ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၉၂ စာ. ၂-၄
  • နိုဝင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုဝင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • နိုဝင်ဘာ ၉ တွင် စမည့်အပတ်
  • နိုဝင်ဘာ ၁၆ တွင် စမည့်အပတ်
  • နိုဝင်ဘာ ၂၃ တွင် စမည့်အပတ်
  • နိုဝင်ဘာ ၃၀ တွင် စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၁၁/၉၂ စာ. ၂-၄

နိုဝင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

နိုဝင်ဘာ ၉ တွင် စမည့်အပတ်

သီချင်း ၉၂

၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှု မှကြေညာချက်များ။ သီအိုကရက်တစ်သတင်းမှ ပေါ်လွင်ချက်များ။ နောက်ဆုံးထုတ်ဝေသည့်မဂ္ဂဇင်းများမှ ထူးခြားသောဆောင်းပါးများကို ပြန်သုံးသပ်ပါ။ ကျမ်းချက်တစ်ချက်ကိုဆွေးနွေးပြီးနောက် မဂ္ဂဇင်းများကို မည်သို့ဝေငှနိုင်ကြောင်း သရုပ်ပြခန်းတစ်ခုနှစ်ခုတင်ပြပါ။ နိုဝင်ဘာလ၏သာယာသောရာသီအတွင်း အခွင့်အရေးယူကာ လယ်ကွင်းလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ရန် အားပေးတိုက်တွန်းပါ။

၁၅ မိ– “မဂ္ဂဇင်းများကို ကောင်းစွာ အသုံးပြုလော့။” မေးဖြေပေးရန်။ နှစ်စဉ်ကြေးမဝေငှမီ စိတ်ဝင်စားမှု တကယ်ရှိမရှိ ဆင်ခြင်သုံးသပ်ရန်လိုကြောင်း အလေးအနက်ဖော်ပြပါ။ အပိုဒ် ၆ ကိုဆွေးနွေးသည့်အခါ မဂ္ဂဇင်းလမ်းကြောင်းကို မည်သို့ဖွင့်ပေးနိုင်ကြောင်း အကြံပြုချက်များတင်ပြပါ။ ရိုးရှင်း၍တိုက်ရိုက်ချဉ်းကပ်ပုံကို အသုံးပြုပါ။ တစ်အိမ်မှတစ်အိမ်မှတ်တမ်းကို အသေအချာရေးမှတ်ထားပါ။ လာမည့်လထုတ်များတွင် အဘယ်ဆောင်းပါးများပါမည့်အကြောင်း ဖော်ပြပြောဆိုခြင်းအားဖြင့် စိတ်ဝင်စားမှု နှိုးဆွပေးပါ။ ဆောင်းပါးများဖြေဆိုပေးမည့်မေးခွန်းများကို မေးမြန်းပါ။ နှစ်ပတ်တစ်ကြိမ် မှန်မှန်ပြန်သွားပါ။

၂၀ မိ– အကြီးမြတ်ဆုံးလူသားစာအုပ်ဖြင့် အသင်းတော်စာအုပ်ကြီးသင်တန်း ကျင်းပခြင်း။ အသင်းတော်စာအုပ်ကြီးသင်တန်းမှူးသည် ကြေညာသူ လေးငါးဦးနှင့်အတူ သင်တန်းကို မည်သို့ကျင်းပမည်အကြောင်း သရုပ်ပြ။ ဤသရုပ်ပြခန်းကို ကောင်းစွာလေ့ကျင့်ထားပြီး အောက်တိုဘာလ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုပါ ညွှန်ကြားချက်များနှင့်အညီ တင်ပြသင့်သည်။ အကြီးမြတ်ဆုံးလူသားစာအုပ်မှ အခန်း ၁၁ ကိုအသုံးပြုပါ။ ကျမ်းချက်ဖတ်သူတစ်ဦးထက်မကကိုအသုံးပြု၍ ကိုးကားထားသည့် ကျမ်းချက်အရှည်များကို ခွဲပြီးမည်သို့ဖတ်ရမည်၊ သို့မဟုတ် ကျမ်းပိုဒ်တစ်ခုလုံးကိုဖတ်ရန် အချိန်မရလျှင် အဓိကအချက်များကို မည်သို့ပေါ်လွင်စေမည်အကြောင်း သရုပ်ပြပါ။ အသုံးပြုသည့်နည်းကို ပရိသတ်အားညွှန်ပြပေးရန် သင်တန်းမှူးသည် တိုတောင်းစွာကြားဖြတ်ပြောဆိုနိုင်ပါသည်။ ပရိသတ်တွင်ရှိသူတိုင်း မိမိတို့ကိုယ်ပိုင်စာအုပ်များတွင် လိုက်ကြည့်နေသင့်သည်။

