အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ
© 2025 Watch Tower Bible and Tract Society of Pennsylvania
ဇူလိုင် ၇-၁၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ပညာအလိမ္မာ ၂၁
ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ဖြစ်စေတဲ့ လက်တွေ့ကျ ကျမ်းစာအခြေခံမူများ
ပညာရှိဆုံးဖြတ်ချက်များ သင်မည်သို့ချနိုင်သနည်း
အလျင်စလို ဆုံးဖြတ်ချက်ချခြင်းသည် ပညာအမြော်အမြင်မရှိသော ဆုံးဖြတ်ချက်များ ဖြစ်သွားတတ်သည်။ နယပုံပြင် ၂၁:၅ က ဤသို့သတိပေးသည်– “လုံ့လဝီရိယပြုသောသူ၏ အကြံအစည်သည် ကြွယ်ဝခြင်းနှင့်လည်းကောင်း၊ [ကောင်းသော] သတိမရှိသောသူ၏ အကြံအစည်သည် ဆင်းရဲခြင်းနှင့်လည်းကောင်း ဆိုင်ပေ၏။” ဥပမာ၊ အရူးအမူးစွဲလမ်းတတ်သော ဆယ်ကျော်သက်များသည် အိမ်ထောင်ပြုလိုက်ခြင်းဖြင့် အခြေချရန် မဆုံးဖြတ်မီ အချိန်ယူစဉ်းစားသင့်သည်။ သို့မဟုတ်ပါက၊ “အလောတကြီး အိမ်ထောင်ပြုလျှင် တစိမ့်စိမ့်နောင်တရလိမ့်မည်” ဟူသော ၁၈ ရာစုအစောပိုင်းမှ အင်္ဂလိပ်ပြဇာတ်ရေးဆရာ ဝီလျံ ခေါန်ဂရိဗ်၏စကား မှန်ကန်ကြောင်း တွေ့ရှိရပေလိမ့်မည်။
သာယာသောအိမ်ထောင် တည်ဆောက်နိုင်ပုံ
စိတ်နှိမ့်ချပါ။ “ဂုဏ်ပြိုင်လိုသောစိတ်ဖြင့်လည်းကောင်း၊ [တစ်ကိုယ်ကောင်း] စိတ်ဖြင့်လည်းကောင်း မည်သည့်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် မိမိထက် သာလွန်သည်ဟု နှိမ့်ချသောစိတ်နှင့် ယူမှတ်ကြလော့။” (ဖိလိပ္ပိ ၂:၃၊ ကဘ) အိမ်ထောင်ဖက်များသည် ပေါ်ပေါက်လာသော ပြဿနာများကို နည်းလမ်းများရှာကြံ၍ နှိမ့်ချစွာ ဖြေရှင်းကြမည့်အစား မိမိတို့၏အိမ်ထောင်ဖက်အပေါ် အပြစ်တင်ဖို့ ကြိုးစားကြသဖြင့် ပဋိပက္ခများ ဖြစ်ပေါ်လာရသည်။ စိတ်နှိမ့်ချခြင်းက သဘောကွဲလွဲမှုတွင် မိမိသာ မှန်သည်ဟု ဇွတ်မပြောဆိုရန် ကူညီပေးနိုင်ပါသည်။
“အသက်အရွယ်ပျိုစဉ်ကာလ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့”
၁၃ အချင်းချင်းဆက်ဆံပုံကြောင့် အိမ်ထောင်ရေးအခြေအနေ တင်းမာနေလျှင်ကော အသို့နည်း။ ယင်းကို ဖြေရှင်းရာတွင် ကြိုးစားအားထုတ်မှုလိုအပ်သည်။ ဥပမာ၊ အကြင်နာမဲ့သောစကားများ အိမ်ထောင်အတွင်းသို့ တဖြည်းဖြည်းစိမ့်ဝင်လာရာမှ နောက်ပိုင်း ပြောနေကျဖြစ်လာပေမည်။ (သု. ၁၂:၁၈) ရှေ့ဆောင်းပါးတွင် လေ့လာခဲ့သည့်အတိုင်း ယင်းသည် စိတ်ပျက်ဖွယ်ဆိုးကျိုးများကိုသာ ဖြစ်စေ၏။ နယပုံပြင်ကျမ်းက ဤသို့ဆိုသည်– “စိတ်တို၍ ရန်တွေ့တတ်သောမိန်းမနှင့်နေသည်ထက် တောလွင်ပြင်၌နေသော် သာ၍ကောင်း၏။” (သု. ၂၁:၁၉) ထိုသို့သောအိမ်ထောင်တွင် သင်သည် ဇနီးတစ်ဦးဖြစ်ပါက ‘ငါ့စိတ်နေစိတ်ထားကြောင့် ငါ့ယောက်ျား ငါ့အနားမနေချင်တာလား’ ဟု သင့်ကိုယ်သင်မေးပါ။ သမ္မာကျမ်းစာက လင်ယောက်ျားများကို ဤသို့ဆို၏– “အချင်းယောက်ျားတို့၊ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ ကြမ်းတမ်းစွာမပြုကြနှင့်။” (ကောလောသဲ ၃:၁၉) သင်သည် လင်ယောက်ျားတစ်ဦးဖြစ်ပါက ‘ငါ့မိန်းမ တခြားနေရာမှာ သာယာမှုရှာရလောက်တဲ့အထိ ငါ့အပြုအမူတွေ အေးတိအေးစက်ဖြစ်နေသလား’ ဟု သင့်ကိုယ်သင်မေးပါ။ လိင်အကျင့်ယိုယွင်းမှုအတွက် ဆင်ခြေပေး၍မရသည်မှာ မှန်ပါသည်။ သို့သော် ထိုအဖြစ်ဆိုး ဖြစ်လာနိုင်သောကြောင့် ပြဿနာများကို ပွင့်လင်းစွာ ဆွေးနွေးသင့်သည်။
ဘုရားရေးရာ ရတနာ
ဘုရားသခင့်နိုင်ငံတော် ကြိုတင်မြင်ကွင်းများ အမှန်တကယ်ဖြစ်ပျက်လာ
၉ ယေရှုသည် မြည်းကလေးကိုစီးလာသော လူသားမျှမဟုတ်တော့ဘဲ ယခု တန်ခိုးကြီးဘုရင်တစ်ပါး ဖြစ်နေပြီ။ ကျမ်းစာအရ စစ်ပွဲဝင်အထိမ်းအမှတ်ဖြစ်သော မြင်းစီးနေသူအဖြစ် ကိုယ်တော့်ကို ပုံဖော်ထား၏။ (သု. ၂၁:၃၁) ဗျာ. ၆:၂ ကဤသို့ဆိုသည်– “ငါကြည့်လျှင် မြင်းဖြူတစ်စီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌သရဖူကို ပေးတော်မူ၏။ အောင်မြင်လျက်လည်းကောင်း၊ အောင်မြင်ခြင်းငှာလည်းကောင်း ထွက်သွား၏။” ထို့ပြင် ယေရှုနှင့်စပ်လျဉ်းပြီး ဆာလံဆရာဒါဝိဒ်က ဤသို့ရေးသားခဲ့သည်– ‘ထာဝရဘုရားသခင်သည် အရှင်၏ အာဏာတော်လှံတံကို ဇိအုန်မြို့မှ လွှတ်တော်မူမည်။ ကိုယ်တော်သည် ရန်သူတို့၏အလယ်၌ အုပ်စိုးတော်မူလိမ့်မည်။’—ဆာလံ ၁၁၀:၂။
ဇူလိုင် ၁၄-၂၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ပညာအလိမ္မာ ၂၂
သားသမီးပြုစုပျိုးထောင်ဖို့ လက်တွေ့ကျ ကျမ်းစာအခြေခံမူများ
ဘုရားကို ဝတ်ပြုသူတွေအဖြစ် ကြီးပြင်းလာကြမလား
၇ သင်ဟာ အိမ်ထောင်သည်ဖြစ်ပြီး သားသမီး ယူဖို့ စဉ်းစားနေတယ် ဆိုပါစို့။ ‘ငါဟာ သားသမီးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ယေဟောဝါ တာဝန်ပေးရလောက်အောင် နှိမ့်ချသူ၊ ဘုရားရေးရာ စိတ်ဓာတ် ရှိသူ ဟုတ်ရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ (ဆာ. ၁၂၇:၃၊ ၄) သားသမီး ရှိတဲ့ မိဘ ဖြစ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘သားသမီးတွေကို အလုပ်ကြိုးစားဖို့ ငါ သင်ပေးနေရဲ့လား။’ (ဒေ. ၃:၁၂၊ ၁၃) ‘စာတန့်လောကမှာ ကြုံရနိုင်တဲ့ ရုပ်ပိုင်း၊ စာရိတ္တပိုင်းဆိုင်ရာ အန္တရာယ်တွေကနေ သားသမီးတွေကို အတတ်နိုင်ဆုံး ကာကွယ်ပေးနေရဲ့လား။’ (ပညာ. ၂၂:၃) ကြုံရမယ့် ပြဿနာတိုင်းကနေတော့ သားသမီးတွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အကြံဉာဏ်ရဖို့ ကျမ်းစာကို အားကိုးတတ်အောင် သင်ပေးခြင်းအားဖြင့် လက်တွေ့ဘဝကို ရင်ဆိုင်နိုင်ဖို့ တဖြည်းဖြည်း မေတ္တာပါစွာ ပြင်ဆင်ပေးနိုင်တယ်။ (ပညာအလိမ္မာ ၂:၁-၆ ကိုဖတ်ပါ။) ဥပမာ၊ မိသားစုဝင်တစ်ယောက် စစ်မှန်တဲ့ ဝတ်ပြုရေးကို ကျောခိုင်းသွားတဲ့အခါ ယေဟောဝါအပေါ် ဆက်သစ္စာရှိနေဖို့ ဘာကြောင့် အရေးကြီးကြောင်း သားသမီးတွေကို ပြောပြပါ။ (ဆာ. ၃၁:၂၃) ဒါမှမဟုတ် ချစ်ရသူတစ်ယောက် ဆုံးပါးသွားတဲ့အခါ ဝမ်းနည်းမှုကို ဖြေသိမ့်ဖို့၊ စိတ်ငြိမ်သက်ဖို့ ကူညီပေးနိုင်တဲ့ ကျမ်းချက်တွေ ပြပါ။—၂ ကော. ၁:၃၊ ၄။ ၂ တိ. ၃:၁၆။
