ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကောလောသဲ ၁
  • ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ကောလောသဲ ၁:၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၅/၁၅/၁၉၉၇၊ စာ. ၃၀-၃၁

ကောလောသဲ ၁:၉

အောက်ခြေမှတ်ချက်များ

  • *

    သို့မဟုတ်၊ “ဘုရားသခင့်စွမ်းအားတော်ဖြင့်ရသော။”

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ပျော်စရာဘဝ ထာဝရ စံစားကြ၊ သင်ခန်းစာ ၂၃

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၈/၂၀၁၆၊ စာ. ၂၆

    ကင်းမျှော်စင်၊

    ၁၁/၁/၂၀၀၁၊ စာ. ၁၈

ကောလောသဲ ၁:၁၀

အောက်ခြေမှတ်ချက်များ

  • *

    ဤဘာသာပြန်ကျမ်းတွင် ‘ယေဟောဝါ’ ဟူသည့် ဘုရားသခင်၏နာမတော် ၂၃၇ ကြိမ်ပါရှိသည့်အနက်မှ တစ်ကြိမ်အပါအဝင်ဖြစ်သည်။ နောက်ဆက်တွဲ ၂ ရှု။

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ပျော်စရာဘဝ ထာဝရ စံစားကြ၊ သင်ခန်းစာ ၂၃

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၈/၂၀၁၆၊ စာ. ၂၆

    ကင်းမျှော်စင်၊

    ၁၂/၁/၂၀၀၂၊ စာ. ၁၆

    ၁၁/၁/၂၀၀၁၊ စာ. ၁၈

    ၁၁/၁/၁၉၉၉၊ စာ. ၂၀-၂၁

ကောလောသဲ ၁:၁၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၁/၁/၂၀၀၁၊ စာ. ၁၈

    ၅/၁၅/၁၉၉၁၊ စာ. ၁၆

ကောလောသဲ ၁:၁၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁/၁၅/၂၀၁၄၊ စာ. ၁၁

    ၁၀/၁/၂၀၀၂၊ စာ. ၁၈

    ၁၀/၁၅/၁၉၉၅၊ စာ. ၂၀-၂၁

    ၁/၁၅/၁၉၉၂၊ စာ. ၉-၁၀

    ထာဝစဉ်အသက်ရှင်၊ စာ. ၁၃၆

    ကျိုးကြောင်းဆင်ခြင်ခြင်း၊ စာ. ၁၅၀

ကောလောသဲ ၁:၁၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကျမ်းစာမေးခွန်းများရဲ့ အဖြေ၊ ဆောင်းပါး ၁၂၀

ကောလောသဲ ၁:၁၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ယေဟောဝါထံ ချဉ်းကပ်လော့၊ စာ. ၅၅-၅၆၊ ၂၃၂

    ပျော်စရာဘဝ ထာဝရ စံစားကြ၊ သင်ခန်းစာ ၁၅

    သွန်သင်ရာ၊ စာ. ၄၅

    ကျမ်းစာသွန်သင်ရာ၊ စာ. ၄၂

    ကင်းမျှော်စင်၊

    ၇/၁/၂၀၀၃၊ စာ. ၁၅

    အသိပညာ၊ စာ. ၃၉-၄၀

    ကျိုးကြောင်းဆင်ခြင်ခြင်း၊ စာ. ၃၅၃-၃၅၄

ကောလောသဲ ၁:၁၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၉/၁/၂၀၀၁၊ စာ. ၃၁

    ဖန်ဆင်းရှင်၊ စာ. ၈၇-၈၈

    ထာဝစဉ်အသက်ရှင်၊ စာ. ၁၉၁

    ကျိုးကြောင်းဆင်ခြင်ခြင်း၊ စာ. ၃၅၃-၃၅၄

ကောလောသဲ ၁:၁၈

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၄/၁/၂၀၀၇၊ စာ. ၂၂

ကောလောသဲ ၁:၁၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၈/၁၅/၂၀၁၁၊ စာ. ၂၄

ကောလောသဲ ၁:၂၀

အောက်ခြေမှတ်ချက်များ

  • *

    နောက်ဆက်တွဲ ၆ ရှု။

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ယေဟောဝါထံ ချဉ်းကပ်လော့၊ စာ. ၁၄၆-၁၄၇

