ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၉၈ စာ. ၂
  • စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • စက်တင်ဘာ ၇ တွင်စမည့်အပတ်
  • စက်တင်ဘာ ၁၄ တွင်စမည့်အပတ်
  • စက်တင်ဘာ ၂၁ တွင်စမည့်အပတ်
  • စက်တင်ဘာ ၂၈ တွင်အစပြုမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နဓ ၉/၉၈ စာ. ၂

စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

စက်တင်ဘာ ၇ တွင်စမည့်အပတ်

သီချင်း ၂၈

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ “အကြံပြုချက်” ဟူသည့်လေးထောင့်ကွက်ကို သုံးသပ်ပါ။

၁၅ မိ– “သာ၍ကြီးသောအမှုများကို ကျွန်ုပ်တို့ပြုနိုင်။” မေးဖြေရန်။ လုပ်ငန်းတော်နှစ်သစ်အတွက် ထိုက်သင့်လျော်ကန်သောပန်းတိုင်များချမှတ်ဖို့နှင့် ယင်းတို့ကိုအထမြောက်ရန် ကြိုးစားဖို့ အားလုံးကိုတိုက်တွန်းပါ။—ကျွန်ုပ်တို့၏ဓမ္မအမှု၊ စာမျက်နှာ ၁၁၆-၁၈ ရှု။

၂၀ မိ– “ရှေ့ဆောင်များသည် အခြားသူများကိုထောက်ကူပေး။” သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှ လေ့ကျင့်ပေးမှုအပြင် ဓမ္မအမှုတွင် အခြားသူများအား တစ်ဦးစီကူညီပေးရန် ရှေ့ဆောင်များအတွက် ပြုလုပ်ထားသည့်အစီအစဉ်များကို အကြီးအကဲတစ်ဦးရှင်းပြသည်။ သူသည် ဆောင်းပါးကိုအခြေခံပြီး မေးခွန်းများထုတ်ကာ ပရိသတ်များထံမှ၊ အထူးသဖြင့် အစီအစဉ်တွင်ပါဝင်သည့် ရှေ့ဆောင်များနှင့်ကြေညာသူများထံမှ မှတ်ချက်များပေးရန်ဖိတ်ခေါ်သည်။ ယင်းအစီအစဉ်မှ အကောင်းဆုံးအကျိုးရလဒ်များရရှိပုံကို သုံးသပ်ပါ။ ရှေ့ဆောင်များသည် အခြားသူများအား ကူညီပေးရာတွင်ပါဝင်ခြင်းမှ ပျော်ရွှင်ပြီး အကျိုးခံစားခဲ့ရပုံကို ပြောပြနိုင်သည်။ ကူညီပေးခြင်းခံရသောကြေညာသူများသည် ဤမေတ္တာပါသောပြင်ဆင်ပေးမှုကို သူတို့ မည်သို့တန်ဖိုးထားကြောင်း ပြောပြပြီး ဓမ္မအမှုတွင် သူတို့အား သာ၍ကြီးမားသောအောင်မြင်မှုနှင့် ရွှင်လန်းမှုရရှိရန် ကူညီပေးသောအချက်များကို ဖော်ပြနိုင်သည်။

သီချင်း ၁၇၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၁၄ တွင်စမည့်အပတ်

သီချင်း ၁၆၀

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။

၁၅ မိ– ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း။ ဟောပြောရန်။ နောက်အပတ် စာအုပ်ကြီးသင်တန်းတွင် ဤဘရိုရှာကို ကျွန်ုပ်တို့သုံးသပ်ကြမည်ဖြစ်သည်။ ဘရိုရှာနှင့်အကျွမ်းတဝင်ရှိပြီး ယင်းကို အခြားသူများနှင့် မည်သို့လေ့လာနိုင်ကြောင်းသိရှိရန် ကြိုတင်ပြင်ဆင်ဖို့နှင့် သင်တန်းတိုင်းကိုတက်ကြဖို့ အားလုံးကိုတိုက်တွန်းပါ။ “ဤဘရိုရှာကို အသုံးပြုနည်း” အောက်မှအပိုဒ်ကိုဖတ်ပါ။ ဘရိုရှာပါမေးခွန်းများ၊ ကျမ်းချက်များ၊ ရုပ်ပုံများနှင့် သင်ပေးခြင်း၏အရေးပါမှုကို အလေးအနက်တင်ပြရန် ဇန်နဝါရီ ၁၅၊ ၁၉၉၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၆-၁၇ ပါအကြောင်းအရာကို အသုံးပြုပါ။ စာအုပ်ကြီးသင်တန်းမှူးများသည် စကားများများမပြောခြင်း၊ အပိုအသေးစိတ်အကြောင်းအရာများကို မပြောခြင်းဖြင့် အိမ်တွင်းကျမ်းစာသင်အံမှုကျင်းပသူများအတွက် စံနမူနာကောင်းကိုချမှတ်သင့်သည်။—ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ ဇွန် ၁၉၉၆၊ စာမျက်နှာ ၃၊ အပိုဒ် ၅ ရှု။

