မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဩ. ၁
“သိပ်အရေးကြီးတဲ့အမှန်တရားကို လူအများ သင်ယူသိရှိပြီးတဲ့နောက် သူတို့ရဲ့မိသားစုက ပျော်ရွှင်ချမ်းမြေ့နေကြပြီ။ ဘာအမှန်တရားလဲဆိုတာ မိတ်ဆွေကို ပြောပြလို့ရမလား။ [ယောဟန် ၁၃:၃၄ ကိုဖတ်ပါ။] ယေရှုရဲ့သွန်သင်ချက်တွေ၊ ပုံသက်သေတွေကို မိသားစုဝင်ယောက်တိုင်း ဘယ်လိုကျင့်သုံးနိုင်တယ်ဆိုတဲ့အကြောင်း ဒီဆောင်းပါးမှာ ရှင်းပြထားတယ်။” စာမျက်နှာ ၁၆ နှင့် ၁၇ မှ ဆောင်းပါးကို ဖော်ပြပါ။
နိုးလော့! ဩ.
“ဆိုင်ကလုန်းမုန်တိုင်းတွေ၊ ရေကြီးတာတွေနဲ့ တခြားသဘာဝဘေးအန္တရာယ်တွေ ဘာကြောင့် ဒီလောက်များရတဲ့အကြောင်းကို နားလည်နိုင်အောင် ကျမ်းစာမှာရှင်းပြထားတယ်ဆိုတာ မိတ်ဆွေသိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဗျာဒိတ် ၁၁:၁၈ ကိုဖတ်ပါ။] ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဘုရားသခင် ဘယ်လိုဖြေရှင်းမယ်ဆိုတာ ဒီဆောင်းပါးမှာ ရှင်းပြထားတယ်။ ဒီဆောင်းပါးကို မိတ်ဆွေကြိုက်မှာပါ။”
ကင်းမျှော်စင် စက်. ၁
“ဖန်ဆင်းရှင်တစ်ပါးရှိပါ့မလားလို့ လူအတော်များများ တွေးမိကြတယ်။ အရာခပ်သိမ်းကိုဖန်ဆင်းတဲ့ ဖန်ဆင်းရှင်တစ်ပါးရှိတယ်ဆိုတာ ယုံကြည်စိတ်ချနိုင်မယ်လို့ မိတ်ဆွေထင်သလား။ [တမန်တော် ၁၇:၂၇၊ ၂၈ ကိုဖတ်ပါ။] ကောင်းကင်ဘုံမှာရှိတဲ့ အဲဒီဖန်ဆင်းရှင်က ဖခင်တစ်ယောက်နဲ့တူပြီး ကျွန်တော်တို့ တကယ်သိကျွမ်းနိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းက ရှင်းပြထားတယ်။”
နိုးလော့! စက်.
“ကျွန်တော်တို့သေဆုံးပြီးတဲ့နောက် ဘာဖြစ်သွားမလဲဆိုတာနဲ့ပတ်သက်ပြီး ရာစုနှစ်တွေတစ်လျှောက် လူတွေအမျိုးမျိုးယုံကြည်ကြတယ်။ ကျမ်းစာမှာတော့ ဒီလိုပြောထားတယ်။ [ယောဘ ၁၄:၁၄၊ ၁၅ ကိုဖတ်ပါ။] သေဆုံးပြီးနောက် ဘာမျှော်လင့်ချက်ရှိတယ်ဆိုတဲ့အကြောင်း ကျမ်းစာဖော်ပြချက်ကို ဒီဆောင်းပါးတွေမှာ ရှင်းပြထားတယ်။”