    ကင်းမျှော်စင်၊

    ၈/၁၅/၂၀၁၁၊ စာ. ၂၄

    ၁/၁၅/၂၀၀၉၊ စာ. ၂၈-၂၉

    ၁/၁၅/၁၉၉၇၊ စာ. ၁၁

    ၁၂/၁၅/၁၉၉၄၊ စာ. ၁၁-၁၃

    ၂/၁၅/၁၉၉၁၊ စာ. ၂၁

ကောလောသဲ ၁:၂၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၂/၁၅/၁၉၉၄၊ စာ. ၁၂

ကောလောသဲ ၁:၂၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၂၁၇

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၄/၂၀၂၀၊ စာ. ၇

    ကင်းမျှော်စင်၊

    ၃/၁/၂၀၁၀၊ စာ. ၂၉

    ၄/၁/၂၀၀၁၊ စာ. ၁၁

ကောလောသဲ ၁:၂၆

အောက်ခြေမှတ်ချက်များ

  • *

    သို့မဟုတ်၊ “လောကစနစ်။”

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၂/၁၅/၁၉၉၄၊ စာ. ၁၂-၁၃

ကောလောသဲ ၁:၂၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၂/၁၅/၁၉၉၄၊ စာ. ၁၃

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။
  • ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ
  • ကမ္ဘာသစ်ဘာသာပြန်ကျမ်း ဖတ်ပါ
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ
ကောလောသဲ ၁:၁-၂၉

ကောလောသဲ

၁ ဘုရားသခင်၏ အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏ တမန်တော်ဖြစ်သော ပေါလုနှင့် ငါတို့၏ညီအစ်ကို တိမောသေသည်၊ ၂ ခရစ်တော်နှင့် တစည်းတလုံးတည်းရှိသော ကောလောသဲမြို့မှ သန့်ရှင်းသူတို့နှင့် သစ္စာရှိညီအစ်ကိုတို့ထံ စာရေးလိုက်ပါ၏။

ငါတို့၏အဖ ဘုရားသခင်ထံတော်မှ မဟာကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေ။

၃ ငါတို့သည် သင်တို့အတွက် ဆုတောင်းပေးသည့်အခါတိုင်း ငါတို့သခင် ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ၄ အကြောင်းမူကား ခရစ်တော်ယေရှုနှင့်ပတ်သက်၍ သင်တို့၏ယုံကြည်ခြင်း၊ သန့်ရှင်းသူအားလုံးအပေါ် ထားရှိသည့် သင်တို့၏ချစ်ခြင်းမေတ္တာကို ကြားသိရပါ၏။ ၅ ထိုယုံကြည်ခြင်းနှင့်မေတ္တာသည် သင်တို့အတွက် ကောင်းကင်၌ သိုထားသော မျှော်လင့်ချက်ကြောင့် ဖြစ်ပေါ်လာရ၏။ သတင်းကောင်းနှင့်ဆိုင်သော အမှန်တရားကို ပြောကြားခြင်းအားဖြင့် ဤမျှော်လင့်ချက်ကို ယခင်က သင်တို့ကြားသိခဲ့ကြ၏။ ၆ ထိုသတင်းကောင်းသည် သင်တို့ထံသို့ ရောက်ရှိလာပြီး ဘုရားသခင်၏ မဟာကရုဏာတော် အကြောင်းကို သင်တို့ကြားသိကာ တိကျမှန်ကန်စွာ သိရှိသည့်နေ့မှစ၍ သင်တို့တွင် သီးပွင့်ဖြစ်ထွန်းလျက် တိုးပွားသကဲ့သို့ ကမ္ဘာအရပ်ရပ်တွင်လည်း ထိုသို့ပင်ဖြစ်လာ၏။ ၇ ထိုအကြောင်းကို ငါတို့ချစ်သောကျွန်ချင်း ဧပဖြထံမှ သင်တို့ သင်ယူသိရှိခဲ့ကြပြီ။ သူသည် ငါတို့ကိုယ်စား ခရစ်တော်၏ သစ္စာရှိသော အမှုတော်ဆောင်ဖြစ်၍၊ ၈ သင်တို့၏ ဘုရားရေးရာမေတ္တာကိုလည်း ငါတို့အား ဖော်ပြခဲ့ပြီ။

