ဟေရှာယ
၁ ယုဒဘုရင်တွေဖြစ်တဲ့+ ဩဇိ၊+ ယောသံ၊+ အာခတ်၊+ ဟေဇကိတို့+ လက်ထက်မှာ ယုဒပြည်၊ ဂျေရုဆလင်မြို့နဲ့ပတ်သက်ပြီး အာမွတ်ရဲ့သား ဟေရှာယ*+ မြင်ရတဲ့ စိတ်အာရုံကတော့–
၂ ကောင်းကင်၊ နားထောင်ပါ။ ကမ္ဘာမြေ၊ အာရုံစိုက်ပါ။+
ယေဟောဝါ ပြောတာက–
၃ နွားတောင်မှ သခင်ကို သိတယ်။
မြည်းကလည်း သခင်ကျွေးတဲ့ စားခွက်ကို သိတယ်။
အစ္စရေးတွေကတော့ ငါ့ကို မသိကြပါလား။+
ငါ့လူတွေ သိနားလည်မှု မရှိကြပါလား။”
အမှားဝန်ပိနေတဲ့လူမျိုး၊
ဆိုးညစ်သူတွေရဲ့ မျိုးဆက်၊ အကျင့်ပျက်တဲ့ သားသမီးတွေ အဖြစ်ဆိုး ကြုံရလိမ့်မယ်။
ယေဟောဝါကို သူတို့ စွန့်ခွာသွားကြပြီ။+
အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်ကို မခန့်လေးစားလုပ်ပြီး
ကျောခိုင်းသွားကြပြီ။
၅ ဘာလို့များ ထပ်ခါထပ်ခါ ပုန်ကန်ပြီး အပြစ်ဒဏ် ခံချင်နေရတာလဲ။+
တစ်ခေါင်းလုံး ဒဏ်ရာတွေ ပြည့်နေပြီ။
နှလုံးကလည်း ရောဂါစွဲနေတယ်။+
၆ ခြေဆုံးခေါင်းဆုံး အနာတွေချည်းပဲ။
ဒဏ်ရာတွေ၊ ဖူးရောင်နာတွေ၊ ကွဲထွက်နေတဲ့ အနာတွေချည်းပဲ။
ဒဏ်ရာတွေကို ဆေးမထည့်ထားဘူး။ ပတ်တီး မစည်းထားဘူး။ ဆီမလိမ်းထားဘူး။+
၇ မင်းတို့ရဲ့ပြည်ဟာ လူသူကင်းမဲ့နေပြီ။
မြို့တွေလည်း မီးလောင်ပြာကျသွားပြီ။
တိုင်းတစ်ပါးသားတွေက မင်းတို့ရှေ့မှာတင် ပြည်ကို ဝါးမျိုလိုက်ပြီ။+
တိုင်းပြည်ဟာ တိုင်းတစ်ပါးသား လက်ချက်နဲ့ လွင်တီးခေါင်ဖြစ်နေပြီ။+
၈ ဇိအုန်သမီးပျိုဟာ စပျစ်ခြံထဲက တဲလို၊
သခွားခင်းထဲက တဲကုပ်လို၊
ဝိုင်းရံပိတ်ဆို့ခံရတဲ့ မြို့လို ဖြစ်ကျန်ခဲ့ပြီ။+
၉ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကသာ လူအနည်းငယ်ကို မချန်ထားခဲ့ရင်
ငါတို့ဟာ သောဒုံမြို့လို ဖြစ်နေလောက်ပြီ။
ဂေါမောရမြို့နဲ့ တူနေလောက်ပြီ။+
၁၀ သောဒုံမြို့ရဲ့ အာဏာရှင်တို့၊ ယေဟောဝါရဲ့ စကားကို နားထောင်ကြ။+
ဂေါမောရမြို့သားတို့၊ ဘုရားသခင်ရဲ့ ပညတ်ကို အာရုံစိုက်ကြ။+
၁၁ ယေဟောဝါပြောတာက– “မင်းတို့ဆက်သတဲ့ ပူဇော်သက္ကာ အမြောက်အမြားဟာ ငါ့အတွက် ဘာအကျိုးရှိမှာလဲ။+
မင်းတို့ပူဇော်တဲ့ သိုးထီးတွေ၊+ ဆူဖြိုးတဲ့တိရစ္ဆာန် အဆီတွေကို+ ငါစိတ်ကုန်နေပြီ။
နွားထီးပျိုတွေ၊+ သိုးသငယ်တွေ၊ ဆိတ်တွေရဲ့+ သွေးကိုလည်း+ ငါမလိုချင်ဘူး။
၁၃ အချည်းနှီးဖြစ်တဲ့ ကောက်နှံပူဇော်သက္ကာတွေကို မယူလာနဲ့တော့။
မင်းတို့ပူဇော်တဲ့ နံ့သာပေါင်းကို ငါရွံတယ်။+
မင်းတို့ရဲ့ လဆန်းနေ့တွေ၊+ ဥပုသ်နေ့တွေ၊+ အစည်းအဝေးကြီးတွေ၊+
မှော်အတတ်သုံးတဲ့+ အထူးအစည်းအဝေးပွဲတွေကို ငါသည်းမခံနိုင်တော့ဘူး။
၁၄ မင်းတို့ရဲ့ လဆန်းနေ့တွေ၊ ပွဲတွေကို ငါမုန်းတယ်။
အဲဒါတွေဟာ ငါ့အတွက် ဝန်ထုပ်ဝန်ပိုးပဲ။
ထမ်းထားရတာ ပင်ပန်းလှပြီ။
