ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၉၃ စာ. ၄
  • နားထောင်လိုသူများဖြစ်စေရန် ကြိုးစားပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နားထောင်လိုသူများဖြစ်စေရန် ကြိုးစားပေး
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်သားတော် ယေရှုခရစ်အကြောင်းသိရှိလာရန် သူတစ်ပါးကို ကူညီလေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ကျွန်ုပ်တို့မဂ္ဂဇင်းများကို တစ်အိမ်မှတစ်အိမ် အသုံးပြုခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ခိုင်မြဲသောအုတ်မြစ်ပေါ် တည်ဆောက်ကြရန် သိုးကဲ့သို့သောသူများအား ကူညီပေး
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • အကြီးမြတ်ဆုံးလူသားစာအုပ်ကို ဝေငှခြင်းငှာဝေစာများ အသုံးပြု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နဓ ၈/၉၃ စာ. ၄

နားထောင်လိုသူများဖြစ်စေရန် ကြိုးစားပေး

၁ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ကျွန်ုပ်တို့တွေ့ဆုံသူအများသည် ဝိညာဏရေးရာများကို မတွေးတောမဆင်ခြင်ကြပါ။ မိသားစုအရေး၊ စီးပွားရေးကြပ်တည်းမှု၊ သို့မဟုတ် ကိုယ်ရေးကိုယ်တာပြဿနာများကိုသာ စိတ်ဝင်စားနေကြပေမည်။ စကားစမြည်စတင်ရန် ရပ်ကွက်သူရပ်ကွက်သားအများစု စိတ်ဝင်စားလေ့ရှိသောအကြောင်းကို ပြောဆိုလျှင် အကောင်းဆုံးဖြစ်ပေမည်။ စိတ်ဝင်စားမှုကိုနှိုးဆော်ပေးရန် မေးခွန်းများမေးနိုင်ပါသည်။ ယင်းသို့ပြုခြင်းက စကားစမြည်ပြောဆိုရာတွင် အိမ်ရှင်ကိုပါ ပါဝင်စေပါသည်။ လူတို့အား ရှက်စရာမဖြစ်စေသည့် ကြည့်မြင်ချက်မေးခွန်းများသည် အထိရောက်ဆုံးဖြစ်သည်။

၂ ဤကဲ့သို့သော ချဉ်းကပ်နည်းကိုအသုံးပြုခြင်းအားဖြင့် နားထောင်လိုစိတ် ပေါ်ပေါက်စေနိုင်လိမ့်မည်။

▪ “မင်္ဂလာပါ။ ကျွန်တော်နာမည်က _______ ဖြစ်ပါတယ်။ ဒီရပ်ကွက်သားဘဲဖြစ်တယ်။ ဒီမနက် ကျွန်တော်တွေ့ဆုံစကားပြောခွင့်ရခဲ့သူအများဟာ [များမကြာမီက ရပ်ကွက်တွင်ဖြစ်ပျက်ခဲ့သည့် အရေးကိစ္စတစ်ခု၊ သို့မဟုတ် ရပ်ကွက်၏စိတ်ဝင်စားရာတစ်ခုကိုဖော်ပြ] ကိုစိတ်ဝင်စားကြတယ်။ ကမ္ဘာကြီးကို ဒီလိုဘဲဖြစ်စေဖို့ ဘုရားသခင် ရည်ရွယ်တယ်ထင်သလား။” ဖြေဆိုပါစေ။ ဤအချိန်တွင် ကမ္ဘာသစ်တွင် ငြိမ်းချမ်းသောအသက်တာဝေစာကို တင်ပြနိုင်ပါသည်။ စာမျက်နှာ ၁ ပါရုပ်ပုံနှင့် အပိုဒ် ၁-၃ ပါအကြောင်းကို အချိန်ရသ၍ အကျဉ်းချုပ်ဆွေးနွေးပါ။ စိတ်ဝင်စားမှုတွေ့ရှိပါက ထာဝစဉ်အသက်ရှင်နိုင်သည်စာအုပ်ကို တင်ပြနိုင်ပါသည်။ စာမျက်နှာ ၁၅၇ တွင်ကိုးကားထားသည့် ဆာလံ ၃၇:၉၊ ၁၀ ကိုစာအုပ်မှပင် ဖတ်ပြနိုင်ပါသည်။ စာမျက်နှာ ၁၅၆-၇ ပါရုပ်ပုံကိုအသုံးပြုကာ ဆိုးသွမ်းမိုက်မဲမှု မရှိသည့်အခါ ကမ္ဘာတစ်ဝန်းတွေ့ရှိမည့် ဖြောင့်မတ်သောအခြေအနေများအကြောင်း ရှင်းပြနိုင်ပါသည်။