၂၀ မိ– ယခင်နှစ်က ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်ခဲ့ကြသနည်း။ အတွင်းရေးမှူးနှင့် လုပ်ငန်းတော်ကြီးကြပ်မှူးသည် ယခင်နှစ်က အသင်းတော်လုပ်ငန်းမှတ်တမ်းနှင့် စည်းဝေးတက်ရောက်သူအရေအတွက်များကို သုံးသပ်ကြသည်။ သူတို့သည် မှတ်တမ်း၏အားရှိဖွယ်ကဏ္ဍများကို ထောက်ပြကာ တိုးတက်နိုင်သည့်ကဏ္ဍရပ်များကို အာရုံစူးစိုက်ကြသည်။ ဩဂုတ်လတွင် ရာနှုန်းပြည့်ပါဝင်ခဲ့ကြသလော။ အကြီးအကဲများသည် မှန်မှန်ကြေညာသူများဖြစ်လာရန် အားလုံးကိုကူညီပေးခြင်းအပါအဝင် လာမည့်လများတွင် မည်သည့်ပန်းတိုင်များကို အာရုံစိုက်ကြမည်ဖြစ်ကြောင်း အကြမ်းဖျင်းဖော်ပြပါ။ တိုက်နယ်ကြီးကြပ်မှူး၏နောက်ဆုံးအစီရင်ခံစာမှ သင့်လျော်သည့်အချက်များကို မျှဝေပါ။

သီချင်း ၁၄၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၂၁ တွင်စမည့်အပတ်

သီချင်း ၁၂၂

၁၀ မိ– ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။

၁၅ မိ– ဒေသလိုအပ်ရာများ။

၂၀ မိ– “သင့်ညီအကိုများကို သိကျွမ်းပါ။” မေးဖြေရန်။ အောက်တိုဘာ ၁၊ ၁၉၈၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၂-၁၃ မှမှတ်ချက်များကိုပါဝင်စေပါ။ တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးကျွမ်းဝင်ရန် အစပြုလုပ်ဆောင်ကြဖို့ အားလုံးကိုတိုက်တွန်းပါ။

သီချင်း ၃၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၂၈ တွင်အစပြုမည့်အပတ်

သီချင်း ၁၇

၁၂ မိ– ဒေသကြေညာချက်များ။ စက်တင်ဘာလုပ်ငန်းတော်မှတ်တမ်းများ ပေးကြရန် အားလုံးကိုနှိုးဆော်ပါ။ မဂ္ဂဇင်းဝေငှရာတွင်တိုးတက်ရန် အောက်တိုဘာ၌ တစ်အိမ်မှတစ်အိမ်လုပ်ငန်းကို ပိုမိုလုပ်ဆောင်ရန်စီစဉ်ကြဖို့ အားလုံးကို တိုက်တွန်းပါ။ တင်ဆက်မှုများကို ပြင်ဆင်ပုံနှင့်စပ်လျဉ်းသည့် အကြံပြုချက်များအတွက် အောက်တိုဘာ ၁၉၉၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၈ ကိုညွှန်းပါ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများဖြင့် ဝေငှပုံကို သရုပ်ပြပါ။ စနေတနင်္ဂနွေလုပ်ငန်းအတွက် မဂ္ဂဇင်းအလုံအလောက်ရယူထားပါ။

၂၀ မိ– “ဦးဆောင်နေသောကြီးကြပ်မှူးများ—လုပ်ငန်းတော်ကြီးကြပ်မှူး။” လုပ်ငန်းတော်ကြီးကြပ်မှူးဟောရန်။ သူသည် မိမိ၏တာဝန်များကိုသုံးသပ်ပြီးနောက် ဒေသန္တရအရ ဓမ္မအမှု၏နယ်ပယ်နှင့်ထိရောက်မှုတွင် တိုးတက်ရန် အသင်းတော်ပူးပေါင်းလုပ်ဆောင်နိုင်သည့် တိကျသောနည်းများကို ရှင်းပြပါ။

၁၃ မိ– မည်သည့်အရာက အသင်းတော်ကြေညာသူကောင်းတစ်ဦး ဖြစ်စေသနည်း။ ပရိသတ်အချို့ကိုပါဝင်စေခြင်းဖြင့် ဟောပြောရန်။ မြင့်မားသောအရည်အသွေး သို့မဟုတ် ပင်ကိုအစွမ်းအစများရှိရန် မလိုပါ; ယင်းအစား အလိုအပ်ဆုံးအရာမှာ ကျွန်ုပ်တို့အားလုံးတွင် မေတ္တာ၊ နှိမ့်ချမှု၊ ဇွဲနှင့် ကျေးဇူးတင်လေးမြတ်မှုတို့ကို ထင်ဟပ်စေသည့် တလိုတလားစိတ်ဓာတ်ရှိခြင်းပင်ဖြစ်သည်။ အောက်ပါတို့ လိုအပ်ရသည့်အကြောင်းရင်းများကို တင်ပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ– (၁) ရွှင်လန်းသောစိတ်ဓာတ် (၂) အစည်းအဝေးများ မှန်မှန်တက်ခြင်းနှင့် ပါဝင်ခြင်း (၃) တာဝန်များကို တလိုတလားလက်ခံထမ်းဆောင်ခြင်း (၄) အကြီးအကဲများနှင့် အသင်းတော်အတွက်ပြုလုပ်သောအစီအစဉ်များကို ပူးပေါင်းလုပ်ဆောင်ခြင်း (၅) အခြားသူများအား ကူညီပေးရာတွင် စိတ်ရင်းမှန်ဖြင့်စိတ်ဝင်စားခြင်းနှင့် (၆) လယ်ကွင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်ခြင်းနှင့် လစဉ်အချိန်မီ မှတ်တမ်းပေးခြင်း။

သီချင်း ၂၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