သီချင်း ၆၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၁၆ တွင် စမည့်အပတ်

သီချင်း ၇၇

၁၀ မိ– ဒေသကြေညာချက်များ။ လစဉ်စာရင်းအင်းမှတ်တမ်းကို ဖတ်ရှုပါ။ ၂ ကောရိန္သု ၉:၆၊ ၇ ကိုအခြေခံကာ ချီးမွမ်းစကားပြောဆိုပါ။ နိုဝင်ဘာလအတွင်း မဂ္ဂဇင်းနှင့်နှစ်စဉ်ကြေးများဝေငှရာတွင် ထူးခြားသောတွေ့ကြုံမှုများကို ဖော်ပြပြောဆိုရန် ကြိုတင်ပြင်ဆင်ထားသည့်ကြေညာသူများအား အသုံးပြုပါ။

၁၅ မိ– “လှုံ့ဆော်သောနိဒါန်းကို ပြုစုပျိုးထောင်လော့။” မဂ္ဂဇင်းများပါ ဆောင်းပါးများကိုအသုံးပြုကာ တင်ဆက်ပုံများကို မည်သို့ပြင်ဆင်နိုင်ကြောင်း ဆွေးနွေးသည့်ဟောပြောချက်။ ဖော်ပြပါ အကြံပြုချက်များကို သရုပ်သကန်ပေါ်စေရန် အရည်အချင်းရှိ ကြေညာသူ နှစ်ဦးသုံးဦးကို အသုံးပြုပါ။ တင်ဆက်ပုံတစ်ခုကို အသက်ငယ်သော ကြေညာသူတစ်ဦးအား သရုပ်ပြစေပါ။

၂၀ မိ– “စိတ်ဝင်စားသူများကို စိုးရိမ်စိတ်တင်ပြလော့။” ပရိသတ်နှင့် ဆွေးနွေး။ အပိုဒ် ၂ ကိုသုံးသပ်ရာတွင် ဇူလိုင် ၁ ၁၉၈၂ ကင်းမျှော်စင်၊ စာမျက်နှာ ၄-၆ မှသက်ဆိုင်ရာအချက်များကို တင်ပြပြီး သူတစ်ပါးအပေါ် စိုးရိမ်စိတ်ရှိကြောင်း ဖော်ပြရာတွင် ယေရှုကို မည်သို့အတုယူနိုင်ကြောင်း ပြောပြပါ။ တစ်အိမ်မှတစ်အိမ်မှတ်တမ်းကို မည်သို့ဖြည့်စွက်ပြီး စိတ်ဝင်စားသူများထံ ပြန်လည်ပတ်သွားရန် မည်သို့အသုံးပြုနိုင်ကြောင်း တင်ပြပေးပါ။ အကြံပြုချက်တစ်ခုခုကို တိုတိုတုတ်တုတ်ဖြင့် သရုပ်ပြပါ။ အကြံပြုထားသည့်နည်းကို အရည်အချင်းရှိကြေညာသူ သရုပ်ပြပြီးနောက် ဒေသခံရပ်ကွက်တွင် ကျမ်းစာသင်အံမှုများစရန် ထိရောက်သည့်နည်း အဘယ်ကြောင့်ဖြစ်သည်ကို ပရိသတ်အား ကောက်ချက်ချစေပါ။

သီချင်း ၈၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၂၃ တွင် စမည့်အပတ်

သီချင်း ၁၆၄

၅ မိ– ဒေသကြေညာချက်များ။ နှစ်စဉ်ကြေးပုံစံစာရွက်များကို မည်သို့ဖြည့်စွက်ပေးနိုင်ကြောင်း အတိုချုပ်ရှင်းပြပါ။ နှစ်စဉ်ကြေးများကို တာဝန်ယူလက်ခံရန် အဘယ်ညီအစ်ကို (များ) ကို ခန့်အပ်ထားကြောင်း ဖော်ပြပေးပါ။

