မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇန်. ၁၅
“လူများစွာဟာ ဝတ်ပြုကိုးကွယ်ရာမှာ ရုပ်တုဆင်းတုတွေကိုအသုံးပြုကြတယ်။ အဲဒီလိုအရာဝတ္ထုတွေမှာ ကယ်တင်နိုင်တဲ့တန်ခိုးရှိတယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] စစ်မှန်တဲ့ဘုရားသခင်က ကျွန်တော်တို့အတွက် လုပ်ပေးမယ့်အရာကို ကျေးဇူးပြု၍သတိပြုပါ။ [ဗျာဒိတ် ၂၁:၃၊ ၄ ဖတ်။] တကယ့်ပုဂ္ဂိုလ်ဖြစ်တဲ့ ဘုရားတစ်ဆူကသာလျှင် အဲ့ဒါကိုအထမြောက်စေနိုင်တယ်။ ဒီမဂ္ဂဇင်းက ကိုယ်တော်ဟာဘယ်သူလဲ၊ ကိုယ်တော်ကို ယုံကြည်အားကိုးခြင်းကနေ ကျွန်တော်တို့ ဘယ်လိုအကျိုးရရှိနိုင်သလဲဆိုတာကို ဖော်ပြပါတယ်။”
နိုးလော့! ဇန်. ၂၂ [လိပ်]
“ကျွန်တော်တို့မှာ နေစရာအိမ်တစ်လုံးရှိတာကို ပေါ့ပေါ့တန်တန်ပဲသဘောထားကြမှာပါ။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဒုက္ခသည်သန်းပေါင်းများစွာဟာ ခိုကိုးရာမဲ့ လှည့်လည်နေကြရပြီး သူတို့ရှာနေတဲ့လုံခြုံမှုကို ဘယ်တော့မှမတွေ့ကြဘူး။ နိုးလော့! မဂ္ဂဇင်းက ဒီပြဿနာ ဘာကြောင့်ရှိနေရတယ်ဆိုတာနဲ့ တစ်နေ့ လူတိုင်းမှာ ကိုယ်ပိုင်အိမ်တစ်လုံးစီရှိကြမယ်ဆိုတဲ့ ကျမ်းစာကတိတော်ကို ဆန်းစစ်ပေးပါတယ်။”
ကင်းမျှော်စင် ဖေ. ၁
“ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာအများကြီးရှိပါတယ်။ ဒါပေမဲ့ စိတ်ညစ်ညမ်းမှုအကြောင်း မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာက ကာယရေးနဲ့ဝိညာဉ်ရေးနှစ်ခုစလုံး သန့်ရှင်းမှုရှိခြင်းရဲ့အရေးကြီးမှုကို အလေးပေးဖော်ပြပါတယ်။ [၂ ကောရိန္သု ၇:၁ ဖတ်။] ဒီအချက်အလက်များဟာ အထောက်အကူဖြစ်ပြီး လက်တွေ့ကျတယ်ဆိုတာကို မိတ်ဆွေတွေ့ရမှာသေချာတယ်။”
နိုးလော့! ဖေ. ၈ [လိပ်]
“များသောအားဖြင့် အိမ်ထောင်တွေဟာ အစပိုင်းမှာသာယာပေမဲ့ အများအပြားပြိုကွဲနေကြတာကို မိတ်ဆွေတွေ့ခဲ့ရမှာပါ။ ဒီ နိုးလော့! စာစောင်က အိမ်ထောင်ကို တည်မြဲပြီးပျော်ရွှင်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာနဲ့ပတ်သက်တဲ့ သမ္မာကျမ်းစာရဲ့ရှုမြင်ပုံကို ဆွေးနွေးထားလို့ မိတ်ဆွေကိုဝေငှချင်ပါတယ်။”