သမ္မာကျမ်းစာကို သင် ဘယ်လို ရှုမြင်ပါသလဲ
ဘယ်လို ပြောမလဲ
- လူ့ဉာဏ်ပညာနဲ့ ရေးသားထားတဲ့ စာအုပ်။ 
- ဒဏ္ဍာရီပုံပြင်စာအုပ်။ 
- ဘုရားသခင့် တရားစကားတော်။ 
ကျမ်းစာအဆို
‘ကျမ်းစာစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးသားထားတယ်။’ —၂ တိမောသေ ၃:၁၆၊ ကမ္ဘာသစ် ဘာသာပြန်ကျမ်း။
သမ္မာကျမ်းစာကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ
ဘဝနဲ့ဆိုင်တဲ့ အရေးကြီးမေးခွန်းတွေအတွက် ကျေနပ်လောက်တဲ့အဖြေ။—ပညာအလိမ္မာ ၂:၁-၅။
နေ့စဉ်အသက်တာအတွက် ယုံကြည်စိတ်ချရတဲ့ လမ်းညွှန်ချက်—ဆာလံ ၁၁၉:၁၀၅။
အနာဂတ်အတွက် စစ်မှန်တဲ့မျှော်လင့်ချက်။—ရောမ ၁၅:၄။
ကျမ်းစာအဆိုကို ယုံကြည်စိတ်ချနိုင်ပါသလား
စိတ်ချနိုင်တဲ့ အကြောင်းရင်း အနည်းဆုံး သုံးခုရှိပါတယ်–
- အံ့သြဖွယ်ကောင်းလောက်အောင် ရှေ့နောက်ညီညွတ်မှု။ သမ္မာကျမ်းစာကို နှစ်ပေါင်း ၁,၆၀၀ ကျော်ကာလအတွင်းမှာ လူအယောက် ၄၀ လောက်က ရေးသားခဲ့တယ်။ သူတို့ထဲက အများစုဟာ တစ်ယောက် နဲ့တစ်ယောက် မတွေ့ဖူးကြဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နာမတော်နဲ့ အုပ်ချုပ်မှုဆိုတဲ့ အကြောင်းအရာ တစ်ခုတည်းကိုပဲ အဓိကရေးသားခြင်းအားဖြင့် ကျမ်းစာတစ်အုပ်လုံးဟာ ရှေ့နောက်ညီညွတ်ပါတယ်။ 
- ရိုးသားတဲ့ ကျမ်းရေးသူတွေ။ သမိုင်းပညာရှင်တွေဟာ ကိုယ့်လူမျိုးရဲ့ အောင်မြင်မှုတွေကိုပဲ ရေးသားလေ့ရှိပါတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာ ရေးသားသူတွေကတော့ ကိုယ်တိုင်နဲ့ ကိုယ့်လူမျိုးရဲ့ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ရေးသားခဲ့ကြပါတယ်။—၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆။ ဆာလံ ၅၁:၁-၄။ 
- ယုံကြည်စိတ်ချရတဲ့ ကြိုဟောချက်တွေ။ ရှေးခေတ်ဗာဗုလုန်မြို့ကြီး ပျက်စီးမယ့်အကြောင်း သမ္မာကျမ်းစာက နှစ်ပေါင်း ၂၀၀ ကြိုတင်ဟောခဲ့တယ်။ (မိက္ခာ ၅:၂) ဗာဗုလုန်မြို့ကြီး ဘယ်ပုံဘယ်နည်းနဲ့ ကျဆုံးသွားမယ်ဆိုတဲ့အပြင် အောင်နိုင်သူရဲ့ နာမည်ကိုတောင် ကြိုတင်ဖော်ပြခဲ့တယ်။—မဿဲ ၂:၁-၆။ - ကျမ်းစာကြိုဟောချက် အတော်များများဟာ အသေးစိတ်ကအစ ပြည့်စုံခဲ့တယ်။ ဒီအချက်က သမ္မာကျမ်းစာကို ဘုရားသခင်ရဲ့ လမ်းညွှန်မှုနဲ့ ရေးသားထားတယ်ဆိုတာ ယုံကြည်စိတ်ချစေပါတယ်။—၂ ပေတရု ၁:၂၁။ 
စဉ်းစားကြည့်ပါ
သမ္မာကျမ်းစာက သင့်ဘဝအတွက် ဘယ်လို အကျိုးဖြစ်စေနိုင်သလဲ။
အဲဒီမေးခွန်းအတွက် ကျမ်းစာအဖြေကို ဟေရှာယ ၄၈:၁၇၊ ၁၈ နဲ့ ၂ တိမောသေ ၃:၁၆၊ ၁၇ တို့မှာ ဖတ်ကြည့်ပါ။