မိဘတို့၊ ယေဟောဝါကို ချစ်လာအောင် သားသမီးတွေကို လေ့ကျင့်ပေးပါ
၁၇ ကလေးတွေကို စောနိုင်သမျှ စောစော လေ့ကျင့်ပေးပါ။ စောစော လေ့ကျင့်ပေးလေ ပိုကောင်းလေပဲ။ (ပညာ. ၂၂:၆) တမန်တော် ပေါလုရဲ့ ခရီးသွားဖော် ဖြစ်လာတဲ့ တိမောသေအကြောင်း စဉ်းစားကြည့်ပါ။ မိခင် ဥနိတ်နဲ့ အဘွား လောအိဟာ တိမောသေကို “နို့စို့အရွယ်ကတည်းက” လေ့ကျင့်ပေးခဲ့တယ်။—၂ တိ. ၁:၅။ ၃:၁၅။
၁၈ ကို့ဒီဗွားမှာနေတဲ့ ဂျိမ်းကလော့နဲ့ ပိစ်တို့ဟာ သားသမီးခြောက်ယောက်စလုံး ယေဟောဝါကို ချစ်ပြီး ဝတ်ပြုလာအောင် ပြုစုပျိုးထောင်နိုင်ခဲ့တယ်။ ဘာက သူတို့ကို ကူညီပေးသလဲ။ ဥနိတ်နဲ့ လောအိရဲ့ ပုံသက်သေကို သူတို့ တုပကြတယ်။ “သားသမီးတွေကို မွေးကင်းစ အရွယ်ကတည်းက ဘုရားသခင့်စကားတွေကို စိတ်စွဲမှတ်သွားအောင် သွန်သင်ပေးတယ်” လို့ သူတို့ ပြောတယ်။—တရား. ၆:၆၊ ၇။
၁၉ ယေဟောဝါရဲ့ စကားတွေကို သားသမီးတွေ “စိတ်စွဲမှတ်သွားအောင် သွန်သင်” တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ “အကြိမ်ကြိမ် ပြောပြပြီး သင်ပေးတာ” ကို ဆိုလိုတယ်။ အဲဒီလိုလုပ်နိုင်ဖို့ ပုံမှန် အချိန်ပေးရမယ်။ အထပ်ထပ် ပြောရတာ တစ်ခါတလေ စိတ်ပျက်စရာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘုရားသခင့်စကားတွေကို သားသမီးတွေ နားလည်လိုက်နာဖို့ ကူညီပေးနိုင်တဲ့ နည်းတစ်နည်းအဖြစ် မိဘတွေ ရှုမြင်ရမယ်။
မိဘတို့ သင့်သားသမီးများအတွက် စံနမူနာဖြစ်ပါ
ကလေးများသည် ကလေးပီပီ ပြုမူကြမည်ဖြစ်ပြီး အချို့မှာ ကလန်ကဆန်လုပ်ကာ ထင်ရာစိုင်းသည့်အထိ ဖြစ်တတ်သည်။ (ကမ္ဘာဦး ၈:၂၁) မိဘများ အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။ “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း ဆုံးမသောကြိမ်လုံးသည် ထိုသဘောကို ဝေးစွာနှင်တတ်၏” ဟု သမ္မာကျမ်းစာက ဆိုသည်။ (သု. ၂၂:၁၅) ယင်းသည် ကြမ်းတမ်းခက်ထန်သော ဆုံးမနည်းဖြစ်ပြီး ခေတ်နောက်ကျနေပြီဟု အချို့က ရှုမြင်ကြသည်။ အမှန်မှာ၊ ကြမ်းတမ်းစွာ ပြုမူပြောဆိုခြင်းကို သမ္မာကျမ်းစာက တားမြစ်ထားသည်။ “ကြိမ်လုံး” ဟုဆိုရာ၌ တစ်ခါတစ်ရံ ရိုက်နှက်ဆုံးမခြင်း ပါဝင်သည်။ သို့သော် သားသမီးတို့၏ ထာဝရကောင်းကျိုးကို လိုလားသောကြောင့် ခိုင်မာပြတ်သားသော်လည်း မေတ္တာပါပါ အုပ်ထိန်းပေးသည့် မိဘတို့၏ အခွင့်အာဏာကိုလည်း ပုံဆောင်သည်။—ဟေဗြဲ ၁၂:၇-၁၁။
ဘုရားရေးရာ ရတနာ
ကိုယ်ရထားတဲ့ အခွင့်ထူးတွေနဲ့ ပျော်ရွှင်နေပါ
၁၁ ကျွန်တော်တို့လည်း ယေဟောဝါရဲ့ အမှုတော်မှာ ရထားတဲ့ ဘယ်တာဝန်ကိုမဆို အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်မယ်ဆိုရင် ပျော်ရွှင်မှု တိုးများလာနိုင်ပါတယ်။ ဟောပြောခြင်း လုပ်ငန်းကို “အာရုံစိုက်” ပါ။ အသင်းတော် လုပ်ဆောင်မှုတွေမှာ အပြည့်အဝ ပါဝင်ပါ။ (တ. ၁၈:၅။ ဟီ. ၁၀:၂၄၊ ၂၅) အစည်းအဝေးတွေအတွက် ကောင်းကောင်း ပြင်ဆင်ပြီး အားပေးမှု ဖြစ်စေတဲ့ မှတ်ချက်တွေ ပေးပါ။ ကြားရက် အစည်းအဝေးမှာ ရတဲ့ ဘယ်တာဝန်ကိုမဆို အလေးအနက် သဘောထားပါ။ အသင်းတော်မှာ တစ်ခုခု လုပ်ပေးဖို့ တောင်းဆိုခံရတဲ့အခါ အချိန်တိကျပါ။ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ပါ။ ဘယ်တာဝန်ကိုမဆို ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။ ပိုကျွမ်းကျင်အောင် ကြိုးစားနေပါ။ (ပညာ. ၂၂:၂၉) ယေဟောဝါရဲ့ လုပ်ငန်းမှာ ဘယ်တာဝန်ပဲရရ ကြိုးစားအားထုတ်မယ်ဆိုရင် ပိုတိုးတက်လာမယ်။ ပျော်ရွှင်မှု တိုးများလာမယ်။ (ဂလ. ၆:၄) ကိုယ်ရချင်တဲ့ တာဝန်ကို တခြားသူတွေ ရတဲ့အခါမှာလည်း သူတို့အတွက် ဝမ်းသာပေးနိုင်မယ်။—ရော. ၁၂:၁၅။ ဂလ. ၅:၂၆။
ဇူလိုင် ၂၁-၂၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ပညာအလိမ္မာ ၂၃
အရက်ယမကာနဲ့ပတ်သက်တဲ့ လက်တွေ့ကျ ကျမ်းစာအခြေခံမူများ
အရက်သောက်သုံးခြင်းနှင့်ပတ်သက်၍ မျှတသောအမြင်ထားရှိခြင်း
၅ မူးယစ်နေပြီဟု သူတစ်ပါးမထင်စေရန် ဂရုစိုက်သောက်တတ်သူတစ်ဦးဖြစ်လျှင်ကော။ လူအချို့သည် အတော်များများ သောက်ပြီးနောက်၌ပင် အရက်မူးသည့်လက္ခဏာ မပြချေ။ သို့သော် ထိုသို့သောက်သုံးခြင်းသည် အန္တရာယ်မရှိဟု ယူဆခြင်းက မိမိကိုယ်ကို လှည့်စားနေခြင်းဖြစ်သည်။ (ယေရမိ ၁၇:၉) ထိုသူသည် တဖြည်းဖြည်း၊ မသိမသာ အရက်စွဲလာပြီး ‘စပျစ်ရည်၏ကျွန်’ ဖြစ်လာနိုင်သည်။ (တိတု ၂:၃) အရက်စွဲသူ ဖြစ်လာပုံ အဆင့်ဆင့်နှင့်ပတ်သက်၍ စာရေးဆရာမ ကယ်ရိုလိုင်း နက်ပ်က ဤသို့ဆိုသည်– “အရက်စွဲသူဖြစ်လာပုံသည် တရွေ့ရွေ့၊ တဖြည်းဖြည်း၊ မသိသာမထင်ရှားသောဖြစ်စဉ် ဖြစ်၏။” အရက်အလွန်အကျွံသောက်ခြင်းသည် အမှန်ပင် မသိသာသော ကျော့ကွင်းတစ်ခုဖြစ်သည်!
