ဇန်နဝါရီလအတွက်လုပ်ငန်းတော်စည်းဝေးများ
ဇန်နဝါရီ ၂ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ သက်ဆိုင်ရာ ကြေညာချက်များ။
၁၇ မိ– “လုပ်ကိုင်စရာ အမြဲများနေ။” မေးဖြေ။ အကြီးအကဲတစ်ဦး၊ အိမ်ရှင်မတစ်ဦး သို့မဟုတ် ရှေ့ဆောင်တစ်ဦးဖြစ်သူ အလုပ်များသူ နှစ်ဦးသုံးဦးကို အကျဉ်းချုပ် ခေါ်မေးမြန်းပါ; မအားမလပ်ရသည့်ကြား သူတို့ပျော်ရွှင်မှုမပျောက်မလွင့်ဘဲ မည်သို့ပြုလုပ်နိုင်ခဲ့ကြောင်းကို ရှင်းပြစေပါ။
၁၈ မိ– “ကျွန်ုပ်တို့၏ မဂ္ဂဇင်းများနှင့် စာအုပ်အဟောင်းများကို ကောင်းစွာအသုံးပြုခြင်း။” ပရိသတ်နှင့် ဆွေးနွေး။ အဘယ်စာအုပ်အဟောင်းများ ရှိကြောင်းကို အသင်းတော်အား အသိပေးပါ; အမှုဆောင်ရာတွင် အသုံးပြုရန် လိုအပ်ရာများကို ထုတ်ယူကြဖို့ အားပေးပါ။ အကြံပြုထားသည့် တင်ဆက်ပုံ တစ်ခု၊ နှစ်ခုကို သရုပ်ပြဖို့ စီစဉ်ပါ။
သီချင်း ၁၈၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၉ တွင် စမည့်အပတ်
၁၃ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ သင်ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသည့်အခါ (လိပ်) ဘရိုရှာပါ စိတ်ဝင်စားစရာအချက်အလက်များကို ပြန်သုံးသပ်ပါ။ ဘရိုရှာများကို အမြဲသယ်ဆောင်ကာ အခန့်သင့်တိုင်း ဝေငှဖို့ အားပေးပါ။ သီအိုကရက်တစ်သတင်း။
၁၇ မိ– “လယ်ကွင်းတွင်အသုံးပြုနိုင်သည့် နိဒါန်းများ။” ဟောပြော၍ သရုပ်ပြရန်။ ကြိုက်ရာနိဒါန်း တစ်ခုနှစ်ခုကို ရွေးချယ်နိုင်သည်။
၁၅ မိ– ယုံကြည်ခြင်းအတွက် စိန်ခေါ်ချက်ဖြစ်သော ကျန်းမာရေးအခြေအနေကို ရင်ဆိုင်ရန် အသင့်ရှိနေပါသလော။ ကြိုတင် ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်/လွတ်ငြိမ်းခြင်းကတ်နှင့် မှတ်ပုံတင်ကတ်၏ အကာအကွယ်ဖြစ်သော တန်ဖိုးကို ညီအစ်ကိုများ နားလည်ရန် တတ်ကျွမ်းသောအကြီးအကဲတစ်ဦး အလေးအနက်နှင့် အားတက်သရော ဟောပြောရန်။ လွန်ခဲ့သောနှစ် ဇန်နဝါရီလ အစီအစဉ်အတိုင်း ပြန်ပြုလုပ်ပါ။ ကတ်ပြားများကိုဖြည့်စွက်ခြင်းဖြင့် ဤအကာအကွယ် ရနိုင်ခွင့်ရှိသူများ ရလိုလျှင် ရယူနိုင်သည်။ အသေးစိတ်ကို ၁၉၉၄ ဇန်နဝါရီ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၂၊ “ဇန်နဝါရီ ၁၀ တွင်စမည့်အပတ်” အောက်ပါ အကြောင်းကိုရှု။