၃ နောက်ဆုံးထုတ် ကင်းမျှော်စင်နှင့်နိုးလော့တို့ကိုဝေငှရန် အမြဲအသင့်ရှိပါ။ နေရာအနှံ့ရှိ လူအများသည် စာရိတ္တယိုယွင်းမှုကြောင့် ထိတ်လန့်နေကြပါသည်။ ဩဂုတ် ၈ ရက်ထုတ် အင်္ဂလိပ်နိုးလော့ကိုဖတ်သည့်အခါ သင့်ရပ်ကွက်ရှိသူများ စိတ်ဝင်စားမည်ထင်သည့် အချက်အချို့ကို ရွေးချယ်ပါ။ လက်ရှိအခြေအနေဆိုးများကို ကြာရှည်ဖော်ပြနေမည့်အစား အိမ်ရှင်အား “အကောင်းဆုံး စာရိတ္တစံချိန်” ဆောင်းပါးကိုပြပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်ပါ ဩဝါဒကိုလိုက်လျှောက်ခြင်းအကျိုးကို အပြုသဘောရှိရှိ ပြောဆိုပါ။ နောက်ပိုင်းတွင် ဩဂုတ် ၂၂ ရက်ထုတ်အင်္ဂလိပ်နိုးလော့ကိုပြသည့်အခါ “လူမျိုးအပေါင်း ငြိမ်သက်စွာနေထိုင်သည့်အခါ” ဆောင်းပါးကို ပြပါ။ လူမျိုးအချင်းချင်း ငြိမ်သက်စွာနေနိုင်သည့် ကျမ်းစာသြဝါဒကို ပေါ်လွင်စေပါ။ (ဤလထုတ်များမရှိပါက ရှိသည့်မဂ္ဂဇင်းများကို အသုံးပြုပါ။) မဂ္ဂဇင်းများဝေငှရန် အထူးနည်းလမ်းများကိုသုံးသည့်အပြင် ကင်းမျှော်စင်နှင့်နိုးလော့ နောက်ဆုံးထုတ်နှင့်ယခင်လထုတ်များကို အချိန်မရွေး ဝေငှနိုင်ပါသည်။

၄ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ ဘုရားသခင့်နိုင်ငံတော်သတင်းကို စိတ်ဝင်စားမှုနှိုးဆွပေးလိုရန်ဖြစ်ကြောင်း သတိရပါ။ နားထောင်လိုသူများဖြစ်စေရန် အိမ်ရှင်၏အာရုံကို ဦးစွာဆွဲဆောင်ပြီး သူ၏စဉ်းစားဉာဏ်ကို နှိုးဆွပေးရမည်။ ယင်းသို့ပြုခြင်းအားဖြင့် လူသားအတွက် ရည်ရွယ်တော်မူချက်နှင့်စပ်လျဉ်း၍ စစ်မှန်သော “ထာဝရအရှင်ဘုရားသခင် [ယေဟောဝါ၊ ကဘ] သည် အဘယ်သို့မိန့်တော်မူမည်ကို” သိုးကဲ့သို့သောသူများအား နားထောင်ချင်စိတ် ရှိစေပါမည်။—ဆာ၊ ၈၅:၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