၆ ယေရှု၏ ဤသတိပေးချက်ကိုလည်း သုံးသပ်ကြည့်ပါ– “သင်တို့သည် ကိုယ်ကိုသတိပြုကြလော့။ သို့မဟုတ် အစားအသောက် လွန်ကြူးခြင်း၊ လော[က]စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့နှင့် ရုတ်ခနဲ တွေ့ကြုံလိမ့်မည်။ အကြောင်းမူကား ထိုနေ့ရက်သည် မြေတစ်ပြင်လုံး၌နေသော လူအပေါင်းတို့အပေါ်သို့ ကျရောက်လိမ့်မည်။” (လုကာ ၂၁:၃၄၊ ၃၅၊ သမ္မာ) ကာယရေးသာမက ဝိညာဉ်ရေးအရပါ လေးလံထိုင်းမှိုင်း၊ ပျင်းရိမှုမဖြစ်စေမီ မူးသည့်အဆင့်ရောက်သည်အထိ သောက်ရန်မဟုတ်ပါ။ ထိုအခြေအနေမျိုး၌ရှိနေစဉ် ယေဟောဝါ၏နေ့ ရောက်လာသော် မည်သို့ဖြစ်မည်နည်း။
it-1-E ၆၅၆
သောက်စားမူးယစ်ခြင်း
ကျမ်းစာမှာ အပြစ်တင်ထား။ မူးယစ်တဲ့အထိ အလွန်အကျွံ သောက်တာကို ကျမ်းစာမှာ ပြစ်တင်ရှုတ်ချထားပါတယ်။ ပညာအလိမ္မာကိုရေးတဲ့ ပညာရှိက အရက်ယမကာ သောက်ကြူးခြင်းရဲ့ ထိခိုက်မှုကို ကွက်ကွက်ကွင်းကွင်း၊ သေသေချာချာ သရုပ်ဖော်ပြီး ဒီလို သတိပေးထားတယ်– “ကြေကွဲနေတာ ဘယ်သူလဲ။ စိတ်ဆင်းရဲနေတာ ဘယ်သူလဲ။ ငြင်းခုံရန်တွေ့နေတာ ဘယ်သူလဲ။ မကျေမနပ် ညည်းညူနေတာ ဘယ်သူလဲ။ အလကားနေရင်း ဒဏ်ရာရနေတာ ဘယ်သူလဲ။ မျက်လုံးရီဝေနေတာ ဘယ်သူလဲ။ စပျစ်ဝိုင်ကို တမြမြသောက်နေသူတွေ၊ ရောစပ်ထားတဲ့ စပျစ်ဝိုင်ကို လိုက်ရှာနေသူတွေပဲပေါ့။ ခွက်ထဲမှာ အရောင်တောက်နေတဲ့ [သောက်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်နေတဲ့၊ ဗလုံစည်ထနေတဲ့ စပျစ်ဝိုင်]၊ လည်ချောင်းထဲ လျှောဆင်းသွားတတ်တဲ့ အနီရောင်စပျစ်ဝိုင်ကို မကြည့်နဲ့။ နောက်ပိုင်းမှာ စပျစ်ဝိုင်ဟာ မြွေလို ပေါက်တတ်တယ်။ မြွေပွေးလို အဆိပ်တွေ ထုတ်တတ်တယ် [လူကို ဖျားနာစေနိုင် (ဥပမာ၊ အသည်းခြောက်ရောဂါ)၊ စိတ်ပိုင်းလည်း ထိခိုက်နိုင် (အရက်နာကျခြင်း)၊ အသက်သေဆုံးနိုင်]။ မင်းက ထူးထူးဆန်းဆန်းတွေ မြင်လိမ့်မယ် [အရက်က ဦးနှောက်ကို ထိန်းချုပ်လိုက်လို့ ပုံမှန်ဆို ချုပ်တည်းထားနိုင်တဲ့ သဘောထားတွေ ပေါ်ထွက်လာ။ ကယောင်ချောက်ချားဖြစ်။ သတိလက်လွတ်ဖြစ်။ စိတ်မှာထင်ယောင်ထင်မှား ဖြစ်တာတွေကို တကယ်ဟုတ်နေသယောင် လျှောက်ပြော။ ထိန်းထိန်းသိမ်းသိမ်းမရှိတဲ့ အပြုအမူတွေ ပြတတ်။] မတော်လျော်တဲ့ အတွေးတွေကို ထုတ်ပြောလိမ့်မယ် [ချုပ်ထိန်းထားတဲ့ စိတ်ကူးတွေ၊ လိုအင်တွေကို ဖော်ပြ]။”—ပ ၂၃:၂၉-၃၃။ ဟော ၄:၁၁။ မ ၁၅:၁၈၊ ၁၉။
သောက်ကြူးသူ ကြုံတွေ့ရတတ်တာကို ဒီလိုဆက်ဖော်ပြထားတယ်– “ပင်လယ်ပြင်အလယ်မှာ အိပ်နေသူလို [ရေနစ်နေသူလို ဝရုန်းသုန်းကားဖြစ်ပြီး နောက်ဆုံး ဘာမှမသိတော့]၊ ရွက်တိုင်ထိပ်မှာ အိပ်နေသူလို ဖြစ်လိမ့်မယ် [ပြဿနာအတက်နိုင်ဆုံး အချိန်ဖြစ်လို့ သောက်ကြူးသူရဲ့ အသက်ဟာ မတော်တဆဖြစ်တာ၊ လေဖြတ်တာ၊ ရန်ဖြစ်တာ စတာတွေ ဖြစ်နိုင်]။ ‘သူတို့ ထိုးပေမဲ့ ငါမနာဘူး။ သူတို့ ရိုက်ပေမဲ့ ငါမသိဘူး [လို့ သောက်ကြူးသူပြော။ အမှန်တကယ် ဖြစ်နေတာတွေ၊ ဒုက္ခရောက်နေတာကို မသိဖြစ်နေ]။ နောက်တစ်ခွက်သောက်ရဖို့ ဘယ်တော့များမှ ငါနိုးလာမှာလဲ လို့ မင်းပြောလိမ့်မယ် [အရက်မူးပြေဖို့ အခု သူအိပ်ရမယ်။ ဒါပေမဲ့ အရက်ရဲ့ ကျွန်ဖြစ်လို့ ထပ်သောက်နိုင်မယ့်အချိန်ကို စောင့်မျှော်နေ]။’” သူဟာ အရက်ယမကာအတွက် ငွေအမြောက်မြားသုံးစွဲတဲ့အပြင် အလုပ်မှာလည်း ယုံကြည်စိတ်ချလို့မရသူ ဖြစ်လာတဲ့အတွက် ဆင်းရဲ သွားလိမ့်မယ်။—ပ ၂၃:၂၀၊ ၂၁၊ ၃၄၊ ၃၅။
ဘုရားရေးရာ ရတနာ
စာရှုသူများထံမှမေးခွန်းလွှာ
သာဓကအနေနှင့် အဝလွန်ခြင်းသည် စားကြူးသည့်လက္ခဏာဖြစ်နိုင်သော်လည်း အမြဲတမ်း ထိုသို့မဟုတ်ပေ။ ရောဂါကြောင့် အဝလွန်တတ်သည်။ မျိုးရိုးလိုက်ခြင်းကြောင့်လည်း အဝလွန်နိုင်၏။ ထို့ပြင် အဝလွန်ခြင်းသည် ကာယပိုင်းအခြေအနေတစ်ခုဖြစ်ပြီး စားကြူးခြင်းမှာမူ စိတ်ပိုင်းဆိုင်ရာ သဘောထားတစ်ခုဖြစ်ကြောင်း သိရှိထားရမည်။ အဝလွန်ခြင်းသည် “ခန္ဓာကိုယ်တွင် အဆီများလွန်းသည့် အခြေအနေတစ်ရပ်” ဖြစ်ပြီး စားကြူးခြင်းမှာမူ “လောဘကြီးခြင်း၊ အာသာငမ်းငမ်းစားခြင်း” ဖြစ်၏။ ထို့ကြောင့် စားကြူးခြင်းကို လူတစ်ဦး၏ ခန္ဓာကိုယ် အရွယ်အစားအားဖြင့်မဟုတ်ဘဲ အစားအသောက်အပေါ် သူ၏သဘောထားကိုကြည့်ပြီး ဆုံးဖြတ်ရပေမည်။ လူတစ်ဦးသည် သာမန်ခန္ဓာကိုယ်အရွယ်အစား သို့မဟုတ် ပိန်ပိန်လေးပင်ဖြစ်သော်လည်း စားကြူးသူဖြစ်နိုင်သည်။ ထို့ပြင် အနေတော်ခန္ဓာကိုယ်အလေးချိန်နှင့် ပုံပန်းကိုရှုမြင်ပုံသည် တစ်နေရာနှင့်တစ်နေရာ မတူကြချေ။
ဇူလိုင် ၂၈–ဩဂုတ် ၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ပညာအလိမ္မာ ၂၄
ကြုံလာရမယ့် အခက်အခဲတွေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ
it-2-E ၆၁၀ ပိုဒ် ၈
နှိပ်စက်ညှဉ်းပန်းခြင်း
