“ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးကို ချစ်ကြလော့”
ဒီစကားတွေကို သမ္မာကျမ်းစာမှာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်နီးပါးခန့်က ရေးသားခဲ့တယ်။ (၁ ပေ. ၂:၁၇) ဒါပေမဲ့ ဒီစကားတွေက အခုအချိန်မှာ အရင်ကထက် ပိုလိုအပ်နေတယ်။ ဒီလောက်ကြီးမားတဲ့ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းကို ကျွန်ုပ်တို့ ဘယ်လိုချစ်နိုင်မလဲ။ မေတ္တာကင်းမဲ့တဲ့လောကမှာ ကျွန်ုပ်တို့ရဲ့မေတ္တာ မှေးမှိန်မသွားအောင် ဘယ်လိုလုပ်နိုင်မလဲ။ (မ. ၂၄:၁၂) ကျွန်ုပ်တို့၏ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံး ဗီဒီယိုကို ကြည့်ပြီး ဖော်ပြထားတဲ့မေးခွန်းတွေကို ဖြေကြည့်ပါ။
(၁) ကျွန်ုပ်တို့ဟာ ဘယ်အချိန်မှာ ညီအစ်ကိုအသင်းအပင်းဝင်အဖြစ် တရားဝင်ဖြစ်လာသလဲ။ (၂) ဘယ်လုပ်ဆောင်မှုသုံးခုကို ကမ္ဘာချီညီအစ်ကိုအသင်းအပင်းနဲ့အတူ ကျွန်ုပ်တို့လုပ်ဆောင်နေကြသလဲ။ (၃) ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုတွေက (က) အလာစကာဒေသမှာ၊ (ခ) ဥရောပဆိပ်ကမ်းကြီးတွေမှာနဲ့ (ဂ) ပီရူးနိုင်ငံရဲ့ တောတောင်တွေမှာ ဟောပြောဖို့ သန္နိဋ္ဌာန်ချထားတာကို ဘယ်လို ပြသနေကြသလဲ။ (၄) ဟောပြောခြင်းလုပ်ငန်းဟာ သာမန်အလုပ်တစ်ခုလောက်ပဲလို့ ဘာကြောင့် မယူမှတ်သင့်သလဲ။ (၅) ယေဟောဝါသက်သေတွေဟာ ဆင်းရဲဒုက္ခရောက်ချိန်တွေဖြစ်တဲ့ (က) မြေငလျင်ဖြစ်ပြီးတဲ့နောက်၊ (ခ) ဟာရီကိန်းမုန်တိုင်းတိုက်ပြီးတဲ့နောက်နဲ့ (ဂ) ပြည်တွင်းစစ်ဖြစ်နေချိန်တွေမှာ တစ်ယောက်ကိုတစ်ယောက်နှစ်သိမ့်ပေးကြပုံ၊ ကူညီထောက်မပေးကြပုံနဲ့ပတ်သက်ပြီး ဥပမာပေးပါ။ (၆) ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းကို ခွဲခြားသိသာစေတဲ့ ထင်ရှားတဲ့အမှတ်အသားကို ကျွန်ုပ်တို့အားလုံး ဘယ်လက်တွေ့ကျတဲ့နည်းတွေနဲ့ ပြသနိုင်သလဲ။ (ယော. ၁၃:၃၅) (၇) ကျွန်ုပ်တို့ရဲ့ နိုင်ငံတော်ခန်းမကို အတူတူဆောက်လုပ်တဲ့အခါ ဘာအကျိုးကျေးဇူးရရှိသလဲ။ (၈) အရှေ့ဥရောပနဲ့ ရုရှားနိုင်ငံရှိ ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုတွေဟာ ပိတ်ပင်ခံရချိန်မှာ ဘုရားသခင်နဲ့ကောင်းတဲ့ဆက်ဆံရေးရှိအောင် ဘယ်လိုလုပ်ခဲ့ကြသလဲ။ (၉) အခုအချိန်မှာ သက်သေခံများစွာဟာ စည်းဝေးကြီးတွေတက်ဖို့ ဘယ်လိုအထူးကြိုးစားအားထုတ်ခဲ့ကြသလဲ။ ဘာကြောင့်လဲ။ (၁၀) ဒီဗီဒီယိုက (က) စည်းလုံးစွာအတူတကွဝတ်ပြုမယ် (ခ) လိုအပ်တဲ့အချိန်မှာ တခြားသူတွေကိုကူညီမယ် (ဂ) အချိန်မရွေး ဘယ်နည်းနဲ့မဆို အတတ်နိုင်ဆုံး သစ္စာရှိရှိဟောပြောမယ်ဆိုတဲ့ သင့်ဆုံးဖြတ်ချက်ကို ဘယ်လို ခိုင်ခံ့စေသလဲ။ (၁၁) ဒီဗီဒီယိုကို ကျွန်ုပ်တို့ရဲ့အမှုဆောင်လုပ်ငန်းမှာ ဘယ်အချိန်၊ ဘယ်လိုအသုံးပြုနိုင်သလဲ။
ညီအစ်ကိုအသင်းအပင်းဝင်ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက ယေဟောဝါကိုချစ်လို့ဖြစ်တယ်။ ကိုယ်တော့်ကိုချစ်လို့ ကိုယ်တော့်အကြောင်း ကျွန်ုပ်တို့သင်ယူလိုကြတယ်၊ တခြားသူတွေကို သင်ပေးလိုကြတယ်။ ကိုယ်တော့်ကို ချစ်တဲ့လူတွေကို ကျွန်ုပ်တို့ချစ်ကြတယ်။ သူတို့ အကူအညီလိုအပ်တဲ့အချိန်မှာ ကူညီပေးကြတယ်၊ အဲဒီလိုလုပ်လို့ ယေဟောဝါကို ကျေးဇူးပြုနေတယ်လို့ ကျွန်ုပ်တို့ မထင်ကြဘူး။ အဲဒီအစား ညီအစ်ကိုအသင်းအပင်းဆိုတာ ကိုယ်တော့်ဆီကရတဲ့ အဖိုးတန်လက်ဆောင်အဖြစ်ရှုမြင်တဲ့အတွက် အဲဒီလိုကူညီပေးခွင့်ရလို့ ကိုယ်တော့်ကို ကျေးဇူးတင်တယ်။ မေတ္တာကင်းမဲ့တဲ့ လောကရဲ့အဆုံး နီးလာနေချိန်မှာ ကျွန်ုပ်တို့ဆက်ပြီး ညီအစ်ကိုအသင်းအပင်းတစ်ရပ်လုံးကို မေတ္တာပြနိုင်ကြပါစေ။