၉ သို့ဖြစ်၍ ထိုအကြောင်းကို ငါတို့ ကြားသိသည့်နေ့မှစ၍ သင်တို့အတွက် မပြတ်ဆုတောင်းပေးပါ၏။ သင်တို့တွင် ဘုရားသခင်ထံမှရသော* သိနားလည်မှု၊ ဉာဏ်ပညာအမျိုးမျိုးရှိ၍ ဘုရားသခင့် အလိုတော်နှင့်ဆိုင်သည့် တိကျမှန်ကန်သော အသိပညာ ပြည့်ဝစေရန် တောင်းလျှောက်ပေးပါ၏။ ၁၀ သို့ဖြင့် သင်တို့သည် ယေဟောဝါ*ဘုရား၏ နှစ်သက်လက်ခံမှုကို အပြည့်အဝရရှိလျက် ကိုယ်တော်နှင့် ထိုက်တန်စွာ လျှောက်လှမ်းကြလိမ့်မည်။ တစ်ချိန်တည်းတွင် ကောင်းသောအမှုအမျိုးမျိုး၌ သီးပွင့်ဖြစ်ထွန်း၍ ဘုရားသခင်နှင့်ပတ်သက်သည့် တိကျမှန်ကန်သော အသိပညာ၌ တိုးပွားလိမ့်မည်။ ၁၁ ထိုအခါ ခံနိုင်ရည်အပြည့်ရှိ၍ ဝမ်းမြောက်စွာ စိတ်ရှည်နိုင်မည်အကြောင်း ဘုန်းကြီးသော တန်ခိုးတော်အားဖြင့် ခွန်အားပြည့်ဝကြလိမ့်မည်။ ၁၂ အလင်း၌ရှိသော သန့်ရှင်းသူတို့၏အမွေကို သင်တို့ ပါဝင်ခံစားနိုင်ရန် စီမံတော်မူသောအဖကို ကျေးဇူးတင်ပါ၏။

၁၃ ကိုယ်တော်သည် ငါတို့ကို မှောင်မိုက်တန်ခိုးအောက်မှ ကယ်နုတ်၍ ချစ်တော်မူသော သားတော်၏နိုင်ငံတော်ထဲသို့ ဆောင်သွင်းတော်မူ၏။ ၁၄ ထိုသားတော်အားဖြင့် ငါတို့သည် ရွေးနုတ်တော်မူခြင်းတည်းဟူသော အပြစ်လွှတ်ခြင်းကို ခံရ၏။ ၁၅ ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ဖန်ဆင်းရာအပေါင်းတို့တွင် သားဦးဖြစ်တော်မူ၏။ ၁၆ အကြောင်းမူကား ကောင်းကင်နှင့် မြေကြီးပေါ်တွင် ရှိသမျှသော မြင်နိုင်သည့်အရာ၊ မမြင်နိုင်သည့်အရာ ခပ်သိမ်းသည် ကိုယ်တော်အားဖြင့် ဖန်ဆင်းခံကြရ၏။ ရာဇပလ္လင်ဖြစ်စေ၊ အုပ်စိုးခြင်းဖြစ်စေ၊ အစိုးရဖြစ်စေ၊ အာဏာစက်ဖြစ်စေ အရာခပ်သိမ်းသည် ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်အတွက်လည်းကောင်း ဖန်ဆင်းခံကြရပြီ။ ၁၇ ထို့ပြင် ကိုယ်တော်သည် အရာခပ်သိမ်းတို့ထက်အလျင် ရှိနှင့်တော်မူ၏။ အရာခပ်သိမ်းတို့သည်လည်း ကိုယ်တော်အားဖြင့် တည်ရှိလာ၏။ ၁၈ ကိုယ်တော်သည် အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာတော်၏ဦးခေါင်းလည်း ဖြစ်တော်မူ၏။ အရာခပ်သိမ်း၌ အစအဦးဖြစ်တော်မူ၏။ သေခြင်းမှ ထမြောက်လာသူတို့တွင် သားဦးဖြစ်သည့်အတွက် အရာခပ်သိမ်း၌ ဦးဆုံးဖြစ်တော်မူ၏။ ၁၉ အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ တည်ရှိစေရန် အလိုရှိတော်မူ၏။ ၂၀ ညှဉ်းဆဲရာသစ်တိုင်*တွင် သွန်းလောင်းသော အသွေးတော်အားဖြင့် ငြိမ်သက်ခြင်းကို ဖြစ်စေ၍ မြေကြီးပေါ်ရှိအရာများဖြစ်စေ၊ ကောင်းကင်ပေါ်ရှိအရာများဖြစ်စေ၊ အရာခပ်သိမ်းကို သားတော်အားဖြင့် မိမိနှင့် ပြန်လည်သင့်မြတ်စေလိုတော်မူ၏။