ခရစ်ယာန်တွေဟာ ခံနိုင်ရည်ရှိသူတွေရမယ့်ဆုကိုလည်း လေးမြတ်ကြတယ်။ အဲဒီဆုနဲ့ပတ်သက်ပြီး ယေရှု ဒီလို ပြောခဲ့တယ်– “ဖြောင့်မှန်ရာကို လုပ်တဲ့အတွက် နှိပ်စက်ခံရသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ ကောင်းကင်နိုင်ငံဟာ သူတို့အတွက် ဖြစ်လိမ့်မယ်။” (မ ၅:၁၀) ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်နဲ့ အဲဒီမျှော်လင့်ချက်ကို လုပ်ဆောင်ပေးမယ့်အရှင်အကြောင်း သိရှိထားလို့ သူတို့ ခွန်အားရှိခဲ့တာပါ။ အဲဒါကြောင့် ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်သူတွေ အသေသတ်မယ် လို့ ခြိမ်းခြောက်တာတောင် ဘုရားကို သစ္စာစောင့်သိနိုင်ခဲ့ကြတာ။ ယေရှုရဲ့သေခြင်းကနေရရှိတဲ့ အကျိုးကျေးဇူးတွေကို ယုံကြည်တဲ့အတွက် သေရမှာကို ကြောက်တဲ့စိတ်ကနေ လွတ်မြောက်ခဲ့ကြတယ်။ (ဟီ ၂:၁၄၊ ၁၅) ဆန့်ကျင်မှု ဖိအားအောက်မှာ ဆက်သစ္စာရှိဖို့ဆိုရင် ခရစ်ယာန် စိတ်သဘောထား အရေးကြီးပါတယ်။ “ခရစ်တော်ယေရှုမှာရှိတဲ့ အဲဒီစိတ်သဘောထားကို ခင်ဗျားတို့လည်း မွေးမြူကြပါ။ ခရစ်တော်က . . . ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ဒုက္ခသစ်တိုင်ပေါ် အသေခံတဲ့အထိ နာခံခဲ့တယ်။” (ဖိ ၂:၅-၈) “သူ[ယေရှု]က ရှေ့မှာရှိတဲ့ ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ခွဲခံရတာကို အရေးမစိုက်ဘဲ ဒုက္ခသစ်တိုင်ပေါ်မှာ အသေခံခဲ့တယ်။”—ဟီ ၁၂:၂။ ၂က ၁၂:၁၀။ ၂သ ၁:၄။ ၁ပ ၂:၂၁-၂၃ တို့ကိုလည်း ကြည့်ပါ။
ခက်ခဲချိန်များတွင် ဝမ်းမြောက်မှုကို ဆက်ထိန်းထားပါ
၁၂ နယပုံပြင် ၂၄:၁၀ က ဤသို့အသိအမှတ်ပြုသည်– “သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင် အားနည်း၏။” နောက်ကျမ်းတစ်ချက်က ဤသို့ဆို၏– “ညှိုးငယ်ခြင်းအားဖြင့်ကား စိတ်ပျက်တတ်၏။” (သု. ၁၅:၁၃) ခရစ်ယာန်အချို့သည် ကိုယ်ပိုင်ကျမ်းစာဖတ်ရှုခြင်းနှင့် တွေးတောဆင်ခြင်ခြင်းတို့ကို ဆက်မလုပ်ဆောင်တော့သည်အထိ စိတ်ပျက်အားလျော့လာခဲ့ကြသည်။ သူတို့၏ ဆုတောင်းချက်များသည် ဝတ်ကျေတမ်းကျေဖြစ်လာပြီး ယုံကြည်သူချင်းများနှင့် ခပ်ခွာခွာနေလာကြပေမည်။ ကြာရှည်စွာ စိတ်ပျက်ဝမ်းနည်းခြင်းက ထိခိုက်နစ်နာစေနိုင်သည်မှာ ထင်ရှားပါသည်။—သု. ၁၈:၁၊ ကဘ၊ ၁၄။
၁၃ ယင်းအစား အပြုသဘောဖြင့်ရှုမြင်ခြင်းက ကျွန်ုပ်တို့ဘဝတွင် ရွှင်လန်းမှုရရှိစေသည့် အရာများအပေါ် အာရုံစိုက်ရန် အထောက်အကူပြုမည်။ ဒါဝိဒ် ဤသို့ရေးခဲ့၏– “အကျွန်ုပ်ဘုရားသခင်၊ ကိုယ်တော်၏အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။” (ဆာ. ၄၀:၈) ကျွန်ုပ်တို့၏အသက်တာတွင် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသောအခါ ဝတ်ပြုရေးနှင့်ပတ်သက်သော အကျိုးပြုသည့် လုပ်ရိုးလုပ်စဉ်များကို ရပ်လိုက်ခြင်းမျိုး လုံး၀မဖြစ်သင့်ပါ။ အမှန်တွင် ဝမ်းနည်းမှုကို ကုစားနည်းမှာ ပျော်ရွှင်မှုရရှိစေသည့် လုပ်ဆောင်မှုများတွင် ပါဝင်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာကို ပုံမှန်ဖတ်ရှုကာ စေ့စေ့ကြည့်ရှုခြင်းဖြင့် ဝမ်းမြောက်မှုနှင့် ပျော်ရွှင်မှု ခံစားနိုင်ကြောင်း ကျွန်ုပ်တို့အား ယေဟောဝါ မိန့်တော်မူသည်။ (ဆာ. ၁:၁၊ ၂; ယာ. ၁:၂၅) သမ္မာကျမ်းစာနှင့် ခရစ်ယာန်အစည်းအဝေးများမှ ရရှိသော “သာယာသောစကား” များသည် ကျွန်ုပ်တို့အတွက် အားပေးမှုဖြစ်စေပြီး စိတ်နှလုံးကို ရွှင်လန်းစေသည်။—သု. ၁၂:၂၅; ၁၆:၂၄။
စာရှုသူများထံမှ မေးခွန်းလွှာ
“ဖြောင့်မတ်သူက ခုနစ်ကြိမ် လဲရင်တောင် ပြန်ထလိမ့်မယ်” လို့ ပညာအလိမ္မာ ၂၄:၁၆ မှာ ပြောထားတယ်။ အကြိမ်ကြိမ် အပြစ်လုပ်ရင်တောင် ဘုရား ခွင့်လွှတ်တယ်ဆိုတဲ့ သဘောလား။
မဟုတ်ပါဘူး။ အခက်အခဲ၊ ပြဿနာတွေ အကြိမ်ကြိမ် ကြုံရတဲ့သဘောနဲ့ လဲကျတာ ဖြစ်ပြီး ခံရပ်နိုင်တယ်ဆိုတဲ့သဘောနဲ့ ပြန်ထတာကို ပြောနေတာပါ။
မှန်ပါတယ်။ ပညာအလိမ္မာ ၂၄:၁၆ မှာ ပါတဲ့ “လဲကျ” ဆိုတဲ့ စကားလုံးဟာ အပြစ်ကျူးလွန်တာကို မဟုတ်ဘဲ အခက်အခဲ၊ ပြဿနာတွေ အကြိမ်ကြိမ် ကြုံရတာကို ဆိုလိုတယ်။ လက်ရှိ စနစ်ဆိုးမှာ ဖြောင့်မတ်သူဟာ ကျန်းမာရေး ပြဿနာ၊ တခြား ပြဿနာတွေ၊ အစိုးရ နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံရနိုင်တယ်။ ဒါပေမဲ့ ဘုရား ထောက်မပေးမယ်၊ ဘုရား အကူအညီနဲ့ အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းနိုင်မယ်ဆိုတာ စိတ်ချနိုင်တယ်။ ‘ဘုရားကျေးကျွန်တွေအတွက် ကိစ္စရပ်တွေ အမြဲလိုလို အဆင်ပြေသွားတာကို မြင်ရလေ့ရှိတယ် မဟုတ်လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ “ယေဟောဝါက လဲကျသွားသူတွေကို ထောက်မတယ်။ ခေါင်းမမော်နိုင်သူတွေကို ထူမတယ်” တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဆာ. ၄၁:၁-၃။ ၁၄၅:၁၄-၁၉။
ဘုရားရေးရာ ရတနာ
စာရှုသူများထံမှ မေးခွန်းလွှာ