၂၀ မိ– “စိတ်နှလုံးလှိုက်လှဲစွာ ယေဟောဝါအမှုတော်ဆောင်ရွက်ရန် သားသမီးများအား ကူညီလော့။” ပရိသတ်နှင့်ဆွေးနွေးခြင်း။ ဓမ္မအမှုဆောင်ခြင်းတွင် ပုံသက်သေကောင်းတင်ပြ၍ သားသမီးများကို ကိုယ်တိုင်လေ့ကျင့်ပေးရန် မိဘများတာဝန်ရှိကြောင်း အလေးအနက်ဖော်ပြပါ။ အကျိုးဖြစ်ထွန်းခဲ့သည့် အဘယ်အမှုများကို ပြုမူခဲ့ကြောင်း မိဘတစ်ဦးနှစ်ဦးအား ခေါ်မေးပါ။ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင်အသုံးပြုနိုင်ရန် ကျမ်းစာမှအကြောင်းတစ်ခုကို မိမိကလေးနှင့် မည်သို့ပြင်ဆင်ခဲ့ကြောင်း မိဘတစ်ဦးအား သရုပ်ပြစေပါ။ နောက်ဆုံးတွင် လူငယ်ကလေးတစ်ဦးအား အကြံပြုထားသည့်ဆွေးနွေးခန်းတစ်ခုကို သရုပ်ပြစေပါ။

၁၀ မိ– မေးခွန်းသေတ္တာ။ ပရိသတ်နှင့်ဆွေးနွေး။ နှစ်ခြင်းမခံယူရသေးသောကြေညာသူများအဖြစ် အရည်အချင်းရှိနိုင်ရန် အကျင့်ကောင်းဖို့နှင့် လယ်ကွင်းဓမ္မအမှု၌ ပါဝင်လိုစိတ်ရှိရန် အဘယ်ကြောင့်အရေးကြီးကြောင်း အလေးအနက်ဖော်ပြပါ။

၁၀ မိ– ငယ်ရွယ်သောကြေညာသူများထံမှ တင်ပြပြောဆိုစရာအကြောင်းများ။ နှစ်ခြင်းမခံရသေးသောကြေညာသူများအဖြစ်သို့ မည်သို့ရောက်ရှိလာခဲ့ကြောင်းနှင့် လယ်ကွင်းလုပ်ငန်းတွင် သူတို့အဘယ်ကြောင့် ပျော်ရွှင်ကြပြီး ပိုမိုပါဝင်လိုကြောင်းကို ကြိုတင်ပြင်ဆင်ထားသည့် ငယ်ရွယ်သောသူအချို့အား စကားပြောဆိုခွင့်ပေးပါ။ လူတွေ့ခေါ်မေးမြန်းခံရသူများသည် ကိုယ်ပိုင်အပြုသဘောပါအဖြစ်အပျက်များအကြောင်း ပြောဆိုတင်ပြသင့်သည်။ သူတို့အား နှုတ်တိုက်သွန်သင်ထားသည့်စကားများကို ပြန်ရွတ်ဆိုနေခြင်းမဖြစ်သင့်ပါ။

သီချင်း ၂၂၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

နိုဝင်ဘာ ၃၀ တွင် စမည့်အပတ်

သီချင်း ၄၆

၅ မိ– ဒေသကြေညာချက်များ။ ဒီဇင်ဘာနှင့်ဇန်နဝါရီတွင် ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်များကြောင့် အချိန်အနည်းငယ်ပိုရတတ်သဖြင့် အရန်ရှေ့ဆောင်ဖို့အခွင့်အလမ်းကို ရှာယူကြရန် အားပေးတိုက်တွန်းပါ။

၁၅ မိ– Reasoning စာအုပ်၊ စာမျက်နှာ ၅၈-၆၄ ကိုအခြေခံသည့် “သမ္မာကျမ်းစာ” အကြောင်းဟောပြောပါ။ ကျွန်ုပ်တို့ဘဝအသက်တာတွင် ကျမ်းစာကျင့်စဉ်များကို ကျင့်သုံးခြင်းအားဖြင့် ကိုယ်တိုင်ရရှိသည့်အကျိုးများကို ပေါ်လွင်စေပါ။

၁၅ မိ– အကြီးမြတ်ဆုံးလူသားစာအုပ်ကို လယ်ကွင်းတွင် အသုံးပြုခြင်း။ ဟောပြော၍ သရုပ်ပြပါ။

၁၀ မိ– “မိမိအရပ်ဒေသတွင် အလင်းဆောင်သူများ။” ဒေသခံရပ်ကွက်၌ ထုတ်ဝေခဲ့သော စာပေအသစ်များကို အသုံးပြုနိုင်သည့်နည်းအမျိုးမျိုးကို တင်ပြပါ။

သီချင်း ၁၁၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