ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၇/၁၅ စာ. ၃၂
  • “ရုပ်ပုံတွေကို ကြည့်ပါဦး”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ရုပ်ပုံတွေကို ကြည့်ပါဦး”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဦးဆောင်နေသောကြီးကြပ်မှူးများ—ကင်းမျှော်စင်သင်တန်းမှူး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • အပိုင်း ၁။ သင်တန်းကိုင်သူ၏တာဝန်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • အသင်းတော်စာအုပ်ကြီးသင်တန်းသည် ပညာပေးဆိုင်ရာလုပ်ငန်းများကို တိုးမြှင့်ပေး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • တိမ်းယိမ်းမှုကင်းလျက် လူသူရှေ့သင့်မျှော်လင့်ချက် ကြေညာခြင်းကိုခိုင်မြဲစွာစွဲကိုင်လော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၇/၁၅ စာ. ၃၂

“ရုပ်ပုံတွေကို ကြည့်ပါဦး”

လေ့လာဖို့မဂ္ဂဇင်းအသစ်ရပြီဆိုတာနဲ့ သင့်ကိုယ်သင် ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ကို အဲဒီလို ပြောဖူးသလား။ သေချာရွေးချယ်ပြီး ထည့်သွင်းထားတဲ့ လှပတဲ့ရုပ်ပုံတွေနဲ့ ဓာတ်ပုံတွေမှာ ရည်ရွယ်ချက်တစ်ခုရှိတယ်။ အဲဒါတွေက ကျွန်ုပ်တို့ကို စဉ်းစားစေ၊ ခံစားစေတဲ့ သင်ထောက်ကူပစ္စည်းတွေပဲ။ အဲဒါတွေက အထူးသဖြင့် ကင်းမျှော်စင်သင်တန်းအတွက် ပြင်ဆင်တဲ့အခါမှာ၊ ပါဝင်ဖြေဆိုတဲ့အခါမှာ အကူအညီဖြစ်စေနိုင်ပါတယ်။

ဥပမာ၊ လေ့လာရန်ဆောင်းပါးတစ်ခုစီရဲ့ နိဒါန်းမှာပါတဲ့ ပထမဆုံးရုပ်ပုံကို ဘာကြောင့် ထည့်ထားတယ်ဆိုတာကို စဉ်းစားပါ။ အဲဒါက ဘာကို သရုပ်ဖော်တာလဲ။ ဆောင်းပါးခေါင်းစဉ် ဒါမှမဟုတ် အဓိကကျမ်းချက်နဲ့ ဘယ်လိုသက်ဆိုင်သလဲ။ တခြားရုပ်ပုံတွေကော ဆွေးနွေးနေတဲ့အကြောင်းအရာ ဒါမှမဟုတ် သင့်ဘဝနဲ့ ဘယ်လိုသက်ဆိုင်သလဲဆိုတာ စဉ်းစားကြည့်ပါ။

ကင်းမျှော်စင်သင်တန်းမှူးဟာ ညီအစ်ကိုညီအစ်မတွေ ရုပ်ပုံတစ်ပုံစီနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့၊ ရုပ်ပုံက သင်ခန်းစာနဲ့ ဘယ်လိုသက်ဆိုင်တယ် ဒါမှမဟုတ် တစ်ဦးစီချင်းအပေါ် ဘယ်လို အကျိုးသက်ရောက်တယ်ဆိုတာ ပြောပြဖို့ အခွင့်အရေးပေးမှာဖြစ်တယ်။ တစ်ခါတလေ ရုပ်ပုံစာမှာ ရုပ်ပုံနဲ့သက်ဆိုင်တဲ့စာပိုဒ်နံပါတ်ကို ဖော်ပြပေးထားတယ်။ တချို့အချိန်တွေမှာတော့ သင်တန်းမှူးက ဘယ်စာပိုဒ်မှာ ဘယ်ပုံကို ဆွေးနွေးတာက အကောင်းဆုံးဖြစ်မယ်ဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။ ဒီနည်းအားဖြင့် ဘုရားသခင့်တရားစကားတော်မှာပါတဲ့ သင်ခန်းစာတွေကို စာဖတ်သူတွေ မြင်သာလာအောင် ကူညီပေးတဲ့အရာတွေကနေ ကျွန်ုပ်တို့ အားလုံး အကျိုးအပြည့်ဝ ရရှိကြမှာဖြစ်တယ်။

ညီအစ်ကိုတစ်ယောက်က “တကယ်ကောင်းတဲ့ဆောင်းပါးတစ်ခုကို ဖတ်ပြီးနောက်မှာ ရုပ်ပုံတွေက အချိုပေါ် သကာလောင်းထားသလို ဆောင်းပါးကို ပိုစိတ်ဝင်စားစေပြီး ပိုဆွဲဆောင်မှုရှိစေတယ်” လို့ပြောတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