ကျမ်းစာခေတ်တွင် အမျိုးသားတစ်ဦး “[သူ၏] အိမ်ကိုဆောက်” လိုပါက သို့မဟုတ် အိမ်ထောင်ပြုခြင်းအားဖြင့် မိသားစုထူထောင်လိုပါက မိမိကိုယ်ကို ဤသို့မေးရန် လိုသည်– ‘ဇနီးသည်နဲ့ နောက်ပိုင်းရလာနိုင်တဲ့ သားသမီးတွေကို ပြုစုထောက်ပံ့ဖို့ ငါအသင့်ရှိပြီလား။’ သူသည် မိသားစုဘဝ မစတင်မီ မိမိ၏လယ် သို့မဟုတ် သီးနှံများကို ပြုစုစောင့်ရှောက်သည့် အလုပ် လုပ်ရန်ဖြစ်သည်။ ထို့ကြောင့် ထိုကျမ်းချက်ကို ခေတ်သုံး မြန်မာသမ္မာကျမ်းစာတွင် ရှင်းရှင်းလင်းလင်း တိုက်ရိုက် ဤသို့ဖော်ပြသည်– “သင်သည် မိမိလုပ်ကိုင်ရန် လယ်ယာများ အသင့်ရှိ၍ အသက်မွေးဝမ်းကျောင်းနိုင်ရန် သေချာပြီးမှ အိုးအိမ်ထောင်လော့။” အလားတူမူသည် ယနေ့သက်ဆိုင်ပါသလော။
သက်ဆိုင်ပါသည်။ အိမ်ထောင်ပြုလိုသော အမျိုးသားတစ်ဦးသည် ထိုတာဝန်အတွက် ကောင်းစွာ ပြင်ဆင်ဖို့လိုသည်။ သူသည် ကျန်းမာနေသရွေ့ အလုပ် လုပ်ရမည်။ အမှန်မှာ၊ အမျိုးသားတစ်ဦးသည် မိသားစုကို ပြုစုစောင့်ရှောက်ရာတွင် ရုပ်ပိုင်းပစ္စည်းထောက်ပံ့ရန် ကြိုးစားရုံဖြင့် မလုံလောက်ပေ။ လူတစ်ဦးသည် မိသားစုလိုအပ်ရာဖြစ်သော ကာယရေး၊ စိတ်ဓာတ်ရေးနှင့် ဝတ်ပြုရေးတို့ကို မကြည့်ရှုမစောင့်ရှောက်ပါက ယုံကြည်ခြင်းတရား မရှိသူထက်ပင် သာ၍ဆိုးကြောင်း ကျမ်းစာတွင် ဖော်ပြသည်။ (၁ တိ. ၅:၈) အိမ်ထောင်ပြုရန်နှင့် မိသားစုဘဝထူထောင်ရန် ပြင်ဆင်နေသော လူငယ်တစ်ဦးသည် မိမိကိုယ်ကို ဤသို့မေးသင့်သည်– ‘မိသားစုရဲ့ ရုပ်ပိုင်းလိုအပ်ရာကို ထောက်မဖို့ ငါ ပြင်ဆင်ပြီပြီးလား။ မိသားစုရဲ့ဝတ်ပြုရေးကို ဦးဆောင်ဖို့ အသင့်ဖြစ်ပြီလား။ ဇနီး၊ သားသမီးတွေနဲ့ မှန်မှန်ကျမ်းစာလေ့လာရမယ်ဆိုတဲ့ တာဝန်ကို ကျေပွန်နိုင်မလား။’ သမ္မာကျမ်းစာက ဤအရေးကြီးသော တာဝန်များကို အမှန်ပင် အလေးပေးဖော်ပြထားသည်။—တရား. ၆:၆-၈; ဧ. ၆:၄။
ထို့ကြောင့် အိမ်ထောင်ပြုရန် စိတ်ကူးနေသော လူငယ်သည် နယပုံပြင် ၂၄:၂၇ တွင်တွေ့ရသည့်မူကို အလေးအနက် စဉ်းစားသင့်သည်။ အလားတူ၊ အမျိုးသမီးငယ်တစ်ဦးသည် ဇနီး၊ မိခင်တစ်ဦး၏ တာဝန်များကို ထမ်းဆောင်ဖို့ ပြင်ဆင်ပြီးပြီလောဟု မိမိကိုယ်ကို မေးသင့်သည်။ ငယ်ရွယ်သော မောင်နှံစုံသည် သားသမီးယူဖို့ စဉ်းစားသည့်အခါ မိမိတို့ကိုယ်ကို အလားတူမေးခွန်းများ မေးနိုင်သည်။ (လု. ၁၄:၂၈) ထိုလမ်းညွှန်မှုကို လိုက်နာခြင်းဖြင့် ဘုရားသခင့် လူမျိုးသည် ကြေကွဲမှုများစွာကို ရှောင်နိုင်ပြီး မိသားစုဘဝ၏ ဆုကျေးဇူးကို ပျော်မွေ့နိုင်ပါသည်။
ဩဂုတ် ၄-၁၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ပညာအလိမ္မာ ၂၅
စကားအပြောအဆိုနဲ့ပတ်သက်တဲ့ လက်တွေ့ကျ ကျမ်းစာအခြေခံမူများ
လျှာရဲ့အစွမ်းတန်ခိုးကို အကျိုးရှိရှိ အသုံးပြုပါ
၆ ‘သင့်တော်တဲ့အချိန်မှာ ပြောလိုက်တဲ့စကားဟာ ငွေလင်ပန်းထဲက ရွှေပန်းသီးတွေနဲ့ တူတယ်’ လို့ သုတ္တံ ၂၅:၁၁ (ကဘ) မှာ ပြောထားတယ်။ ရွှေပန်းသီးတွေက သိပ်လှတယ်။ ဒါပေမဲ့ ငွေလင်ပန်းထဲ ထည့်လိုက်တဲ့အခါ ပိုလှသွားပါလိမ့်မယ်။ အဲဒီလိုပဲ၊ အသင့်တော်ဆုံးအချိန်ကို ရွေးပြီး ပြောဆိုခြင်းက ကိုယ်ပြောမယ့်စကားကို ပိုလှပတင့်တယ်စေပြီး ပိုထိရောက်စေတယ်။ ဒါပေမဲ့ အသင့်တော်ဆုံးအချိန်ကို ဘယ်လိုရွေးမလဲ။
၇ မသင့်တော်တဲ့အချိန်မှာ ပြောမိရင် ကိုယ့်စကားကို တခြားသူတွေ နားလည်နိုင်မှာ၊ လက်ခံနိုင်မှာ မဟုတ်ဘူး။ (သုတ္တံ ၁၅:၂၃ ကိုဖတ်ပါ။) ဥပမာ၊ ၂၀၁၁၊ မတ်လမှာ ငလျင်နဲ့ ဆူနာမီကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ မြို့အတော်များများ ပျက်စီးသွားပြီး လူပေါင်း ၁၅,၀၀၀ ကျော် သေဆုံးသွားတယ်။ ယေဟောဝါသက်သေများစွာလည်း မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေ ဆုံးရှုံးသွားပေမဲ့ ဝမ်းနည်းကြေကွဲနေသူတွေကို ကျမ်းစာသုံးပြီး ကူညီပေးချင်တယ်။ ဒါပေမဲ့ လူအများစုက ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး ကျမ်းစာအကြောင်း သိပ်မသိကြဘူး။ ဒါကြောင့် အဲဒီအချိန်မှာ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ပြောမယ့်အစား လူကောင်းတွေ ဘာကြောင့် အဲဒီလိုအဖြစ်ဆိုးတွေ ကြုံရတဲ့အကြောင်း ရှင်းပြပြီး နှစ်သိမ့်ပေးကြတယ်။
လျှာရဲ့အစွမ်းတန်ခိုးကို အကျိုးရှိရှိ အသုံးပြုပါ
၁၅ ကိုယ်ပြောတဲ့စကားလိုပဲ ကိုယ့်ရဲ့ ပြောပုံပြောနည်းကလည်း အရေးကြီးတယ်။ ယေရှုဟာ “နှစ်လို့ဖွယ်” နည်းနဲ့၊ တစ်နည်းအားဖြင့် ကြင်ကြင်နာနာ ပြောဆိုတဲ့အတွက် ယေရှုရဲ့စကားကို လူတွေ နားထောင်ချင်ကြတယ်။ (လု. ၄:၂၂) ကျွန်တော်တို့လည်း ယဉ်ကျေးကြင်နာစွာ ပြောဆိုမယ်ဆိုရင် လူတွေ ပိုလက်ခံ နားထောင်ချင်လာလိမ့်မယ်။ (သု. ၂၅:၁၅) တခြားသူတွေကို ကျွန်တော်တို့ လေးစားပြီး သူတို့ရဲ့ခံစားချက်ကို ဂရုစိုက်မယ်ဆိုရင် အဲဒီလို ပြောဆိုနိုင်ပါလိမ့်မယ်။ မိမိရဲ့စကားကို နားထောင်ဖို့ လူတွေ ဘယ်လောက် အပင်ပန်းခံမှန်း ယေရှုတွေ့တဲ့အခါ သနားသွားပြီး “များစွာသွန်သင်” ပေးခဲ့တယ်။ (မာ. ၆:၃၄) ယေရှုဟာ စော်ကားခံရချိန်မှာတောင် ကြမ်းကြမ်းတမ်းတမ်း ပြန်မပြောခဲ့ဘူး။—၁ ပေ. ၂:၂၃။