မင်းတို့ရဲ့လက်တွေ သွေးစွန်းနေတာကိုး။+
၁၆ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆေးကြောကြ။ စင်ကြယ်အောင် လုပ်ကြ။+
ယုတ်မာတဲ့ လုပ်ရပ်တွေကို ငါ့ရှေ့ကနေ ဖယ်ရှားကြ။
မကောင်းမှုတွေ မကျူးလွန်ကြနဲ့တော့။+
၁၇ ကောင်းတာလုပ်ဖို့ သင်ယူပါ။ တရားမျှတစွာ လုပ်ဆောင်ဖို့ ရှာကြံကြပါ။+
ဖိနှိပ်တတ်သူကို တည့်မတ်ပေးပါ။
မိဘမဲ့ကလေးရဲ့ ရပိုင်ခွင့်ကို ခုခံကာကွယ်ပေးပါ။
မုဆိုးမရဲ့အမှုကို လျှောက်လဲပေးပါ။”+
၁၈ ယေဟောဝါပြောတာက– “လာကြ။ ငါတို့ရဲ့အမှုကို ဖြေရှင်းကြစို့။+
မင်းတို့ရဲ့အပြစ်တွေဟာ ကြက်သွေးရောင် ထနေရင်တောင်
နှင်းပွင့်လို ဖြူဖွေးသွားမယ်။+
ကတ္တီပါလို နီရဲနေရင်တောင်
သိုးမွေးလို ဖြူဖွေးသွားမယ်။
ဒါဟာ ယေဟောဝါရဲ့ နှုတ်ထွက်စကားပဲ။”
၂၁ တစ်ခါတုန်းက သစ္စာရှိခဲ့တဲ့မြို့ဟာ+ ဘယ်လိုလုပ် ပြည့်တန်ဆာဖြစ်သွားတာလဲ။+
တရားမျှတမှု ကြီးစိုးခဲ့တဲ့မြို့၊+
ဖြောင့်မတ်မှု တည်ရှိခဲ့တဲ့မြို့မှာ+
အခုတော့ လူသတ်သမားတွေပဲ ရှိနေတယ်။+
၂၂ မင်းရဲ့ငွေဟာ ချော်* ဖြစ်ကုန်ပြီ။+
မင်းရဲ့ဘီယာလည်း ရေနဲ့ရောနေတယ်။
၂၃ မင်းရဲ့ ခေါင်းဆောင်တွေဟာ ခေါင်းမာသူတွေ၊ သူခိုးကြံရာပါတွေပဲ။+
လာဘ်စားရတာကို သူတို့နှစ်သက်တယ်၊ တံစိုးလက်ဆောင်တွေနောက် တကောက်ကောက် လိုက်တတ်တယ်။+
မိဘမဲ့ကလေးတွေအတွက် တရားမျှတစွာ မစီရင်ပေးဘူး။
မုဆိုးမရဲ့အမှုကလည်း သူတို့ဆီ ဘယ်တော့မှ မရောက်ဘူး။+
၂၄ ဒါကြောင့် စစ်မှန်တဲ့သခင်၊ အစ္စရေးတို့ရဲ့ တန်ခိုးကြီးရှင်၊
ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက–
“ကဲ၊ ငါ့ရန်သူတွေကို ဖယ်ရှားတော့မယ်။
ငါလက်စားချေမယ်။+
၂၅ မင်းကို ငါပြစ်ဒဏ်ပေးမယ်။
မင်းရဲ့ချော်တွေကို ပြာရည်သုံးပြီး ဖယ်ထုတ်သလို ဖယ်ထုတ်မယ်။
အညစ်အကြေးအားလုံးကို ဖယ်ရှားမယ်။+
၂၆ တရားသူကြီးတွေကို နဂိုတုန်းကလို ငါပြန်ခန့်မယ်။
အကြံပေးသူတွေကို အရင်တုန်းကလို ပြန်ခန့်မယ်။+
နောက်ပိုင်းမှာတော့ မင်းကို ဖြောင့်မတ်တဲ့မြို့၊ သစ္စာရှိတဲ့မြို့လို့ ခေါ်ကြလိမ့်မယ်။+
၂၇ ဇိအုန်မြို့ကို တရားမျှတမှုနဲ့ ပြန်ရွေးယူမယ်။+
ပြန်လာတဲ့ မြို့သူမြို့သားတွေကို ဖြောင့်မတ်မှုနဲ့ ပြန်ရွေးယူမယ်။
၂၈ ပုန်ကန်သူတွေနဲ့ အပြစ်လုပ်သူတွေ အတူပျက်စီးသွားလိမ့်မယ်။+
ယေဟောဝါကို စွန့်ခွာသူတွေလည်း ဇာတ်သိမ်းသွားလိမ့်မယ်။+
၂၉ မင်းတို့တပ်မက်ခဲ့တဲ့ သစ်ပင်ကြီးတွေကြောင့် အရှက်ကွဲရလိမ့်မယ်။+
မင်းတို့ရွေးချယ်တဲ့ ဥယျာဉ်တွေကြောင့်* ရှုတ်ချခံရလိမ့်မယ်။+
၃၁ သန်မာတဲ့သူဟာ လျှော်ကြိုးလို၊
သူ့လုပ်ဆောင်မှုဟာ မီးပွားလို ဖြစ်သွားမယ်။
နှစ်ခုစလုံး အတူလောင်ကျွမ်းသွားမယ်။
ငြိမ်းသတ်မယ့်သူ ရှိမှာ မဟုတ်ဘူး။”