ကျွန်ုပ်တို့သည် နောက်ဆုံးကာလတွင် အသက်ရှင်နေကြောင်း မည်သို့သိနိုင်သနည်း။ ကမ္ဘာသည် ပရဒိသုအသွင်သို့ အဘယ်နည်းဖြင့်ပြောင်းလဲသွားမည်နည်း၊ ဘုရားသခင့်ကမ္ဘာသစ်တွင် ထာဝရအသက် မည်သို့ရရှိနိုင်မည်နည်း အစရှိသောမေးခွန်းများကို လှပသောရောင်စုံရုပ်ပုံများပါ ဤဘရိုရှာအသစ်က ဖြေဆိုပေးပါလိမ့်မည်။ ဤဘရိုရှာနှင့် သင်အံမှုအသစ်များစရန် အလွန်ကောင်းသည်။
၄ “အလင်းဆောင်သူများ” ခရိုင်စည်းဝေးကြီးတွင် ရရှိခဲ့လေသမျှ ဝိညာဏခဲဖွယ်စားဖွယ်များအတွက် ကျွန်ုပ်တို့မည်မျှကျေးဇူးတင်ပါသည်တကား။ ဘုရားသခင်၏ဝိညာဏအလင်းဆောင်သူများအနေနှင့် သိရှိနားလည်လာခဲ့သမျှတို့ကို တာဝန်ကျေပွန်စွာကျင့်သုံးခြင်းအားဖြင့် စိတ်နှလုံးအပြည့်တန်ဖိုးထားလေးမြတ်မှုကို သက်သေပြရန် စိတ်ဆုံးဖြတ်ကြစို့လေ။ နေရာတိုင်းရှိသူအပေါင်းတို့အား ယေဟောဝါကိုသိရှိလာစေ၍ ကိုယ်တော်၏အမှုထမ်းနိုင်ရန် ကူညီပေးရာတွင် ဤထုတ်ဝေပေးသည့် မွန်မြတ်သောစာပေအသစ်များကို ဝီရိယစိုက်ထုတ်အသုံးပြုကြဖို့ကိုလည်း စိတ်ဆုံးဖြတ်ကြပါစို့။