ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၁၄ စာ. ၄
  • နမူနာတင်ဆက်နည်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နမူနာတင်ဆက်နည်းများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
နဓ ၂/၁၄ စာ. ၄

နမူနာတင်ဆက်နည်းများ

မတ်လရဲ့ ပထဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစဖို့ ဒီလိုပြောနိုင်ပါတယ်

“ဒီနေ့ခေတ်လူတွေက ‘ဘုရားက လူတွေအတွက် ဘာတွေလုပ်ပေးနေပါသလဲ’ ဆိုတာကို စိတ်ဝင်စားကြတယ်။ ကောင်းကင်၊ မြေကြီး၊ မြေကြီးပေါ်ရှိအရာအားလုံးအပြင် အသက်နဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်တစ်ဦးက ပြုလုပ်ထားလို့ ရှိလာတယ်ဆိုတာ တော်တော်များများက လက်ခံထားကြတယ်။ မိတ်ဆွေကော ဘယ်လိုလက်ခံထားပါသလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျမ်းဂန်ထဲမှာ ဒီလိုဖော်ပြထားပါတယ်။ [တမန်တော် ၄:၂၄ ကိုဖတ်ပါ။] မေတ္တာကြွယ်ဝလှတဲ့ ဖန်ဆင်းရှင်ရဲ့နာမည်က ယေဟောဝါလို့ ခေါ်ပါတယ်။” မတ် ၁ ကင်းမျှော်စင်ကိုထုတ်ပြီး စာမျက်နှာ ၃ ကိုဖွင့်ပါ။ ခေါင်းစဉ်ကို ဖတ်ပြပြီး “ဘုရားရဲ့ကြီးမားတဲ့ လုပ်ရပ်တစ်ခုအကြောင်းပြောပြဖို့ နောက်တစ်ခေါက် ပြန်လာလို့ရမလား” လို့ ကမ်းလှမ်းနိုင်ပါတယ်။ ပြီးနောက် စာမျက်နှာ ၁၆ ပါ ခေါင်းစဉ်ကိုပြပြီး ပြန်လည်ပတ်မှုလုပ်နိုင်ပါတယ်။

မတ် ၁ ထုတ် ကင်းမျှော်စင်

“ဘုရားက လူသားတွေအတွက် ဘာမှမလုပ်ပေးဘူးလို့ တော်တော်များများက ထင်နေကြပါတယ်။ အထူးသဖြင့် သေတဲ့လူတွေအတွက် ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးလို့ ထင်ကြတယ်။ မိတ်ဆွေကော ဘယ်လိုထင်ပါသလဲ။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ဒီကျမ်းဂန်ထဲမှာ ဖော်ပြထားတာကို ဖတ်ပြပေးချင်ပါတယ်။ [ယောဟန် ၃:၁၆ ကိုဖတ်ပါ။] ဘုရားက လူတွေအားလုံး အသက်ပြန်ရှင်ဖို့အတွက် သူ့ရဲ့သားကိုပေးခဲ့တယ်လို့ ဖော်ပြထားတယ်။ ဒီကိစ္စက တကယ်ဖြစ်နိုင်ပါ့မလား။ စာမျက်နှာ ၅ မှာ တွေ့နိုင်ပါတယ်။ မိတ်ဆွေယူထားနိုင်ပါတယ်။”

မတ် နိုးလော့!

“ဒီခေတ်မှာ ငွေကအဓိကပဲလို့ လူတွေယူဆကြတယ်။ ဒါကြောင့် ငွေကို အငမ်းမရရှာဖွေနေကြတယ်။ ငွေရှိမှ လူတွေအပေါ် ဩဇာလွှမ်းမိုးနိုင်မယ်လို့ သူတို့ယူဆနေကြပါတယ်။ မိတ်ဆွေကော ဘယ်လိုထင်ပါသလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျမ်းဂန်ထဲမှာတော့ ဒီလိုဖော်ပြထားပါတယ်။ [ဟေဗြဲ ၁၃:၅ ကိုဖတ်ပါ။] စားဝတ်နေရေးအတွက် ငွေရှိဖို့မှန်ပေမဲ့ တပ်မက်ခြင်းကိုရှောင်ကြဉ်ဖို့ သတိပေးထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒီမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ [စာမျက်နှာ ၈ ကိုပြပါ။] မိတ်ဆွေအတွက် ဒီမဂ္ဂဇင်းကို ပေးခဲ့ပါရစေ။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