၁၆ ကိုယ်နဲ့သိပ်ရင်းနှီးတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကို ယဉ်ယဉ်ကျေးကျေး၊ ကြင်ကြင်နာနာ ပြောဆိုဖို့ ခက်ခဲနိုင်တယ်။ သူတို့နဲ့ စကားပြောတဲ့အခါ ကိုယ့်ပြောပုံပြောနည်းကို ဂရုစိုက်ဖို့ မလိုပါဘူးလို့ ထင်မိနိုင်တယ်။ ဒါပေမဲ့ ယေရှုဟာ မိတ်ဆွေတွေနဲ့ စကားပြောတဲ့အခါ ဘယ်တော့မှ မစာမနာ မပြောဘူး။ ဘယ်သူအကြီးမြတ်ဆုံးလဲလို့ တပည့်တွေ ငြင်းခုံတဲ့အခါ ကလေးငယ်တစ်ယောက်ကို ဥပမာပေးပြီး ကြင်ကြင်နာနာ တည့်မတ်ပေးခဲ့တယ်။ (မာ. ၉:၃၃-၃၇) အကြီးအကဲတွေလည်း တခြားသူတွေကို “နူးညံ့သိမ်မွေ့သောစိတ်” နဲ့ သွန်သင်ဆုံးမခြင်းအားဖြင့် ယေရှုရဲ့စံနမူနာကို တုပနိုင်တယ်။—ဂလ. ၆:၁။
မေတ္တာနှင့် ကောင်းသောအလုပ်များအတွက် နှိုးဆော်—မည်သို့အားဖြင့်နည်း
၈ ဘုရားသခင်ကို ဝတ်ပြုရာတွင် ကျွန်ုပ်တို့အားလုံးသည် ပုံနမူနာအားဖြင့် အချင်းချင်း တိုက်တွန်းနှိုးဆော်နိုင်သည်။ ယေရှုသည် မိမိကိုနားထောင်သူများအား တိုက်တွန်းနှိုးဆော်ခဲ့သည်မှာ သေချာသည်။ ခရစ်ယာန်ဓမ္မအမှုကို ကိုယ်တော်ချစ်မြတ်နိုးပြီး ဓမ္မအမှုကို ချီးမြှင့်ခဲ့သည်။ ယင်းသည် မိမိအတွက် အစာကဲ့သို့ဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။ (ယောဟန် ၄:၃၄; ရောမ ၁၁:၁၃) ယင်းသို့သော် စိတ်အားထက်သန်မှုသည် ကူးစက်တတ်သည်။ ဓမ္မအမှုတွင် သင့်ရွှင်လန်းမှုကို အလားတူ ထင်ရှားစေမည်လော။ ဝါကြွားသည့် လေသံပြုခြင်းကို ရှောင်ပြီး တစ်ချိန်တည်းတွင် အသင်းတော်ရှိ အခြားသူများအား မိမိ၏ တွေ့ကြုံမှုကောင်းများကို ဝေမျှပါ။ သင်နှင့်အတူ တွဲလုပ်ရန် အခြားသူများကို ဖိတ်ခေါ်သည့်အခါ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင် ယေဟောဝါအကြောင်း သူတစ်ပါးကို ပြောပြရာတွင် စစ်မှန်သော ရွှင်လန်းမှုကိုရရှိရန် သူတို့အား အကူအညီ ပေးနိုင်မည်လောဟူသည်ကို သုံးသပ်ပါ။—သု. ၂၅:၂၅။
ဘုရားရေးရာ ရတနာ
it-2-E ၃၉၉
နူးညံ့သိမ်မွေ့မှု
လူတစ်ယောက် နူးညံ့သိမ်မွေ့နိုင်တယ်ဆိုတာ ယုံကြည်ခြင်းရှိလို့၊ ခွန်အားရယူနိုင်တဲ့ ရင်းမြစ်တစ်ခု ရှိထားလို့ ဖြစ်တယ်။ အလွယ်တကူ ဟန်ချက်မပျက်ဘူး၊ ဆင်ခြင်ဉာဏ် မပျောက်သွားဘူး။ နူးညံ့သိမ်မွေ့ခြင်း မရှိတာဟာ စိတ်မလုံခြုံလို့၊ စိတ်အနှောင့်အယှက်ဖြစ်နေလို့၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းမဲ့နေလို့၊ စိတ်ဓာတ်ကျနေလို့ ဖြစ်တတ်တယ်။ နူးညံ့သိမ်မွေ့မှု မရှိသူနဲ့ပတ်သက်ပြီး ပညာအလိမ္မာကျမ်းက ဒီလိုဖော်ပြတယ်– “စိတ်မချုပ်တည်းနိုင်သူဟာ မြို့ရိုးပြိုပျက်ပြီး အကာအရံမဲ့နေတဲ့ မြို့နဲ့ တူတယ်။” (ပ ၂၅:၂၈) အကာအရံမဲ့နေတဲ့အတွက် မလျော်ကန်တဲ့ အတွေးတွေ ကျူးကျော်ဝင်ရောက်လာပြီး မလျော်ကန်တဲ့လုပ်ရပ်တွေ လုပ်မိသွားနိုင်တယ်။
ဩဂုတ် ၁၁-၁၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ပညာအလိမ္မာ ၂၆
“ဉာဏ်တိမ်တဲ့သူ” ကို ရှောင်ပါ
it-2-E ၇၂၉ ပိုဒ်. ၆
မိုး
ရာသီဥတုများ။ ကတိထားရာပြည်ရဲ့ အဓိက ရာသီဥတုနှစ်ခုက နွေရာသီနဲ့ ဆောင်းရာသီဆိုပေမဲ့ ခြောက်သွေ့ရာသီနဲ့ မိုးရာသီလို့ ပြောတာ ပိုမှန်ကန်ပါလိမ့်မယ်။ (ဆ ၃၂:၄။ သီ ၂:၁၁ နဲ့နှိုင်းယှဉ်ပါ။) ဧပြီလလယ်ကနေ အောက်တိုဘာလလယ်အထိက မိုးမရွာသလောက်ပါပဲ။ မိုးမရွာတဲ့ ဒီအချိန်ကာလမှာ ရိတ်သိမ်းခြင်းလုပ်ငန်းတွေ လုပ်ဆောင်ကြတယ်။ ပညာအလိမ္မာ ၂၆:၁ မှာ ရိတ်သိမ်းချိန်နဲ့ ရွာသွန်းတဲ့မိုး မအပ်စပ်ဘူးလို့ ဆိုထားတယ်။ (၁ ရှ ၁၂:၁၇-၁၉ နဲ့ နှိုင်းယှဉ်ပါ။) မိုးရာသီမှာ မိုးအတောမသတ် ရွာနေတာတော့ မဟုတ်ဘူး။ တိမ်ကင်းစင်တဲ့နေ့တွေလည်း ရှိတတ်တယ်။ ဒါပေမဲ့ ချမ်းအေးတဲ့အချိန်ဖြစ်လို့ မိုးရွာတဲ့အခါ အေးစိမ့်နေတယ်။ (ဧဇ ၁၀:၉၊ ၁၃) ဒါကြောင့် သက်သောင့်သက်သာရှိတဲ့ ခိုနားစရာနေရာကို သိပ်တန်ဖိုးထားကြတာပါ။—ရှာ ၄:၆။ ၂၅:၄။ ၃၂:၂။ ယဘ ၂၄:၈။
က၈၈ ၁၀/၁ ၁၉ ပိုဒ်. ၁၂
ပဲ့ပြင်ဆုံးမခံမှုမှ ငြိမ်သက်သောအသီး သီးပွင့်
၁၂ အချို့သူများနှင့်ပတ်သက်၍မူ သု၊ ၂၆:၃ တင်ပြသည်အတိုင်း ထိုထက်ပြင်းထန်သော အပြစ်ဒဏ် စီရင်ချက်ပေးရန် လိုကောင်းလိုမည်။ “မြင်းဖို့နှင်တံ၊ မြည်းဖို့ဇက်ကြိုး၊ မိုက်သောသူ၏ကျောဖို့ ကြိမ်လုံးသည် သင့်ပေ၏။” ကိုယ့်ရှူးကိုယ်ပတ်စေသည့် ဒုက္ခများအားဖြင့် ဣသရေလနိုင်ငံသည် အပြစ်ဒဏ် ခံရရန် ယေဟောဝါ တစ်ခါတစ်ခါ ခံခွင့်ပြုပါသည်။ “ထိုသူတို့သည် ဘုရားသခင်၏ အမိန့်တော်ကို ငြင်းဆန်၍၊ အမြင့်ဆုံးသောဘုရား၏ အကြံတော်ကို မထီမဲ့မြင်ပြု . . . ကြ၏။ ဘုရားသခင်သည် အမှုရောက်စေ၍ သူတို့စိတ်ကို နှိမ့်ချတော်မူ၏။ သူတို့သည် လဲ၍ ထောက်မသောသူမရှိဘဲ၊ ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော်ဟစ်၍ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏။” (ဆာလံ ၁၀၇:၁၀-၁၃) လူမိုက်အချို့မူကား ရောဂါကုသပေးရာ ပဲ့ပြင်မှု အဘယ်အမျိုးအစားဖြင့်မျှ ဆုံးမခြင်းမခံဘဲ ခေါင်းမာလျက်သာနေမည်။ “အထပ်ထပ် ဆုံးမခြင်းကိုခံရသော်လည်း မိမိလည်ပင်းကို ခိုင်မာစေသောသူသည် . . . ရုတ်တရက် ပျက်စီးလိမ့်မည်။”—သု၊ ၂၉:၁။