သီချင်း ၁၉၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၁၆ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ ပြောဆိုနိုင်သောအချက်များကို ဆွေးနွေး။ ဤအပတ် စနေ၊ တနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်း၌ အားလုံးပါဝင်နိုင်ရန် အားပေး။
၁၈ မိ– ဒေသလိုအပ်ရာများ။
၁၇ မိ– “ပြန်လည်ပတ်မှုများ ပြုလုပ်ခြင်းအားဖြင့် သင်၏ဂရုစိုက်မှုကို တင်ပြပါ။” ကြေညာသူ သုံးလေးဦးသည် ပြန်လည်ပတ်မှုများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ယင်း၏အရေးကြီးမှုကို ဆွေးနွေးကြ၏။ သင်အံမှုများစတင်ခြင်းပန်းတိုင်ကို အလေးအနက်ပေါ်လွင်စေပါ။ အကြံပြုထားသည့် တင်ဆက်ပုံများကို ပြန်ဆွေးနွေးပါ။ ယင်းအုပ်စုနှင့် သရုပ်ပြခန်း တစ်ခုနှစ်ခု တင်ဆက်ကာ ချီးမွမ်းစကားပြောဆို၍ တိုးတက်နိုင်စရာနည်းလမ်းအတွက် အကြံပေးပါ။
သီချင်း ၁၉၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၂၃ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၀ မိ– အမှုဆောင်ထွက်နည်းသည့် ရပ်ကွက်။ ရပ်ကွက်တစ်ခုကို တာဝန်ယူလိုသည့် ကြေညာသူများအား စောစောလျှောက်ထားကြရန် တိုက်တွန်းပါ။ အနီးအနားရှိ အသင်းတော်များ၏ ရပ်ကွက်တွင် အကူအညီပေးလိုသော ကြေညာသူများရှိလျှင် တိုက်နယ်ကြီးကြပ်မှူးကို အသင်းတော် လုပ်ငန်းတော်ကော်မတီမှတစ်ဆင့် အဆက်အသွယ်ပြုလုပ်သင့်သည်။
၁၀ မိ– သီအိုကရက်တစ်ဓမ္မအမှုကျောင်းလမ်းညွှန်စာအုပ် စာမျက်နှာ ၉၊ အပိုဒ် ၁၂ ကိုအခြေခံ၍ သင့်အသင်းတော်နှင့်သက်ဆိုင်ပုံကို ဟောပြောပါ။ ကင်းမျှော်စင်၊ နိုဝင်ဘာ ၁၊ ၁၉၉၄၊ စာမျက်နှာ ၂၈-၃၁ ပါ၊ “သီအိုကရက်တစ် စာကြည့်တိုက်တစ်ခု ဖွဲ့စည်းပုံ” ကိုညွှန်းပါ။
၁၅ မိ– “ကိုယ်ပိုင်လေ့လာမှု—စဉ်းစားစရာကိစ္စ။” မေးဖြေ။ ကင်းမျှော်စင်၊ ဇွန် ၁၅၊ ၁၉၈၆၊ စာမျက်နှာ ၁၂-၁၇ မှသက်ဆိုင်ရာအချက်အလက်များကို ထည့်ဖော်ပြပါ။
သီချင်း ၁၁၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၃၀ တွင် စမည့်အပတ်
၇ မိ– ဒေသကြေညာချက်များ။
၂၅ မိ– “သက်ကြီးရွယ်အိုများကို ခရစ်ယာန်မေတ္တာပြခြင်း။” (က၉၄ ၈/၁ စ. ၂၇) သင့်အသင်းတော်ရှိ သက်ကြီးရွယ်အိုများအတွက် အစီအစဉ်ကို ရှင်းပြပါ။
၁၃ မိ– “သက်သေခံများ အဘယ်ကြောင့် လည်ပတ်မြဲလည်ပတ်ကြသနည်း။” (က၉၄ ၈/၁၅ စ. ၈) ဟောပြောပါ။ ဤမေးခွန်းကိုအမေးခံရသည့်အခါ ကြေညာသူတစ်ဦး မည်သို့ဖြေဆိုနိုင်ကြောင်း သရုပ်ပြခန်းပါ ထည့်သွင်းပါ။
သီချင်း ၁၉၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။