မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဖေ. ၁၅
“မိတ်ဆွေရဲ့အသက်တာကို ဘယ်လိုအကောင်းဆုံးနည်းနဲ့ လမ်းညွှန်ပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချရမယ်ဆိုတာကို စဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ရွှေပညတ်လို အကောင်းဆုံးလမ်းညွှန်မှုတချို့ကို သမ္မာကျမ်းစာထဲမှာတွေ့ရတယ်။ [မဿဲ ၇:၁၂ ကိုဖတ်ပါ။] တခြားအဘယ်ဘုရားရေးရာမူတွေက ကျွန်တော်တို့ကို တိုက်ရိုက်အကျိုးပြုနိုင်သလဲ။ အဖြေကို ဒီမဂ္ဂဇင်းထဲမှာ မိတ်ဆွေတွေ့ရမှာဖြစ်တယ်။”
နိုးလော့! ဖေ. ၂၂ [လိပ်]
“အလုပ်ခွင်များစွာမှာ အန္တရာယ်တွေပိုများလာတာကို မိတ်ဆွေသတိပြုမိလိမ့်မယ်။ အဲဒီနေရာတွေကို ပိုပြီးလုံခြုံမှုရှိအောင် လုပ်ဆောင်နိုင်ပုံနဲ့ပတ်သက်တဲ့ အကြံဉာဏ်ကောင်းတွေ ဒီမဂ္ဂဇင်းထဲမှာပါတယ်။ ဒီအပြင် ကျွန်တော်တို့ရဲ့ကောင်းကျိုးချမ်းသာဟာ ကျွန်တော်တို့မှာ လောကီအလုပ်နဲ့ပတ်သက်ပြီး မျှတတဲ့အမြင်ရှိမရှိဆိုတာနဲ့ ဆက်စပ်ကြောင်းကိုလည်း ဖော်ပြတယ်။ ကျေးဇူးပြု၍ မိတ်ဆွေဖတ်ကြည့်ပါ။”
ကင်းမျှော်စင် မတ်. ၁
“ဒီကနေ့ ဖြစ်ပျက်နေတဲ့အရာအားလုံးကြောင့် ကျွန်တော်တို့အများစုဟာ အနာဂတ်မှာ ဘယ်လိုဖြစ်ပျက်လာမယ်ဆိုတာကို စဉ်းစားနေကြတယ်။ ကျော်ကြားတဲ့ဆုတောင်းချက်တစ်ခုမှာ ယေရှုခရစ်က အနာဂတ်ကို ယုံကြည်စိတ်ချမှုနဲ့ ရှုမျှော်နိုင်တဲ့အကြောင်းရင်းကို ဖော်ပြခဲ့တယ်။ [မဿဲ ၆:၉၊ ၁၀ ကိုဖတ်ပါ။] လူတွေဟာ ရှေးအချိန်ကလုပ်ခဲ့တဲ့အမှားတွေကို ထပ်ခါထပ်ခါလုပ်နေကြတယ်။ ဒါပေမဲ့ အဲဒီအချိန်က ဘုရားအမှုတော်ထမ်းဆောင်ခဲ့တဲ့သူတွေမှာ ပျော်ရွှင်တဲ့အနာဂတ်ရှိခဲ့တယ်။ ကျွန်တော်တို့မှာလည်း ဘယ်လိုရှိနိုင်တယ်ဆိုတာကို ဒီမဂ္ဂဇင်းကဖော်ပြပါတယ်။”
နိုးလော့! မတ်. ၈ [လိပ်]
“သမ္မာကျမ်းစာက ကောင်းမွန်တဲ့ပညာရေးရဲ့ အရေးပါမှုကို အလေးပေးဖော်ပြတယ်။ [သုတ္တံ ၂:၁၀၊ ၁၁ ကိုဖတ်ပါ။] ကျွန်တော်တို့အများစုဟာ ကလေးတွေအတွက် အရည်အချင်းရှိတဲ့ဆရာ/မတွေရှိဖို့ ဘယ်လောက်အရေးကြီးသလဲဆိုတာ သဘောပေါက်ကြတယ်။ နိုးလော့! က ဆရာ/မတွေရဲ့အရေးကြီးတဲ့အခန်းကဏ္ဍ၊ သူတို့ရဲ့အနစ်နာခံမှုကို ကျွန်တော်တို့ လေးမြတ်သင့်ပုံနဲ့ သူတို့အခက်ကြုံတဲ့အခါ အကူအညီပေးဖို့ မိဘများလုပ်ဆောင်နိုင်တဲ့အရာကို ပေါ်လွင်စေပါတယ်။”