it-2-E ၁၉၁ ပိုဒ်. ၄
ခြေမသန်၊ ခြေဆွံ့ခြင်း
ဆိုရိုးစကားအနေနဲ့ အသုံးပြုခြင်း။ “ကိစ္စတစ်ခုကို ဉာဏ်တိမ်တဲ့သူရဲ့လက်ထဲ အပ်လိုက်ရင် ကိုယ့်ခြေထောက်ကို မသန်စွမ်းအောင်လုပ်တာ၊ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပေးတာနဲ့ တူတယ်” လို့ ပညာရှိဘုရင် ရှောလမုန် ပြောတယ်။ အမှန်ပါပဲ၊ ဉာဏ်တိမ်သူကို ကိုယ့်လုပ်ငန်းတစ်ခုခု လုပ်စေသူဟာ ကိုယ့်အကျိုးစီးပွားကို မသန်စွမ်း ချည့်နဲ့စေသူဖြစ်တယ်။ ကိုယ့်လုပ်ငန်း ပြိုလဲတာကို အမှန်တကယ် မြင်ရမှာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ပေးတာနဲ့ တူတယ်။—ပ ၂၆:၆။
ဘုရားရေးရာ ရတနာ
it-1-E ၈၄၆
မိုက်မဲသူ
မိုက်မဲသူကို “သူ့ရဲ့မိုက်မဲမှုအတိုင်း၊” သူ့ရဲ့ နိမ့်ကျတဲ့ အငြင်းအခုံလုပ်နည်းအတိုင်း ပြန်ဖြေသူဟာ မိုက်မဲသူရဲ့မခြေမြစ်တဲ့ တွေးခေါ်ပုံ၊ နည်းလမ်းတွေကို သဘောတူရာ ရောက်သွားတယ်။ ဒါကြောင့် မိုက်မဲသူနဲ့ တစ်တန်းတစ်စားတည်း မဖြစ်အောင် “မိုက်မဲသူကို သူ့ရဲ့မိုက်မဲမှုအတိုင်း ပြန်မဖြေနဲ့” လို့ ပညာအလိမ္မာကျမ်းမှာ အကြံပေးထားတာ။ ဒါပေမဲ့ ပညာအလိမ္မာ ၂၆:၄၊ ၅ မှာ “သူ့ရဲ့မိုက်မဲမှုအတိုင်း ပြန်ဖြေပါ” လို့လည်း ဆိုထားတယ်။ သူ့ရဲ့ ဆင်ခြေဆင်လက်ကို ခွဲခြမ်းစိတ်ဖြာပြီး ယုတ္တိမရှိကြောင်း ဖော်ထုတ်ပေးတာ၊ သူ့ငြင်းခုံတာတွေဟာ သူဆွဲယူတဲ့ကောက်ချက်တွေနဲ့ လုံးဝလွဲနေကြောင်း ပြပေးတာက အကျိုးရှိနိုင်ပါတယ်။
ဩဂုတ် ၁၈-၂၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ပညာအလိမ္မာ ၂၇
မိတ်ဆွေစစ်တွေ အကျိုးပြုပုံ
နှိမ့်ချသူတွေကို ယေဟောဝါ တန်ဖိုးထား
၁၂ နှိမ့်ချသူဟာ ဆုံးမပဲ့ပြင်မှုကို ကျေးဇူးတင်လေးမြတ်တယ်။ သင်ဟာ အစည်းအဝေးမှာ ရှိနေတယ် ဆိုပါစို့။ ညီအစ်ကို/မတွေနဲ့ စကားပြောနေတုန်း တစ်ယောက်ယောက်က သင့်ကို ဆွဲခေါ်သွားပြီး သွားမှာ အစာတွေ ကပ်နေတယ်လို့ ပြောပြတယ်။ သင် ရှက်သွားမှာ ဖြစ်ပေမဲ့ ကျေးဇူးတင်မိမှာပဲ။ ဘာကြောင့် စောစော မပြောကြတာလဲလို့တောင် တွေးမိမယ်။ အလားတူပဲ လိုအပ်တဲ့အချိန်မှာ ဆုံးမပဲ့ပြင်ရဲတဲ့ ယုံကြည်သူချင်းကို နှိမ့်ချစွာ ကျေးဇူးတင်သင့်တယ်။ သူ့ကို ရန်သူအဖြစ် မဟုတ်ဘဲ မိတ်ဆွေအဖြစ် သဘောထားသင့်တယ်။—ပညာအလိမ္မာ ၂၇:၅၊ ၆ ကိုဖတ်ပါ။ ဂလ. ၄:၁၆။
it-2-E ၄၉၁ ပိုဒ်. ၃
မိတ်ဆွေရင်းချာ
အပေါင်းအဖော်ကို ယုံကြည်ကိုးစားခြင်း၊ လိုအပ်ချိန်မှာ သူ့ဆီက အကူအညီတောင်းခြင်းနဲ့ပတ်သက်ပြီး ပညာအလိမ္မာကျမ်းမှာ ဒီလိုအကြံပေးထားတယ်– “ကိုယ့်မိတ်ဆွေကို ဒါမှမဟုတ် ဖခင်ရဲ့မိတ်ဆွေကို မပစ်ပယ်ပါနဲ့။ ကိုယ်ဒုက္ခရောက်တဲ့အခါ ညီရင်းအစ်ကိုရဲ့အိမ်ကို မသွားပါနဲ့။ အနားမှာရှိတဲ့ မိတ်ဆွေရင်းချာ [ရှေကင်] ဟာ အဝေးမှာရှိတဲ့ ညီအစ်ကိုထက် ပိုကောင်းတယ်။” (ပ ၂၇:၁၀) ဒီစကားအရ ရင်းနှီးတဲ့ မိသားစု၊ မိတ်ဆွေကို တန်ဖိုးထားသင့်တယ်လို့ ကျမ်းရေးသူ ဆိုလိုချင်ပုံရတယ်။ အကူအညီလိုအပ်ချိန်မှာ အဝေးမှာရှိနေတဲ့ သွေးသားရင်းချာညီအစ်ကိုဆီကထက် အနီးနားမှာ ရှိတဲ့ မိတ်ဆွေရင်းချာဆီကို အကူအညီ တောင်းသင့်တယ်ဆိုပြီး ကျမ်းရေးသူ ဆိုပုံရတယ်။ အဝေးရောက်နေတဲ့ ညီအစ်ကိုဟာ အနားမှာ ရှိတဲ့ မိတ်ဆွေရင်းချာလောက် ကူညီပေးဖို့ အသင့်ဖြစ်မနေတာ ဒါမှမဟုတ် အဆင်မပြေတာ ဖြစ်နေနိုင်လို့ပါ။
လူငယ်တို့၊ ဘယ်လို အသက်တာမျိုး ပိုင်ဆိုင်ချင်သလဲ
၇ မိတ်ဆွေတွေက ကျွန်တော်တို့အပေါ် အတော်အတန် လွှမ်းမိုးနိုင်တယ်။ ဒါကြောင့် ဘုရားကို ချစ်တဲ့၊ ဘုရားစိတ် ရွှင်လန်းစေချင်တဲ့ အပေါင်းအသင်းမျိုး ရွေးရမယ်။ ယောရှအကြောင်း စဉ်းစားကြည့်ပါ။ မိတ်ဆွေ ယောယဒထက် အသက် အများကြီး ငယ်တယ်။ သင်လည်း သက်တူရွယ်တူတွေနဲ့ပဲ မပေါင်းပါနဲ့။ အပေါင်းအသင်း ရွေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလိုဆန်းစစ်ပါ– ‘အပေါင်းအသင်းတွေကြောင့် ငါ ယုံကြည်ခြင်း ပိုခိုင်ခံ့လာသလား။ ဘုရားစံနှုန်းတွေအတိုင်း ပိုနေချင်လာသလား။ ဘုရားအကြောင်း၊ ကျမ်းစာအကြောင်း သူတို့ ထည့်ထည့် ပြောကြသလား။ ဘုရားစံနှုန်းတွေကို လေးစားကြသလား။ ငါ လမ်းလွဲနေတဲ့အခါ အမုန်းခံပြီး တည့်မတ်ပေးကြသလား။’ (ပညာ. ၂၇:၅၊ ၆၊ ၁၇) ယေဟောဝါကို မချစ်တဲ့ အပေါင်းအသင်းတွေဆိုရင် လွှတ်သာ ချလိုက်ပါ။ ယေဟောဝါကို ချစ်တဲ့သူတွေဆိုရင်တော့ အမိအရ ဖမ်းဆုပ်ထားပါ။ သင့်ကို အမြဲ ကူညီပေးကြလိမ့်မယ်။—ပညာ. ၁၃:၂၀။
ဘုရားရေးရာ ရတနာ
နယပုံပြင်ကျမ်းမှ ပေါ်လွင်ချက်များ
၂၇:၂၁။ ချီးမွမ်းခြင်းက ကျွန်ုပ်တို့ အဘယ်လူစားမျိုးဖြစ်ကြောင်း ဖော်ပြနိုင်သည်။ နှိမ့်ချမှုရှိပါက ချီးမွမ်းခံရချိန်တွင် ယေဟောဝါထံ အကြွေးတင်နေကြောင်း အသိအမှတ်ပြုကာ ကိုယ်တော်အား ဆက်ဝတ်ပြုသွားမည်ဖြစ်သည်။ နှိမ့်ချမှုမရှိပါက ချီးမွမ်းခံရသည့်အခါ စိတ်ကြီးဝင်လာသည်။
