မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဧပြီ ၁၅
“ဘယ်နေရာမှာပဲနေနေ လူတွေဟာ အလုပ်ကောင်းတစ်ခုရထားခြင်း အစရှိတဲ့လုံခြုံမှုကို စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ မိတ်ဆွေကို ထာဝစဉ်လုံခြုံမှုပေးနိုင်တဲ့အရာတစ်ခုရှိတယ်ဆိုတာ စဉ်းစားဖူးသလား။ [ဆာလံ ၁၆:၈၊ ၉ ဖတ်။] ဒီလထုတ် ကင်းမျှော်စင် က စစ်မှန်တဲ့လုံခြုံမှုရရှိနိုင်တဲ့နေရာကို ဆန်းစစ်တင်ပြထားပါတယ်။”
နိုးလော့! ဧပြီ ၂၂ [လိပ်]
“ယနေ့လူအများဟာ ဘုရားသခင်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ဝတ်ပြုဖို့ ဖွဲ့စည်းထားတဲ့ဘာသာတရားကို စွန့်ခွာနေကြတယ်။ အဲဒီလမ်းစဉ်နဲ့ပတ်သက်ပြီး မိတ်ဆွေဘယ်လိုယူဆသလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဘုရားသခင်ကို ကျွန်တော်တို့ဝတ်ပြုပုံဟာ ဘုရားသခင်အတွက် တကယ်အရေးပါတယ်လို့ သမ္မာကျမ်းစာကဖော်ပြတယ်။ [ယောဟန် ၄:၂၄ ဖတ်။] ဒီလထုတ် နိုးလော့! က မိတ်ဆွေရဲ့ဝိညာဏလိုအပ်ရာကိုဖြည့်စွက်ပေးဖို့ အကောင်းဆုံးနည်းလမ်းကို ဖော်ပြပေးတယ်။”
ကင်းမျှော်စင် မေ ၁
“အသည်းအသန်ဖျားနာနေတဲ့သူ ဒါမှမဟုတ် မသန်မစွမ်းဖြစ်နေတဲ့သူတစ်ဦးဦးကို မိတ်ဆွေသိသလား။ အဲလိုလူတွေ အားပေးမှုလိုအပ်တယ်ဆိုတာကို မိတ်ဆွေသဘောတူမှာသေချာတယ်။ ဒါပေမဲ့ သူတို့ကိုအားပေးဖို့ ကျွန်တော်တို့ဘာပြောနိုင်သလဲ။ သမ္မာကျမ်းစာက မျှော်လင့်ချက်စကားလုံးတွေကို ဖော်ပြပေးတယ်။ [ဟေရှာယ ၃၅:၅၊ ၆ ဖတ်။] ဒီလထုတ် ကင်းမျှော်စင် က ဒီပရောဖက်ပြုချက်ပြည့်စုံလာလိမ့်မယ်လို့ ကျွန်တော်တို့ ဘာကြောင့်ယုံကြည်စိတ်ချနိုင်သလဲဆိုတာ ရှင်းပြပေးတယ်။”
နိုးလော့! မေ ၂၂ [လိပ်]
“လွန်ခဲ့တဲ့နှစ်အတွင်းမှာ ငြိမ်းချမ်းရေးဟာ တစ်ခါနဲ့မှမတူအောင် ဘေးသင့်မယ့်အခြေအနေရှိခဲ့တယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးရရှိအောင် လူ့အစိုးရတွေလုပ်ပေးနိုင်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုရပြီးနောက် ဟေရှာယ ၂:၄ ဖတ်။] ဒီလထုတ် နိုးလော့! က မကြာခင် ကမ္ဘာ့ငြိမ်းချမ်းရေးအမှန်တကယ်ရရှိမယ်ဆိုတာကို ဘာကြောင့်စိတ်ချနိုင်ကြောင်း ရှင်းပြပေးတယ်။”