မဂ္ဂဇင်းများနှင့်ပတ်သက်၍ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇွန် ၁၅
“ယေရှုက အကြီးမြတ်ဆုံးဆရာဖြစ်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ယေရှုသေဆုံးသွားတာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပေမဲ့ ကျွန်တော်တို့အတွက် ကိုယ်တော်လုပ်ပေးနိုင်တဲ့အရာကို ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်။ [ဟေဗြဲ ၇:၂၅ ကိုဖတ်ပါ။] ယေရှုဆီက အဲဒီအကူအညီကို ဘယ်လိုရနိုင်သလဲဆိုတာ ဒီဆောင်းပါးက ရှင်းပြပေးတယ်။”
နိုးလော့! ဇွန်
“ဒီကျမ်းချက်နဲ့ပတ်သက်ပြီး မိတ်ဆွေရဲ့သဘောထားကို သိပါရစေ။ [၁ တိမောသေ ၆:၁၀ ကိုဖတ်ပါ။] ငွေနဲ့ရုပ်ပစ္စည်းတွေကို အဓိကထားသူတွေက ဒီလိုဝေဒနာကို တကယ်ခံစားရမယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ချမ်းသာကြွယ်ဝမှုနောက် တကောက်ကောက်လိုက်ခြင်းရဲ့ ဆိုးကျိုးတွေကို ဒီမဂ္ဂဇင်းက ရှင်းပြတယ်။”
ကင်းမျှော်စင် ဇူလိုင် ၁
“ကျွန်တော်တို့ချစ်ရတဲ့သူတစ်ဦး သေဆုံးသွားတဲ့အခါ သူ့ကိုပြန်တွေ့ချင်တာက သဘာဝပါပဲ။ အဲဒါကို မိတ်ဆွေသဘောတူတယ်မဟုတ်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာကတိတော်ကြောင့် လူတွေနှစ်သိမ့်မှုရရှိခဲ့ကြတယ်။ [ယောဟန် ၅:၂၈၊ ၂၉ ကိုဖတ်ပါ။] သေဆုံးသွားတဲ့ချစ်ရသူတွေကို ပြန်တွေ့နိုင်မယ့် စစ်မှန်တဲ့မျှော်လင့်ချက်ကို ဘယ်လိုရရှိနိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းကဖော်ပြတယ်။”
နိုးလော့! ဇွန်
“အသက်ဆက်နိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး ငွေလိုကြတယ်။ ငွေရှာတဲ့အခါ အကြီးအကျယ်ဒုက္ခရောက်နိုင်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ချမ်းသာကြွယ်ဝမှုနောက် တကောက်ကောက်လိုက်ခြင်းရဲ့ ဆိုးကျိုးတွေအကြောင်း ကျမ်းစာကဒီလိုဆိုတယ်။ [၁ တိမောသေ ၆:၁၀ ကိုဖတ်ပါ။] ဘဝမှာ ငွေနည်းနည်းလေးနဲ့ ဘယ်လိုရိုးရိုးရှင်းရှင်းနေနိုင်တယ်ဆိုတာနဲ့ပတ်သက်တဲ့ လက်တွေ့ကျအကြံဉာဏ်တချို့ကို ဒီမဂ္ဂဇင်းမှာဖော်ပြထားတယ်။”