ဩဂုတ် ၂၅-၃၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ပညာအလိမ္မာ ၂၈
လူဆိုးနဲ့ ဖြောင့်မတ်သူရဲ့ ကွာခြားချက်
ယေဟောဝါနောက် အသင် လုံးလုံးလိုက်ပါသလော
“ဖြောင့်မတ်သောသူမူကား ခြင်္သေ့ကဲ့သို့ ရဲရင့်တတ်၏။” (သု၊ ၂၈:၁) သူတို့သည် ယုံကြည်ခြင်းတင်ပြကာ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ယုံကြည်အားထား၍ ဘေးရန်များကြား ယေဟောဝါ၏ လုပ်ငန်းတော်ကို ရဲရင့်စွာ ဆက်လက်ဆောင်ရွက်ကြပါသည်။
it-2-E ၁၁၃၉ ပိုဒ်. ၃
သိနားလည်နိုင်စွမ်း
ပင်ရင်းကနေ လှည့်ထွက်သူ။ အပြစ်ကျူးလွန်သူဟာ ဆုံးဖြတ်ချက်ချတဲ့အခါ၊ တစ်ခုခု စီစဉ်တဲ့အခါ ဘုရားကို ထည့်မတွက်ဘူး။ (ယဘ ၃၄:၂၇) ကိုယ့်အမှားကို အမှားလို့ မမြင်တော့ဘူး၊ ထိုးထွင်းဉာဏ် မရှိတော့ဘူး။ (ဆာလံ ၃၆:၁-၄) ဘုရားကို ကိုးကွယ်တယ်လို့ ပြောပေမဲ့ ဘုရားထက် လူ့သွန်သင်ချက်ကို ပိုအလေးထားတယ်။ လူ့သြဝါဒတွေကို ပိုနှစ်သက်တယ်။ (ရှာ ၂၉:၁၃၊ ၁၄) သူ့ရဲ့ ရှက်စရာလုပ်ရပ်တွေအတွက် ဆင်ခြင်ပေးတယ်၊ “ဆော့ကစား” ရုံပါပဲလို့ ရှာကြံအကြောင်းပြလာတယ်၊ (ပ ၁၀:၂၃) သူ့ရဲ့ကျိုးကြောင်းဆင်ခြင်ပုံဟာ လွဲမှား၊ စဉ်းစားဉာဏ်မဲ့၊ မိုက်မဲလာတယ်။ မျက်စိနဲ့မမြင်နိုင်တဲ့ ဘုရားဟာ သူအမှားလုပ်တာကို မြင်မှာ၊ သတိပြုမိမှာ မဟုတ်ဘူးလို့တောင် စိတ်ကြီးဝင်တဲ့အထိ အစွန်းရောက်လာပြီး ဘုရားမှာ သိမြင်နားလည်နိုင်စွမ်းတွေ မရှိတော့သယောင် ယူမှတ်လာတယ်။ (ဆ ၉၄:၄-၁၀။ ရှာ ၂၉:၁၅၊ ၁၆။ ယေ ၁၀:၂၁) သူ့လမ်းစဉ်နဲ့ လုပ်ရပ်တွေက “ယေဟောဝါ မရှိဘူး” လို့ပြောနေတဲ့သဘော သက်ရောက်နေတယ်။ (ဆ ၁၄:၁-၃) ကိုယ်တော်ကို ‘ထည့်မတွက်ဘူး’။ ဘုရားရဲ့မူတွေ လမ်းညွှန်မခံယူလို့ ကိစ္စရပ်တွေကို သူ မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်ဘူး၊ အရေးကိစ္စတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး၊ ကိစ္စရပ်တွေကို အကဲမဖြတ်နိုင်ဘူး၊ မှန်ကန်တဲ့ ဆုံးဖြစ်ချက်တွေ မချနိုင်ဘူး။—ပ ၂၈:၅။
it-1-E ၁၂၁၁ ပိုဒ်. ၄
သမာဓိ
သမာဓိရှိရှိ လျှောက်လှမ်းနိုင်သူဟာ သူ့ရဲ့ ကိုယ်ကျင့်တရား ကြံ့ခိုင်လို့မဟုတ်ဘဲ ယေဟောဝါနဲ့ ကိုယ်တော်ရဲ့ ကယ်တင်နိုင်စွမ်းကို နက်နက်ရှိုင်းရှိုင်း ယုံကြည်ကိုးစားလို့သာ ဖြစ်နိုင်တာပါ။ (ဆ ၂၅:၂၁) ဘုရားဟာ “ဒိုင်းလွှား” နဲ့ “ရဲတိုက်” ဖြစ်မယ်လို့ ကိုယ်တော် ကတိပေးထားတယ်၊ “သစ္စာစောင့်သိသူတွေရဲ့ လမ်းကို စောင့်ရှောက်ပေးတယ်။” (ပ ၂:၆-၈။ ၁၀:၂၉။ ဆ ၄၁:၁၂) ယေဟောဝါရဲ့စိတ်နဲ့တွေ့ဖို့ သူတို့ စွဲစွဲမြဲမြဲအာရုံစိုက်ကြလို့ သူတို့ရဲ့အသက်တာဟာ တည်ငြိမ်ပြီး သူတို့ရဲ့ ပန်းတိုင်ဆီ တည့်တည့်မတ်မတ် လိုက်လျှောက်စေနိုင်တာပါ။ (ဆ ၂၆:၁-၃။ ပ ၁၁:၅။ ၂၈:၁၈) ယောဘ မြင်တွေ့ခဲ့တဲ့အတိုင်း၊ အပြစ်မဲ့သူဟာ ဆိုးယုတ်သူရဲ့ အုပ်ချုပ်မှုကြောင့် ဒုက္ခရောက်နိုင်တယ်၊ ဆိုးယုတ်သူနဲ့အတူ သေဆုံးနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါက အပြစ်မဲ့သူရဲ့ ဘဝကို သိရှိတယ်ဆိုတာ စိတ်ချဖို့ ပြောတယ်၊ သူ့ရဲ့အမွေ ဆက်တည်ရှိနေမယ်၊ သူ့ရဲ့အနာဂတ် ငြိမ်းချမ်းနေမယ်၊ သူ့ကို ကောင်းမွန်ရာတွေ မပေးဘဲမနေဘူး။ (ယဘ ၉:၂၀-၂၂။ ဆ ၃၇:၁၈၊ ၁၉၊ ၃၇။ ၈၄:၁၁။ ပ ၂၈:၁၀) ဒါကြောင့် ယောဘဖြစ်ရပ်မှာလို၊ လူတစ်ယောက်ကို တကယ် တန်ဖိုးရှိစေတာ၊ လေးစားထိုက်စေတာက ပစ္စည်းဥစ္စာမဟုတ်ဘဲ သမာဓိစောင့်သိခြင်းပါ။ (ပ ၁၉:၁။ ၂၈:၆) အဲဒီလိုလူမျိုးကို မိဘအဖြစ် ရထားတဲ့ ကလေးတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ (ပ ၂၀:၇) ဖခင်ရဲ့ ပုံသက်သေကောင်းကို အမွေအနှစ်အဖြစ် ရရှိကြတယ်။ ဖခင်ရဲ့ နာမည်ကောင်းကြောင့်လည်း လေးစားမှု ခံစားကြရတယ်။
ဘုရားရေးရာ ရတနာ
ဝိညာဉ်ရေး နှလုံးရပ်တန့်ခြင်းကို သင်ရှောင်နိုင်
ယုံကြည်စိတ်ချလွန်းခြင်း။ နှလုံးရပ်သွားသူအများသည် သူတို့နှလုံး မရပ်မီကလေးတွင် သူတို့၏ နှလုံးအခြေအနေနှင့်ပတ်သက်ပြီး လွန်စွာ ယုံကြည်စိတ်ချလွန်းခဲ့သူများ ဖြစ်ကြသည်။ သူတို့သည် ကျန်းမာရေးစစ်ဆေးရန် မကြာခဏ ပျက်ကွက်ကြသည် သို့မဟုတ် ယင်းကို လုံးဝမလိုအပ်ဟုပင် ပြက်ရယ်ပြုခဲ့ကြသည်။ ထိုနည်းတူ၊ အချို့က မိမိတို့သည် ခရစ်ယာန်များဖြစ်နေကြသည်မှာ အတန်ကြာပြီဖြစ်၍ အဘယ်အမှုမျှ မဖြစ်နိုင်တော့ဟု ယူမှတ်ကြပေမည်။ သူတို့သည် ဘေးမသင့်မီအထိ ဝိညာဉ်ရေး စစ်ဆေးခံရန် သို့မဟုတ် မိမိကိုယ်ကို စစ်ဆေးရန် လျစ်လျူရှုခဲ့ကြပေမည်။ ယုံကြည်စိတ်ချလွန်းခြင်းနှင့်စပ်လျဉ်း၍ တမန်တော်ပေါလုပြောသော ဤဆုံးမစကားကောင်းကို စိတ်ထဲစွဲမှတ်ဖို့ အရေးကြီးပါသည်– “အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏၊ ထိုသူသည် မလဲခြင်းငှာ သတိပြုစေ။” ကျွန်ုပ်တို့၏မစုံလင်မှု သဘောသဘာဝကို ဝန်ခံပြီး ကျွန်ုပ်တို့၏ ဝိညာဉ်ရေးအခြေအနေကို ပုံမှန်စစ်ဆေးခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်သည်။—၁ ကောရိန္သု ၁၀:၁၂; သု. ၂၈:၁၄။