၂၁ သင်တို့သည် တစ်ချိန်က ဆိုးညစ်သောအမှုများကို စိတ်စွဲလမ်းသောကြောင့် ဘုရားသခင်နှင့် ကင်းကွာလျက် ကိုယ်တော်၏ရန်သူများ ဖြစ်ခဲ့ကြ၏။ ၂၂ ထိုသူသည် သင်တို့ကို ဘုရားသခင်၏ရှေ့တော်၌ သန့်ရှင်း၍ အစွန်းအထင်းမဲ့လျက် အပြစ်တင်ခွင့် ကင်းလွတ်စွာ ဆက်သနိုင်ရန် လူ့ခန္ဓာကိုယ်၌ အသေခံတော်မူခြင်းအားဖြင့် ယခု ဘုရားသခင်သည် သင်တို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စေတော်မူ၏။ ၂၃ သို့ဖြစ်၍ သင်တို့ကြားသိရသော သတင်းကောင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်မှ မရွေ့လျောဘဲ ယုံကြည်ခြင်းအုတ်မြစ်ပေါ်တွင် တည်ကြည်ခိုင်မြဲခြင်းဖြင့် ဆက်၍ ယုံကြည်နေကြရမည်။ ထိုသတင်းကောင်းကို ကောင်းကင်အောက် အရပ်ရပ်ရှိလူတို့တွင် ဟောပြောခဲ့ပြီ။ ငါပေါလုသည်လည်း ထိုသတင်းကောင်းကို ဟောပြောရသော အမှုတော်ဆောင်ဖြစ်လာ၏။

၂၄ ယခုအခါ ငါသည် သင်တို့အတွက် ဆင်းရဲဝေဒနာခံရသည်ကို ဝမ်းမြောက်ပါ၏။ အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာတော်အတွက် ခရစ်တော်၏ဆင်းရဲဒုက္ခကို အပြည့်အဝ မခံရသေးဟု ငါယူမှတ်၏။ ၂၅ ငါသည် ဘုရားသခင်၏တရားစကားတော်ကို အပြည့်အဝဟောပြောနိုင်ရန် သင်တို့၏အကျိုးအတွက် ငါ၌ ဘုရားသခင်အပ်နှင်းတော်မူသော ဘဏ္ဍာစိုးအရာနှင့်အညီ ငါသည် ဤအသင်းတော်၏ အမှုတော်ဆောင်ဖြစ်လာ၏။ ၂၆ မြင့်မြတ်သောလျှို့ဝှက်ချက်ကို လွန်ခဲ့သော ခေတ်အဆက်ဆက်၊* လွန်ခဲ့သော လူမျိုးအဆက်ဆက်တွင် ဖုံးကွယ်ထားခဲ့သော်လည်း ယခုအခါ သန့်ရှင်းသူတို့ကို ဖွင့်ပြတော်မူပြီ။ ၂၇ လူမျိုးခြားတို့တွင် ထိုမြင့်မြတ်သောလျှို့ဝှက်ချက်နှင့်ဆိုင်သော ဘုန်းစည်းစိမ်သည် အဘယ်အရာ ဖြစ်ကြောင်းကို ဘုရားသခင်သည် သန့်ရှင်းသူတို့အား သိစေလိုတော်မူ၏။ ထိုလျှို့ဝှက်ချက်ကား ခရစ်တော်နှင့် သင်တို့တစည်းတလုံးတည်း ရှိခြင်းဖြစ်၍ ကိုယ်တော်နှင့်အတူ ဘုန်းဝင်စားရန် မျှော်လင့်ခြင်းကို ဆိုလို၏။ ၂၈ ငါတို့သည် ထိုအရှင်အကြောင်းကို ဟောပြောကြ၏။ ခရစ်တော်နှင့် တစည်းတလုံးတည်း ရှိသူတိုင်းကို ရင့်ကျက်ခြင်းသို့ ရောက်စေရန် ငါတို့သည် သတိပေးဆုံးမ၍ ဉာဏ်ပညာရှိသမျှနှင့် သွန်သင်ကြ၏။ ၂၉ ထို့ကြောင့် ငါသည် ရရှိထားသော ကိုယ်တော်၏ တန်ခိုးတော်အားဖြင့် ကြိုးစားအားထုတ်နေရ၏။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