မဂ္ဂဇင်းများနှင့်ပတ်သက်၍ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဧပြီ ၁၅
“ကောင်းစွာပြောဆိုဆက်သွယ်ခြင်းဟာ ပျော်ရွှင်တဲ့မိသားစုဘဝအတွက် အရေးပါတဲ့အချက်တစ်ချက်ပဲဆိုတာ လူတိုင်းလိုလိုလက်ခံကြပေမဲ့ ကောင်းစွာပြောဆိုဆက်သွယ်ဖို့ လူအများ အခက်တွေ့ကြရတယ်။ အဲဒီလို ဘာကြောင့်ဖြစ်တယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဆက်သွယ်ခြင်းစွမ်းရည်ကို တိုးတက်စေတဲ့ အကြံပြုချက်တွေကို ဒီမဂ္ဂဇင်းက ဖော်ပြပေးတယ်။” ယာကုပ် ၁:၁၉ ကိုဖတ်ပါ။
ကင်းမျှော်စင် မေ ၁
“ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူသန်းပေါင်းများစွာဟာ ဆင်းရဲနွမ်းပါးမှုရဲ့ စိတ်မချမ်းမြေ့စရာအကျိုးဆက်တွေကို ခံစားကြရတယ်။ သူတို့ကိုကူညီဖို့ ဘယ်အရာလုပ်ပေးနိုင်တယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ၁ ပေတရု ၂:၂၁ ကိုဖတ်ပါ။] ဆင်းရဲနွမ်းပါးသူတွေအတွက် စိုးရိမ်ကြောင့်ကြမှုပြရာမှာ ယေရှုရဲ့ပုံသက်သေကို ဘယ်လိုတုပနိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းက ရှင်းပြတယ်။”
နိုးလော့! မေ
“ကျွန်တော်တို့ ဘာကြောင့်အိုမင်းရတယ်ဆိုတာ မိတ်ဆွေ စဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီလထုတ် နိုးလော့! မှာ အိုမင်းခြင်းဖြစ်စဉ်နဲ့ပတ်သက်တဲ့ လက်ရှိအယူအဆတွေထဲကတချို့ကို ဆန်းစစ်ထားတယ်။ ကျွန်တော်တို့ အိုမင်းရတဲ့အကြောင်းရင်းနဲ့ပတ်သက်တဲ့ ကျမ်းစာရှင်းလင်းချက်က အဆုံးမဲ့အသက်တာကို မွေ့လျော်ခံစားနိုင်အောင် ကျွန်တော်တို့အတွက် ဘုရားသခင် ဘယ်လိုစီစဉ်ထားတယ်ဆိုတာ ဖော်ပြပေးတယ်။” ဟေရှာယ ၂၅:၈ ကိုဖတ်ပါ။
နိုးလော့! မေ
“မျက်မှောက်ခေတ်မှာ အောင်မြင်မှုရရှိဖို့ ရန်လိုတတ်သူဖြစ်ရမယ်လို့ လူတချို့ ယူဆကြတယ်။ အဲဒီယူဆချက်နဲ့ တခြားစီဖြစ်တဲ့ ယေရှုရဲ့အကြံပြုချက်ကို သတိပြုကြည့်ပါ။ [မဿဲ ၅:၅၊ ၉ ကိုဖတ်ပါ။] ဒီအကြံပြုချက်ကို မိတ်ဆွေသဘောတူပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အသင့်အတင့်နေထိုင်ခြင်းရဲ့ အကျိုးကျေးဇူးသုံးခုကို ဒီမဂ္ဂဇင်းက ပေါ်လွင်စေပါတယ်။” စာမျက်နှာ ၂၁ တွင်အစပြုသည့် ဆောင်းပါးကို ဖော်ပြပါ။