ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၀၈ စာ. ၂
  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လုပ်ငန်းတော်စည်းဝေးအစီအစဉ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇန်နဝါရီ ၁၄ တွင် စမည့်အပတ်
  • ဇန်နဝါရီ ၂၁ တွင် စမည့်အပတ်
  • ဇန်နဝါရီ ၂၈ တွင် စမည့်အပတ်
  • ဖေဖော်ဝါရီ ၄ တွင် စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၁/၀၈ စာ. ၂

လုပ်ငန်းတော်စည်းဝေးအစီအစဉ်

ဇန်နဝါရီ ၁၄ တွင် စမည့်အပတ်

သီချင်း ၄၁

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။ စာမျက်နှာ ၈ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကိုအသုံးပြု၍ ဇန်နဝါရီ ၁ ကင်းမျှော်စင် နှင့် ဇန်နဝါရီ နိုးလော့! ဝေငှပုံကို သရုပ်ပြပါ။ “တိုက်နယ် စည်းဝေးပွဲအစီအစဉ်သစ်” ကိုဆွေးနွေးပါ။ တိုက်နယ်စည်းဝေးပွဲ၏ရက်စွဲကို သိမည်ဆိုလျှင် ကြေညာပေးပါ။

၁၅ မိ– “သင့်အချိန်ကို ဓမ္မအမှုလုပ်ငန်းတွင် အကျိုးရှိစွာအသုံးပြုပါ။”a လယ်ကွင်းလုပ်ငန်းတွင် အုပ်စုကိုဦးဆောင်ရာ၌ ပုံသက်သေကောင်းသော ညီအစ်ကိုတစ်ဦးကို လူတွေ့မေးမြန်းပါ။ သူသည် အုပ်စုကိုဦးဆောင်နိုင်ရန် အဘယ်ပြင်ဆင်မှုများ ပြုလုပ်ပြီး ဓမ္မအမှုတွင် အချိန်ကို မည်သို့အကျိုးရှိစွာအသုံးပြုသနည်း။

၂၀ မိ– “သင်တို့စကားသည် ဆားအားဖြင့်ငန်သောအရသာနှင့် ပြည့်စုံ . . . ပါစေ။”b အပိုဒ် ၂ ကိုဆွေးနွေးစဉ် ယောဟန် ၄:၇-၁၅၊ ၃၉ ကိုဖတ်ပါ။

သီချင်း ၈၅

ဇန်နဝါရီ ၂၁ တွင် စမည့်အပတ်

သီချင်း ၂၁၅

၁၀ မိ– ဒေသကြေညာချက်များ။ ဖေဖော်ဝါရီလတွင် ဝေငှမည့်စာပေကို ဖော်ပြပြီး သရုပ်ပြတစ်ခု တင်ဆက်ပါ။ “အထူးစည်းဝေးပွဲနေ့ အစီအစဉ်သစ်” ကိုဆွေးနွေးပြီး အထူးစည်းဝေးပွဲနေ့၏ရက်စွဲကို သိမည်ဆိုလျှင် ကြေညာပေးပါ။

၁၀ မိ– ကျမ်းစာကို နေ့စဉ်စေ့စေ့ ကြည့်ရှုခြင်း စာအုပ်ကို သင်အသုံးပြုနေသလော။ ၂၀၀၈—ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုခြင်းစာအုပ်၏ ကျမ်းဦးစကားကို အခြေခံ၍ ဟောပြောပြီး ပရိသတ်နှင့်ဆွေးနွေးပါ။ ကျမ်းချက်နှင့်မှတ်ချက်များကို နေ့စဉ်သုံးသပ်ရန် အချိန်ယူခြင်း၏တန်ဖိုးကို ဆွေးနွေးပါ။ ကျမ်းချက်ကိုနေ့စဉ်သုံးသပ်ရန် မည်သို့အစီအစဉ်ဆွဲထားကြောင်းနှင့် မည်သို့အကျိုးခံစားရကြောင်း မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ မှတ်ချက်တစ်ခု၊ နှစ်ခုကို ကြိုတင်ပြင်ဆင်ထားနိုင်သည်။ ၂၀၀၈ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်ကို အတိုချုပ်ဆွေးနွေးပါ။

၂၅ မိ– “သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံလော့။”c (အပိုဒ် ၁-၁၀) လုပ်ငန်းတော်ကြီးကြပ်မှူး ကိုင်တွယ်ရန်။ အလွန်အလုပ်များသော်လည်း သို့မဟုတ် ကျန်းမာရေးမကောင်းသော်လည်း လွန်ခဲ့သောနှစ်တွင် အရန်ရှေ့ဆောင်လုပ်ခဲ့သော ကြေညာသူတစ်ဦး၊ နှစ်ဦးကို လူတွေ့မေးမြန်းပါ။ သူတို့ မည်သို့လုပ်ဆောင်နိုင်ခဲ့ကြသနည်း။ အဘယ်ရွှင်လန်းမှု ခံစားခဲ့ရသနည်း။ အပိုဒ် ၇ ကိုဆွေးနွေးစဉ် မတ်၊ ဧပြီနှင့် မေလများအတွင်း လယ်ကွင်းလုပ်ငန်းအတွက်စုဆုံမှု အစီအစဉ်များကို ဖော်ပြပါ။

သီချင်း ၁၇၇

ဇန်နဝါရီ ၂၈ တွင် စမည့်အပတ်

သီချင်း ၅၂

၁၀ မိ– ဒေသကြေညာချက်များ။ ဇန်နဝါရီလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ မေးခွန်းသေတ္တာကို ဆွေးနွေးပါ။

၂၀ မိ– “သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံလော့။”d (အပိုဒ် ၁၁-၁၇) အောက်မေ့ရာပွဲ အထူးဖိတ်စာရရှိနိုင်ပါက အပိုဒ် ၁၄ ကိုဆွေးနွေးစဉ် ပရိသတ်ယောက်တိုင်းကို တစ်စောင်စီပေးပါ။ ရပ်ကွက်တွင် ဖိတ်စာဝေငှမည့်အစီအစဉ်များကို ဖော်ပြပါ။

၁၅ မိ– “ကျမ်းစာသင်သားများအား နိုင်ငံတော်သတင်းကောင်း ကြေညာသူများဖြစ်လာရန် ကူညီပေးပါ။”e အချိန်ရသရွေ့ ကိုးကားထားသောကျမ်းချက်များကို မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါ။

သီချင်း ၂၂

ဖေဖော်ဝါရီ ၄ တွင် စမည့်အပတ်

သီချင်း ၁၆၁

၁၀ မိ– ဒေသကြေညာချက်များ။ ဖေဖော်ဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်နှင့် ဖေဖော်ဝါရီလထုတ် နိုးလော့! ကိုအခြေခံပြီး ပရိသတ်နှင့်ဆွေးနွေးပါ။ မဂ္ဂဇင်းတစ်စောင်စီကို အတိုချုပ်သုံးသပ်ပြီးနောက် အဘယ်ဆောင်းပါးများကို ရပ်ကွက်ရှိလူတို့ ကြိုက်နှစ်သက်နိုင်ကြောင်း၊ အဘယ်ကြောင့် ကြိုက်နှစ်သက်နိုင်ကြောင်း ပရိသတ်ကိုမေးပါ။ သူတို့တင်ဆက်ရန် ကြံရွယ်ထားသည့် ဆောင်းပါးများမှ သတ်သတ်မှတ်မှတ်အချက်များကို ဖော်ပြရန် ဖိတ်ခေါ်ပါ။ စကားစမြည်စတင်ပြောနိုင်ရန် အဘယ်မေးခွန်းမေးနိုင်သနည်း။ ထို့နောက် ဆောင်းပါးထဲမှ မည်သည့်ကျမ်းချက်ကို ဖတ်ပြနိုင်သနည်း။ ထိုကျမ်းချက်ကို ဆောင်းပါးနှင့်မည်သို့ဆက်စပ်ပေးနိုင်သနည်း။ စာမျက်နှာ ၈ မှ နမူနာတင်ဆက်နည်းများကို အသုံးပြုလျက် မဂ္ဂဇင်းတစ်စောင်စီကို မည်သို့ဝေငှနိုင်ကြောင်း သရုပ်ပြပါ။

၁၀ မိ– ဒေသလိုအပ်ရာများ။

၂၅ မိ– “သင်ရွှေ့ဆိုင်းနေသလော။” အကြီးအကဲတစ်ဦးကိုင်တွယ်ရန်။

သီချင်း ၄

[အောက်ခြေမှတ်ချက်များ]

a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

d အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

e အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